လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၅၀၀ ကျော်က မံ မီ အခေါင်း တလားပေါင်း ၁၀၀ခန့် နဲ့ ရွှေရုပ်တု ၄၀ကို တူး ဖော် တွေ့ရှိခဲ့တဲ့ အဖြစ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၅၀၀ ကျော်က မံမီအခေါ င်း တလားပေါင်း ၁၀၀ခန့် နဲ့ ရွှေရုပ်တု ၄၀ကို တူးဖော် တွေ့ရှိခဲ့တဲ့အဖြစ်

အီ ဂျစ် နိုင် ငံ Cairo မြို့ တောင် ပိုင်း ဒေ သ မှာ အ တွင်း ထဲ mummies ရုပ် အလောင်း တွေ ပါဝင် တဲ့ အ ခေါင်း တလားပေါင်း ၁၀၀ ခန့်နှင့် ရွှေဖြင့် ပြုလုပ်ထားတဲ့ ရုပ်တုပေါင်း ၄၀ အား ရှာဖွေ တွေ့ ရှိ ခဲ့ကြ ကြောင်း Daily Mail က ဖော် ပြ ထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၅၀၀ ကျော်လောက်က မြှု ပ်နှံထားခဲ့တဲ့ အဆိုပါ အခေါင်းတလား သို့မဟုတ် Sarcophagi တွေကို Saqqara င်္သချိုင်းမြေနေ ရာ Djoser အဆင့် ပိရမစ်ရှိ ယာယီပြပွဲမှာ ခင်း ကျင်းပြ ထားပါတယ်။

ရှေးဟောင်း သုတေသန ပညာရှင် တွေ က အခေါင်း တလား တွေကို တူးဖော် တွေ့ရှိခဲ့ကြပြီး mummies ရုပ်အလောင်းများ အ တွင်းထဲ ပါရှိနေတာ ကိုလည်း တွေ့ရှိခဲ့ကြ ပါတယ်။

သူတို့က ရုပ်အလောင်း တွေအားလုံးကို ဘယ်လို ထိန်းသိမ်း ထားတာကို သိနိုင်ဖို့ ရှေးခေတ် mummies ရုပ်အလောင်း တွေရဲ့ ဖွဲ့စည်း ပုံကို မြင်တွေ့ရ စေတဲ့ဓာတ်မှန် ရိုက်ခြင်းတွေ ပြုလုပ်ခဲ့ကြ ပါတယ်။

အီဂျစ် ရှေးဟောင်းနှင့် ခရီး သွားလာ ရေးဝန်ကြီး Khaled el-Ananyကအ ဆိုပါ ရှာဖွေတွေ့ရှိ မှုတွေက ဘီစီ၃၂၀မှ ဘီစီ၃၀၀ အထိ အီဂျစ်ကို နှစ်ပေါင်း ၃၀၀ ခန့်နီးပါး အုပ်ချူပ်ခဲ့တဲ့

Ptolemaic မင်းဆက် ခေတ် မှ ဖြစ် ကြောင်း ပြော ကြားခဲ့ပါတယ်။ သူ့ရဲ့အဆိုအရ အဆိုပါ ရှေးဟောင်း ပစ္စည်းတွေကို အီဂျစ်နိုင်ငံ Giza Pyramids အနီးရှိ တည်ဆောက် နေဆဲဖြစ်တဲ့အ ကြီးဆုံး အီဂျစ်ပြတိုက် နဲ့ ကျန် Cairoမြို့ပြတိုက် ၂ခုသို့ ပြောင်းရွေ့သွားမယ် ဖြစ်ကြောင်း သိရ ပါတယ်။ credit

Tags: