အနောက်တိုင်းဆန်ဆန် တည်ကြည် ထက်မြက်တဲ့ Business Woman တစ်ယောက်အဖြစ် အမိုက်စားပုံလေးတွေ​နဲ့ ဝတ်မှုံရွှေရည်

ပရိသတ်တွေတစ်ခါမှမြင်ဖူးသေးတဲ့ အနောက်တိုင်းဆန်ဆန် တည် ကြည် ထက်မြက် တဲ့ Business Woman တစ်ယောက် အ ဖြစ် မိမိုက်လွန်းနေတဲ့ ဝတ်မှုံရွှေရည်

ပရိသတ်တွေချစ်တဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ရုပ်ရည်လေးလဲ လှပချောမောသလောက် အမူအယာလေးကလဲ ပြောစရာလိုအောင် ကောင်းမွန်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေး မှုကို အပြည့်အဝ ရရှိထားတဲ့သူ တစ်ဦးပါ။

ဝတ်မှုံရွှေရည် က ရုပ်ရည် ချောမောရုံ သာမကပဲ သရုပ်ဆောင်တဲ့နေရာမှာလဲ ကျရာ ဇာတ်ရုပ်ကို တိတိ ကျကျ ပီပီ ပြင်ပြင်နဲ့ သရုပ် ဆောင် နိုင်တာကြောင့် အကယ်ဒမီ ဆုကြီး (၂) ဆုကို ထိုက်ထိုက် တန်တန် ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒါ ကြောင့်လဲ ဝတ်မှုံရွှေရည်က အနုပညာ သက်တမ်း (၁၅) နှစ်ကျော်မှာ အောင်မြင် မှု အရှိန် အဟုန် က လုံးဝ ကျဆင်း မသွားပဲ ပရိသတ်တွေရဲ့ အားပေးမှုကိုသာ ဆတိုးရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အနုပညာ သက်တမ်း ဆယ်စုနှစ် ကျော်မှာ ပရိသတ်တွေ အတွက် ခံစားမှု ရသမျိုးစုံနဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြခဲ့တဲ့ ဝတ်မှုံရွှေရည်က ဒီတစ်ခါ မှာလည်း မတူညီ တဲ့ ကာရိုက်တာ တစ်ခု အနေနဲ့ ပရိသတ်တွေ ရှေ့မှောက်ကို ရောက်ရှိလာပြန်ပါပြီ။

ဝတ်မှုံရွှေရည်က Metro Brothers ရဲ့ နိုဝင်ဘာ Cover Shoot နဲ့ အနောက်တိုင်း ဆန်ဆန် တည် ကြည် ထက် မြတ် တဲ့ Business woman တစ်ယောက်အသွင် ပရိသတ်ကြီး တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည် ကတော့ ပရိသတ် တွေ တစ်ခါမှ မမြင်တွေ့ ဖူးသေးတဲ့ စတိုင်လ် ၊ ဒီဇိုင်းနဲ့လည်း တစ်သားတည်း အံဝင် ခွင်ကျ ဖြစ်နေပြီး လိုက်ဖက်မှု ရှိနေပြန်တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ အံ့သြစရာကောင်းတဲ့ အမိုက်စားပုံလေးတွေကို သဘောကျ ကြမယ်ထင်ပါတယ်နော်။ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။Source and photo credit :  Metro Brothers’s fb