ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမူများထပ်မံလုပ်ဆောင်ပါက သြစတြေးလျကို စီးပွားရေးအရ တုံ့ပြန်မည်ဖြစ်သည်ဟု တရုတ်သံအရာရှိပြော

ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမူများထပ်မံလုပ်ဆောင်ပါက သြစတြေးလျကို စီးပွားရေးအရ တုံ့ပြန်မည်ဖြစ်သည်ဟု တရုတ်သံအရာရှိပြော

ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမူများထပ်မံလုပ်ဆောင်ပါက သြစတြေးလျကို စီးပွားရေးအရ တုံ့ပြန်မည်ဖြစ်သည်ဟု တရုတ်သံအရာရှိပြော သြစတြေးလျ အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အစပြုရာ သဲလွန်စအတွက် ဖိအားပေးကာ ဆက်လက်စုံစမ်းနေမည်ဆိုပါက စီးပွားရေးအရ တုံ့ပြန်သွားမည်ဖြစ်သည်ဟု တရုတ်သံအရာရှိတစ်ဦးဖြစ်သူ ချန်ဂျင်းရီက သတိပေးလိုက်သည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ လမ်းကြောင်းအား FBI၊ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့က တရားဝင်စုံစမ်းခွင့်ရရှိရန် ဖိအားပေးနေပြီး အခြားသောနည်းလမ်း များဖြင့်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။ သို့သော် တရုတ်သည် တရားဝင် စုံစမ်းခွင့် ရရှိရန်အတွက် ဖိအားပေးလာပါက သြစတြေးလျအနေဖြင့်

စီးပွားရေးအခွင့်အလမ်းနှင့် ခရီးသွားလာ လည်ပတ်ခွင့်များကို ဆုံးရှုံးရနိုင်သည်ဟု ပထမဆုံး သတိပေးခြင်းဖြစ်သည်။ ”ကိုရိုနာဗိုင်းရပ်စ်ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရင်ဆိုင်နေရပြီး အကျပ်အတည်းကျရောက်နေချိန်မှာ သံသယကွင်းဆက်တွေကို စစ်ဆေး မယ်၊ ရာဇဝတ်မှုတစ်ခုလို လုပ်ဆောင်မယ်ဆိုတာကိုတော့ လက်မခံနိုင်ပါဘူး” ဟု

သံအရာရှိ ချန်ဂျင်းရီက ပြောဆိုသွားခဲ့သည်။ ထို့အပြင် ယခုကဲ့သို့ သတိပေးခြင်းကို ဂရုမစိုက်ဘဲ ဆက်လက် လုပ်ဆောင်မည်ဆိုပါက သြစတြေးလျအနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေသော အမဲသားနှင့် ဝိုင်များ တင်ပို့ခွင့်ကို ဆုံးရှုံးရနိုင်ပြီး အလည်အပတ်ခရီးစဉ်များကိုလည်း တားဆီးသွားမည်ဟု တရုတ်ဘက်က သတင်းထုတ် ပြန်ထားသည်။

တစ်ဆက်တည်းမှာပင် ကျောင်းသားကျောင်းသူများ ပညာတော်သင် လာရောက်ခွင့်ကိုလည်း တားဆီးပိတ်ပင်သွားမည်ဖြစ် သည်ဟု သိရသည်။ သို့သော် သြစတြေးလျနိုင်ငံ ကျန်းမာရေးဝန်ကြီး ဂရက်ဟန့်ကမူ ကိုရိုနာဗိုင်းရပ်စ်အား တရားဝင် စုံစမ်းလိုနေသည့် ကိစ္စမှာ သြစတြေးလျနိုင်ငံတစ်ခုတည်းသာ အလိုရှိနေသည့် အကြောင်းအရာမျိုးမဟုတ်ဘဲ

တစ်ကမ္ဘာလုံး စိတ်ဝင်စားနေသည့် အကြောင်း အရင်းဖြစ်သည်ဟု တုံ့ပြန်သွားခဲ့သည်။ ”မရှင်းလင်း မပြတ်သားတဲ့ အကြောင်းတရားတွေရဲ့ အောက်မှာ လူပေါင်း ၂၀ဝဝဝ၀ ကျော်က သေဆုံးခဲ့ပြီး ၃ သန်းနီးပါးက ကူးစက်ခံထားရပါတယ်။ ဒီရောဂါက ကမ္ဘာလုံးအတိုင်းအတာနဲ့ဖြစ်နေတာ ဖြစ်ပြီး ကပ်ရောဂါလည်းဖြစ်နေ ပါတယ်။

အဲဒါက ဘယ်လိုဖြစ်ပြီး ဘယ်လို ဒုက္ခပေးတယ်ဆိုတာကိုလည်း ဆန်းစစ်ဖို့ အခြေအနေမရှိပါဘူး။ ဒီအဆင့်ကို ကျော်ဖြတ်ဖို့အတွက် စိတ်ဝင်စားနေတာဟာ သြစတြေးလျတစ်နိုင်ငံတည်း မဟုတ်ပါဘူး။ ဘုံရည်မှန်းချက်အဖြစ် စိတ်ဝင်စားနေကြတာပါ” ဟု ဂရက်ဟန့်က ပြောဆိုသွားခဲ့သည်။ တရုတ်မှ ကျောင်းသားများ ပညာသင်ကြားခွင့်

ပိတ်ပင်တားဆီးခံရပါက သြစတြေးလျ နိုင်ငံအနေဖြင့် ဝင်ငွေများစွာ နစ်နာဖွယ်ရှိနေသည်ဟုလည်း သိရသည်။ လေးစားစွာဖြင့်ခရစ်ဒက် — Chorus News