မွေးရာပါ နှလုံးရောဂါရှိတဲ့အပြင် ငယ်စဉ်က မိဘနဲ့အတူမနေရပဲ ရုန်းကန်ခဲ့ရတဲ့ ခါးသီးတဲ့ ဘဝအခြေအနေကို ရင်ဖွင့်လာတဲ့ ထက်ထက်မိုးဦး

မွေးရာပါ နှလုံးရောဂါရှိတဲ့အပြင် ငယ်စဉ်က မိဘနဲ့အတူမနေရပဲ ရုန်းကန်ခဲ့ရတဲ့ ခါးသီးတဲ့ ဘဝအခြေအနေကို ရင်ဖွင့်လာတဲ့ ထက်ထက်မိုးဦး

ထက်ထက်မိုးဦးကတော့ နှစ်ပေါင်းများစွာ ပရိတ်သတ်တွေ ချစ်ခင်အားပေးမှုကို သိမ်းပိုက်ထား နိုင် ခဲ့တဲ့ မင်းသမီး တဦး ဖြစ် သ လို အနုပညာလောကထဲကို ပြန်လည် ဝင်ရောက် လာတဲ့အခါမှာလည်း အားလုံးရဲ့ ချစ်ခင်မှုကိုအရင်အတိုင်း ပြန်လည်ရရှိခဲ့ပြီး ထူးခြားတဲ့ လူချစ်လူခင်မှုစန်းကို ပိုင်ဆိုင်ထားသူပါ။

လက်ရှိ မှာတော့ တန်ဖိုးကြီး လက်ဝတ် ရတနာ များ ကား များကိုသာမက အခြား ပစ္စည်းများ ကိုလည်း လူမှုကွန်ရက်ကနေ တဆင့် Live လွှင့်ကာ ရောင်းချနေတာပဲ ဖြစ်ပါတယ်။ ငယ်စဉ်က ကြော်ညာ မင်းသမီးတဦး ဖြစ်တဲ့ မထက်ကတော့ အခုချိန်မှာလည်း သူမရောင်းချတဲ့ပစ္စည်းများကို အချိန်တိုအတွင်းရောင်းထွက်နိုင်အောင် ပြောဆို ရောင်းချ နိုင် တဲ့ သူပါ ။ အခုလို အောင်မြင်မှု များစွာ ကို ပိုင်ဆိုင်ထားတဲ့ မထက်ကတော့ ငယ်စဉ်က ဖြတ်သန်းခဲ့ရတဲ့ လော ကဓံအကြောင်းကို အခုလိုပဲ ရင်ဖွင့်ခဲ့ပါတယ်။

မထက်ပြောခဲ့တာကတော့ ” ထက် ငယ်ငယ်ကတည်းက အမေမရှိခဲ့သလိုအဖေနဲ့လည်း တူတူမနေခဲ့ရဘူး။မိဘနဲ့လည်း မနေရ၊သူမျာ တွေဆီ လိုက်နေခဲ့ရပါတယ်။မွေးရာပါ နှလုံးရောဂါရှိပေမဲ့ငွေကြေးမတတ်နိုင်လို့ မကုနိုင်ခဲ့ဘူး။ ပညာ အရမ်းတတ်ချင် ပေမဲ့ ကျောင်းဆက် မတက် နိုင်ခဲ့ဘူး ။ အသက် ဆယ့်ခြောက် နှစ် မှာ မင်းသမီးစလုပ်တဲ့ အချိန် အကုန်လုံးကို စွန့်လွှတ်ခဲ့ ရတယ် ။ မွေးရပ်ဇာတိ၊ ဆွေမျိုးတွေကို စွန့်လွှတ်ပြီး ရန်ကုန်မှာ တစ်ယောက်တည်း လာနေခဲ့ရတယ်။ ရန်ကုန်မြို့ကြီးမှာ အားလုံးကို စွန့်လွှတ်ပြီးနေလာခဲ့တာ ခုဆို ၃၆ နှစ်ရှိခဲ့ပြီ။

ဘဝဆိုတဲ့ စာလုံးနှစ်ခုကြားမှာ တော်တော် ခက်ခဲခဲ့ရတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ပဲရှိတဲ့ အတွက် အားငယ်တာ၊ စိတ်ညစ်တာတွေ၊ အလိမ်ခံရတာတွေ အများကြီးကြုံခဲ့ရ ပါတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ပဲ ရှိနေခဲ့တာမို့ အမြဲတမ်း လဲကျတိုင်း ချစ်ရသူတွေ အားတွေနဲ့ပဲ အမြဲပြန်ထခဲ့ရတယ်။” ဆိုကာ သူမ ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ပြောပြခဲ့တာပါ။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတနော်။ source: SanKyiPar