မုန့်ဟင်းခါး ပွဲ ၆၀ မှာ ချင်လို့ ဆိုပြီး ပိုက်ဆံ လိမ်လည် တောင်းခံလိုက်ရတဲ့ ဇာတ်ပို့ သရုပ်ဆောင် အေးသီတာ

မုန့်ဟင်းခါး ပွဲ ၆၀ မှာ ချင်လို့ ဆိုပြီး ပိုက်ဆံ လိမ်လည် တောင်းခံလိုက်ရတဲ့ ဇာတ်ပို့ သရုပ်ဆောင် အေးသီတာ

ရုပ်ရှင်ဇာတ်ကား တော်တော် များများမှာ ဇာတ်ပို့ သရုပ်ဆောင်အ ဖြစ် အေးသီတာကတော့ ကိုဗစ်ကာလမှာ မုန့်ဟင်းခါး အော်ဒါများကို ရောင်းချနေခဲ့တာပါ ။ လတ် တလော မှာ တော့ မုန့်ဟင်းခါး ပွဲ ၆၀မှာချင်လို့ဆိုပြီး ဆက်သွယ်လာခဲ့တဲ့ သူတစ်ယောက်အကြောင်းကို ပြောပြလာ ပါတယ် ။

ဖုန်းဆက်ပြီး အစ်မရေ အလှူလေး တစ်ခု ထည့်ပေး ပါဦး ဆိုတော့ အေးသီတာက ချက်ချင်းပဲ ၁သောင်းလှူမယ်လို့ ပြောလိုက်မိတယ် လို့ ဆိုပါတယ် ။ အဲ့လိုနဲ့ ပွဲ ၆၀ အတွက် လိပ်စာကို ပို့ပေးပါဆိုတာ ဟင်းချက်တဲ့နေ့ အထိ မပို့လာတဲ့ အပြင် ဖုန်းလဲဆက်မရနဲ့ဆိုတော့ မယူဖြစ်ဘူးလို့ ထင်ပြီး သွားမပို့ဘဲ ထားခဲ့ပေမယ့် နောက်ရက်ကျတော့ ဖုန်းထပ်လာပြီး သူစိုက်ထားတဲ့ အလှူငွေ တစ်သောင်းကို လွှဲပေးပါ ဆိုပြီး ပြောလာခဲ့တယ်လို့ ပြောပါတယ် ။

ဒါ့ကြောင့် အေးသီတာက ” ညီမကို လှူတယ်ဆိုတာက မုန့်ဟင်းခါးလာပို့ရင်းနဲ့ ရတဲ့ ပိုက်ဆံထဲက လှူမယ်လို့ ပြောထားတာလေလို့ အဲ့လို ဆိုလဲ မုန့်ဟင်းခါး မှာတဲ့ ပွဲ ၆၀ ဖိုး လွှဲလိုက် လွှဲတဲ့ ထဲက တစ်သောင်း ဖြတ်ယူ လိုက်လေ ဆိုလည်း မရဘူး ၊ အဖွဲ့အစည်းနဲ့ လုပ်ထားမို့ အဲ့လိုလဲ မရဘူးလို့ ပြန်ပြောလာတဲ့ အတွက် ခင်ပွန်းဖြစ်သူက ” ဘာအကြောင်းနဲ့ ဖြစ်ဖြစ် ငွေလွှဲ မပေးနိုင်းဘူး ” လို့ ဖုန်းယူပြောမှ ရပ်သွားတော့ တယ်လို့ သူမရဲ့ အတွေ့ အကြုံ လေးကို ပရိ သတ်တွေကို မျှဝေ ပေးလာခဲ့ပါတယ်။

အေးသီတာက သူမဟာ ချမ်းသာ တဲ့ အထဲလည်း မပါတဲ့ အတွက် ပိုက်ဆံမရှိရင် ရိုးရိုးသားသား တောင်းပါ သူမ တတ်နိုင်သလောက် ကူညီ ပါ့မယ် လူ အချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ .. လို့လည်း လူလိမ်တွေကိုရေးသားဖော်ပြခဲ့ပါသေးတယ် ။ ပရိသတ်ကြီးလည်း အခုလို အလိမ်အညာတွေ နဲ့ မကြုံရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။Source :Aye Thida

Add a Comment

Your email address will not be published. Required fields are marked *