လွန်ခဲ့တဲ့ အနှစ် (၂၀) က Acid ၊ R ဇာနည် တို့ နဲ့ တောင်ကြီးမြို့ပေါ်က အမှတ်တရ တွေကို ပြန်လည် ပြောပြလာတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်

လွန်ခဲ့တဲ့ အနှစ် (၂၀) က Acid၊ R ဇာနည် တို့ နဲ့ တောင်ကြီးမြို့ပေါ်က အမှတ်တရ တွေကို မနေ့တစ်နေ့က အ ဖြစ် တစ်ခု အတိုင်း ပြန်လည် ပြောပြလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

တောင်ကြီးသားလေး စိုင်းစိုင်းခမ်းလှိုင် ကတော့ အနုပညာလောကထဲကို မထင် မရှားလေးနဲ့ ဝင်ရောက်လာခဲ့ရာမှ အခုဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်မှုတွေကို ရရှိ ပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင် က (၁၉၉၈) ခုနှစ် ပတ်ဝန်းကျင်မှာ ဂီတလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိတိုင် အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်က လွန်ခဲ့တဲ့အနှစ် (၂၀) အဆိုတော်မဖြစ်ခင်ကAcid၊ R ဇာနည်တို့နဲ့ အမှတ်တရတွေကို မနေ့တစ်နေ့ က အဖြစ် အပျက် တစ်ခု အတိုင်း ပြန်လည် အမှတ်တရနဲ့ ပြောပြလာတာကိုတွေ့ရပါတယ်။ “အချိန်ကာလအားဖြင့် ကျနော်တို့ အား လုံး အဆိုတော်ဖြစ်ဖို့ တစ်နှစ်အလိုမှာ တောင်ကြီး တန်ဆောင်တိုင် သွားကြတယ် ။ ကျွန်တော်ရယ် အနဂ္ဂရယ် အာဇာနည်ရယ်

အောင်မြတ်ရယ် အနဂ္ဂ အမေက ကျနော် တို့ကို ရထားလက်မှတ် ဝယ်ပေးလိုက်တယ် ရိုးရိုးတန်း ရထားပေါ်မှာ ဂေါ်ဖီထုပ်တွေအပြည့်နဲ့ ကျနော်တို့ တစ်ညလုံး ဂေါ်ဖီထုပ်တွေပေါ် အိပ်ရင်းလိုက်သွားတာ နောက်နေ့နေ့လည်မှ သာစည်ရောက်တယ်။အဲလိုနဲ့ သာစည်ကနေ လိုင်းကားစီးပြီး တောင်ကြီးကိုရောက်ပေါ့။

ရန်ချန်းရယ် သီဟကြီးရယ်ဟိန်းဇော်ရယ်(ဇေယျာသော် ပါသလား မမှတ်မိဘူး ) က Double Cap ကား အနောက် မှာ အမိုးမပါ အကာ မပါနဲ့ လိုက် လာ တယ် ”“တောင် ကြီးမှာ ကျနော် တို့ အိမ် ကားဂိုဒေါင် အ ပေါ် မှာ စုပြီး အိပ်ကြတယ် အုတ်ကန်ထဲကရေခပ်ချိုးရတာ ရန်ချန်းက ငါ့ခေါင်းပေါ် အပ်တွေလောင်းချသလိုပဲတဲ့။

အဲ့နှစ်က ကျောက်တိုင် ကွင်းမှာ Emperor တီးတာ အနဂ္ဂက ဦးညီထွဋ် သီချင်းမှာ Rap တစ်ပိုဒ် ဝင်ဆိုတာ ကျွန် တော် လည်း ငေးမောအားကျ ။ မီးပုံးပျံပွဲက စက်မှုကွင်းမှာလုပ်တာ နောက်ရက်ကျတော့ မသီရိဂျေမောင်မောင် က IC နဲ့ အဲ့ မှာ ဆိုတယ် ကျနော်လည်း မသီရိနဲ့ Featuring ကပ်ဆိုရတယ်။ ပျော်လိုက်တာ။

နေ့ လည် ဆို တောင် ကြီး တက္ကသိုလ် က သူ ငယ် ချင်း တွေ နဲ့ canteen သွားထိုင် ညဆို တစ်ညလုံး ပွဲခင်းထဲပတ် အနဂ္ဂက ပိုအေးအောင်လို့ ဆိုပြီး တီရှပ်နဲ့ လျှောက်သွားနေတာ။ တောင်ကြီးမှာဘယ်နှစ်ရက်နေခဲ့လည်း မမှတ်မိဘူး ၅ ရက်လား တစ်ပတ်လား ဒါပေမဲ့ ဒီခရီးစဉ်က တကယ့်ကို အမှတ်တရပဲ ”“ရန်ကုန်အပြန်မှာ ဒေသထွက် ဟင်းသီး ဟင်းရွက် တွေ သယ်လာတာ လည်း မှတ်မိတယ်။

ဒီနှစ် ACID နှစ် ၂၀ ပြည့်ပြီတဲ့။ ဒါဆို ကျွန်တော့် ချောကလက်ရောင်ရေခဲအိမ်မက် ထွက်တာလည်း နှစ် ၂၀ ပြည့်ပြီ Radio က အနှစ် ၂၀ တေးများ ဆို တဲ့ အ စီ အစဉ်မှာ ပါလို့ ရသွားပြီ ။ ဒီစာလေး က နှစ် ၂၀ ပြည့် Acid Rဇာနည် ကျွန်တော် နဲ့ တောင်ကြီး အမှတ်တရ ပေါ့ဗျာ” ဆိုပြီး ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး လည်း သာယာ ပျော်ရွှင် တဲ့ နေ့လေး တစ်နေ့ ကို ပိုင်ဆိုင် နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။ Source: Sai Sai Kham Leng’s fb