ကိုဗစ်ကာလ အတွင်း ပရိသတ်ကို နှုတ်ဆက် ထွက်ခွာသွားခဲ့ကြတဲ့ အနုပညာရှင်များ

ကိုဗစ်ကာလ အတွင်း ပရိသတ်ကို နှုတ်ဆက် ထွက်ခွာသွားခဲ့ကြတဲ့ အနုပညာရှင်များ

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ လယ်လောက် ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် ကပ်ရောဂါ ကြီးဟာ တစ်ကမ္ဘာလုံး စိတ် ဒုက္ခ ရောက် ခဲ့ရသလို မြန်မာနိုင်ငံက အနုပညာရှင်တွေကို အားပေး ချစ်ခင်ကြတဲ့ပရိသတ်တွေ အတွက်လည်း ဆုံးရှုံးမှုများခဲ့တဲ့ နှစ်တစ်နှစ်ပါ။

(၂၀၂၀) ခုနှစ် ကိုဗစ်ကာလအတွင်း ပရိသတ်ကိုနှုတ်ဆက်သွားကြတဲ့ အနုပညာရှင်တွေကတော့

ဦးဇင်းကိတ္ထိသာရ

ခေတ်တစ်ခေတ်ရဲ့ အအောင်မြင်ခဲ့ဆုံး မင်းသားတစ်လက်လို့ ပြော ရမယ့် သ ဘာ ဝ မင်းသားကြီး ဦးကျော်ဟိန်း က တော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲကို အောင်မြင်မှု တွေ ကို သိမ်းပိုက် ခဲ့ တဲ့ သူ ဖြစ်ပေမယ့် သံသရာ အရေး အတွက် (၂၀၀၈) ခုနှစ် က စပြီး ဘုန်းကြီးဝတ်နဲ့ တရားအားထုတ်ခဲ့သူပါ။ဦးကျော်ဟိန်း ဟာ ဦးဇင်းကိတ္ထိသာရ ဘဝနဲ့သက်တော် (၇၃) နှစ်မှာပဲ

သြစတေးလျနိုင်ငံ၊ ကမ်ဘာရာမြို့မှာ ပျံလွန်တော်မူ ခဲ့တာ ဖြစ်ပြီး တူဖြစ်သူ ဒွေး ကွယ်လွန် ခဲ့တဲ့ နေ့ (၁၃) နှစ်တိတိ ပြည့်တဲ့ နေ့ မှာ တိုက်တိုက်ဆိုင်ဆိုင် နှုတ်ဆက်သွားခဲ့တာပါ။

ဟာသသရုပ်ဆောင် ဦးမန်းဝင်း

နှစ်ပေါင်း များစွာ ဟာသ လူရွှင်တော် ၊ ဟာသ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်ရဲ့ ဘဝ အမောတွေကို ဖြေဖျောက် ပေးခဲ့တဲ့ ဦးမန်းဝင်း ကတော့ (၂၀၂၀) နှစ်ဦးပိုင်း လောက် က တည်းက ရုတ်တရက် နှလုံး ရပ်ကာ ဆေးရုံ တင်ခဲ့ ရ တဲ့ အထိ ကျန်းမာရေးအခြေ အနေ ချို့ယွင်းခဲ့တာ ဖြစ်ပြီး ဇူလိုင်လ(၁၃) ရက်နေ့ မနက်မှာတော့ ပရိသတ်ကို အပြီး အပိုင် နှုတ်ဆက်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် မီးမီးခဲ

နှစ်ပေါင်း များစွာ ပရိသတ် တွေ ရဲ့ ပါးစပ် ဖျားမှာ ရေပန်း စားတဲ့ သီချင်း များစွာကို သီဆိုခဲ့တဲ့ တေးသံရှင် မီးမီးခဲကတော့ ကင်ဆာရောဂါကို နှစ်ရှည်လ များစွာ ခံစားခဲ့ရသူဖြစ်ပြီး အောက်တိုဘာလ (၁၆) ရက်နေ့မှာပဲ သူမနေထိုင်ရာ သြစတေးလျနိုင်ငံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ် ။ မကွယ်လွန်ခင် နောက်ဆုံးအနေနဲ့ မြန်မာ နိုင်ငံမှာ တစ်ကိုယ်တော် ရှိုးပွဲတစ်ပွဲ ပြုလုပ်နိုင်ခဲ့ပြီး မီးမီးခဲရဲ့ သေ ဆုံးမှုဟာ သီချင်း ချစ်သူတွေ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်ခဲ့ပါတယ်။

တေးသံရှင်ရန်ပိုင်စိုး

မြန်မာ သံတေး သီချင်း အဆိုတော် တစ်ယောက် ဖြစ်သူ ရန်ပိုင်စိုးကတော့ ဆိုကြမယ်ပျော်ကြမယ် အစီအစဉ်ကနေတဆင့် ပရိသတ်နဲ့ ရင်းနှီးမှု ရှိခဲ့တဲ့ သူတစ်ယောက် ဖြစ်တဲ့အပြင် မင်္ဂလာ အခမ်းအ နားမှူး ၊ အစီအစဉ်မှူး တစ်ယောက် အဖြစ်နဲ့ နှစ်ပေါင်း များစွာ ပရိ သတ်နဲ့ ထိတွေ့ခဲ့သူတစ်ယောက်ပါ။ ကိုဗစ်ဒုတိယလှိုင်းမှာပဲ ပိုးကူးစက်ခံခဲ့ရပြီး ပြီးခဲ့တဲ့ အောက်တိုဘာ (၂၁) ရက်နေ့က ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။

ဦးကြည်စိုး(IC)

သရုပ်ဆောင် ဦးကြည်စိုး ကတော့ မြန်မာရုပ်ရှင်၊ ဗွီဒီယိုဇာတ်ကားတွေမှာ ဆရာဝန်၊လုပ်ငန်းရှင် စတဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်နဲ့ရင်းနှီးခဲ့သူ တစ်ယောက်ပါ။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါ ပိုးကူးစက် ခံခဲ့ ရပြီး ပြီး ခဲ့တဲ့ အောက်တိုဘာလ (၃၀) ရက်နေ့ သူ့အသက် (၇၂) နှစ်မှာပဲ ဆုံးပါးသွားခဲ့တာပါ ။ သရုပ်ဆောင်အလုပ်သာမက အိမ်ခြံမြေ သင်တန်း ပို့ချသူ တစ်ယောက် အနေနဲ့ပါ ဘဝကို ဖြတ်သန်းခဲ့ပါတယ်။

ဂျာရစ်

ဂျာရစ် ကတော့ မြန်မာဗွီဒီယို ဇာတ်ကား ချစ်သူတွေရဲ့ အားပေးမှုအပြည့်အဝ ရထားတဲ့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်ပါ။ နေထူးနိုင်ရဲ့ ဇာတ်ကားတွေမှာ အများဆုံး တွေ့ရသလို ဂျာရစ်မရှိတော့တာ ကတော့ နေထူးနိုင် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေခဲ့မှာ အမှန်ပါပဲ။ သူကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ(၇) ရက်နေ့မှာပဲ အသည်းရောဂါနဲ့ ဆုံးပါးခဲ့တာ ဖြစ်ပြီး စိတ်ကောင်းရှိပြီး အများကို ကူညီတတ်သူ တစ်ယောက်မို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပရိသတ်ပါ များစွာ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။

ယခုနှစ် အတွင်း ဆုံးပါးသွားကြတဲ့ အနုပညာရှင်တွေထဲမှာ အချိန် တန်လို့ နှုတ်ဆက်ခဲ့ရသူတွေ ရှိသလို အချိန်မတန်သေးဘဲ ချစ်ရတဲ့ပရိသတ်ကို နှုတ်ဆက်ခဲ့ရ သူတွေလည်း ပါဝင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူချစ် အနုပညာရှင် တွေ အနေနဲ့ ပရိသတ် တွေရဲ့ နှ လုံးသား တစ်ထောင့်တစ်နေရာမှာ အမြဲရှိနေဦးမှာ ကတော့ အသေ အချာပါပဲ။ source – Cele Gabar