ဘဝရဲ့ မှတ်တိုင် တစ်ခု ဖြစ်တဲ့ “ရွှေမင်းသမီး” ရုပ်ရှင်ဇာတ်ကားကြီးအတွက် သရုပ်ဆောင်ခဲ့တဲ့အကြောင်း အမှတ်တရ ပြေပြလာတဲ့ စိုးပြည့်သဇင်

ဘဝရဲ့ မှတ်တိုင် တစ်ခု ဖြစ်တဲ့ “ရွှေမင်းသမီး” ရုပ်ရှင်ဇာတ်ကားကြီးအတွက် စိတ်ကိုအဆုံးထိ လျှော့ချပြီး သရုပ်ဆောင်ခဲ့ကြောင်း အမှတ်တရ ပြောလာတဲ့ စိုးပြည့်သဇင်

ချိုသာတဲ့ အပြုံးလေး တွေ နဲ့ မြင် ရ သူ ရင် ကို အေးချမ်း စေတဲ့ စိုးပြည့်သဇင် ကတော့ လူငယ် ပေမယ့် အနုပညာ အရည် အချင်းမှာတော့ ဝါရင့်သူ တစ်ယောက် ဆိုရင်လည်း မမှားပါဘူး။

စိုးပြည့်သဇင် လေး က တော့ အနုပညာ သက် တမ်း ဆယ် စု နှစ်ကျော် အတွင်းမှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုရရှိပိုင်ဆိုင်ထားတဲ့ အကယ်ဒမီဆုရှင် မင်းသမီးတစ်ယောက်လဲ ဖြစ်ပါတယ်။

စိုးပြည့်သဇင် ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်ခဲ့ ပေမယ့် သူမရဲ့ အပြင်ပုံစံကတော့ အရမ်းကို ရိုးရှင်းပြီး အေးဆေးလှတာပဲ ဖြစ်ပါတယ်။

စိုးပြည့်သဇင် က ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာ ရုံတင် ပြသခဲ့တဲ့ “ရွှေမင်းသမီး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပက်သတ်ပြီး အမှတ်တရအချို့ကို ပြောလာပါတယ်။

“ရွှေမင်းသမီး….❤️ ကျွန်မဘဝရဲ့ စိန်ခေါ်မှု…အဲ့လို ပြောလို့ရပါတယ်။ လုပ်နေကြ ဇာတ်ရုပ် မဟုတ်ခဲ့တဲ့အတွက် စိတ်ရောလူပါနှစ်ပြီး အားစိုက်ခဲ့ရတဲ့ရုပ်ရှင်တစ်ကား။ ကျွန်မသိပ်ပင်ပန်းခဲ့ရတဲ့ကားပါ။ ကျွန်မ မျက်နှာမှာ အရောင်များစွာ ပြေးဖို့ ခြယ်သမျှ အရောင်တွေ ထင်လာစေဖို့ စိတ်ကို အဆုံးထိလျှော့ပြီးကြိုးစားခဲ့ရပါတယ်” ဆိုပြီး သူမရဲ့ အမှတ်တရလေးကို ပြောပြလာပါတယ်။

စိုးပြည့်သဇင် ကြိုးစားခဲ့သလိုပဲ “ရွှေမင်းသမီး” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ် တွေ မမြင်ဖူး သေး တဲ့ သ ရုပ် ဆောင် မှု တွေ နဲ့ အားပေးမှုတွေ အများ အပြား ရရှိခဲ့ တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုးပြည့်ရဲ့ “ရွှေမင်းသမီး” ရုပ်ရှင် ဇာတ် ကား ကြီး ကို ကြည့် ဖူးကြလား ပြောပြခဲ့ ပါဦးနော်။ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ဆု တောင်းပေးလိုက် ပါတယ်။ Source : Soe Pyae Thazin’s fb