Utah ပြည်နယ် ကန္တာရ ထဲတွင် အမျိုး အမည် မသိ သတ္တုပြားကြီးတစ်ခု စိုက်ထူထားခြင်း တွေ့ရှိ

Utah ပြည်နယ် ကန္တာရ ထဲတွင် အမျိုး အမည် မသိ သတ္တုပြားကြီးတစ်ခု စိုက်ထူထားခြင်း တွေ့ရှိ

အမေရိကန်ပြည်ထောင်စု အများပြည်သူလုံခြံရေးကို လေကြောင်းမှ စောင့်ကြည့်ရေးဗျူရိုမှ အရာရှိ များသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က Utahပြည်နယ်အတွင်း ရဟတ်ယာဉ်ဖြင့် လှည့်လည်စစ်ဆေးစဉ် ပြည်နယ် အရှေ့တောင်ဖက် ယွန်းယွန်း တစ် နေရာ ကန္တာရထဲဝယ် ပြောင် လက် နေသော သတ္တပြားကြီး တစ်ခု ကို ထောင်လိုက် စိုက်ထူထားခြင်းအား တွေ့ရှိခဲ့သည်။

အဆိုပါ အရာရှိ များသည် ပြည်နယ် အတွင်းရှိ သိုးများအပါအဝင် သ ဘာ ဝ တော ရိုင်း တိရိစ္ဆာန် အ ရင်း အ မြစ် များ ကို ကူ ညီစောင့် ရှောက်ရန် လှည့်လည် စစ်ဆေးရင်း ထိုသို့ တွေ့ရှိခဲ့ခြင်းဖြစ် သည်။”ရဟတ်ယာဉ်နဲ့ လှည့်လည် ကြည့် ရှု ရင်း ကျွန်တော်တို့ အ ထဲက ဇီဝဗေဒ ပ ညာ ရှင် တစ် ယောက် က အဲ ဒါ ကို တွေ့ လိုက် တာပါ။ အာကာသ သိပ္ပံ ရုပ်ရှင် ဇာတ်ကား 2001: A Space Odyssey ထဲမှာ ပါခဲ့သလို ဖြစ်နေ ပါတယ်”ဟု အရာရှိတစ်ဦးကပြောသည်။

ကန္တာရ အတွင်း လူသူ နေ ထိုင်ခြင်း မရှိသော အနီရောင် ကျောက်တောင်များ အလယ် မြေပြင် ပေါ်တွင် ပြောင်လက်နေသော သတ္တုပြားကြီး တစ်ခုကို စိုက်ထူထားခြင်း ဖြစ်ကာ၊ ယင်း သတ္တုပြားကြီးသည် ၁၀ ပေမှ ၁၂ ခန့်ရှည်မည်ဟု သူတို့ကပြောသည်။ သို့ရာတွင် ယင်းသတ္တုအမျိုးအစားနှင့် မည်သူက စိုက်ထူသွားသည်ဆိုခြင်းကို ရှင်းလင်းစွာမသိရသေးချေ။

မည်သို့ပင် ဆိုစေကာမူ ယခုသတ္တုပြားကြီးသည် တရားမဝင် လာရောက် စိုက်ထူထားခြင်းသာဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတို့ကပြောသည်။ “ဘယ်ဂြိုဟ်ကပဲလာလာ၊ ဘယ်သူကပဲ လာစိုက်ထားထား ဒါဟာ တရားမဝင် စိုက်ထူ ထားတာပဲ ဖြစ်ပါတယ်” ဟု အများပြည် သူလုံခြံရေးကို လေကြောင်းမှ စောင့်ကြည့်ရေး ဗျူရိုမှ သတင်း ထုတ်ပြန် ချက်တွင် ရေးသား ထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးရန်လိုမလိုကို ဆုံးဖြတ်သွားကြမည် ဖြစ်ကြောင်းသိရသည် ။ Source: CNN

Tags:

Add a Comment

Your email address will not be published. Required fields are marked *