သူထုတ် ထားတဲ့ တီရှပ် အင်္ကျီလေးနဲ့ အထာကျ နေတဲ့ နန်းမြတ်ဖြိုးသင်းရဲ့ သားလေး ဂျက်ဂျက် ကို ကြည့်ပြီး အရည်ပျော်သွားခဲ့တယ် ဆိုတဲ့ ဘန်နီဖြိုး

သူထုတ် ထားတဲ့ တီရှပ် အင်္ကျီလေးနဲ့ အထာကျ မိမိုက် နေတဲ့ နန်းမြတ်ဖြိုးသင်းရဲ့သားလေး ဂျက်ဂျက်ကိုကြည့်ပြီး အရည်ပျော်သွားခဲ့တယ်ဆိုတဲ့ ဘန်နီဖြိုး

လူငယ်ကြိုက် တေးသံရှင် တစ်ယောက် ဖြစ်တဲ့ ဘန်နီဖြိုး ကတော့ အွန်လိုင်းပေါ်က သီချင်းလေး တွေနဲ့ ပရိသတ် တွေရဲံ အားပေးမှုကို ရရှိခဲ့ပြီး အခုဆိုရင် နိုင်ငံကျော် အဆိုတော် တစ်ယောက်ဖြစ်လို့ နေပြီ ဖြစ်ပါတယ်။

ဂီတ သက်တမ်း ဆယ်နှစ်ကျော် အတွင်းမှာ ဘန်နီဖြိုးက ပရိသတ်တွေရဲ့ အားပေး မှု ကို ရ ရှိ ပိုင် ဆိုင် ခဲ့ သလို အောင်မြင်တဲ့ လမ်း ကြောင်းပေါ်မှာ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘန်နီဖြိုးက သူရဲ့ ကိုယ်ပိုင် အမှတ် တံဆိပ် တွေနဲ့ အင်္ကျီ တွေ ကိုလည်း ထုတ်လုပ် ရောင်းချ နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

လက်ရှိ မှာလည်း ဘန်နီဖြိုးက STAR WARS*KARROT ဆိုပြီး အမျိုးအစားသစ်ကို ထုတ်လုပ်ခဲ့ရာ ခင်မင်သူ မိတ်ဆွေတွေကို လက်ဆောင်တွေ ပေးနေတာပဲ ဖြစ်ပါတယ် ။ ဒီတစ်ခါမှာတော့ ဘန်နီဖြိုးက သူ့ရဲ့ သူငယ်ချင်း နန်းမြတ်ဖြိုးသင်း ရဲ့ သားလေးက သူ့ရဲ့ အင်္ကျီလေးကို ဝတ်ပြီး အထာ ကျ ကျ မိမိုက် နေတာကြောင့် “U U Bunny အရည်ပျော်သွားပြီ” လို့တောင် ပြောယူခဲ့ရတာပဲ ဖြစ်ပါတယ်။

ဘန်နီဖြိုးကတော့ ချစ်သူရည်းစားမရှိတဲ့လူပျိုကြီးပီပီ သူငယ်ချင်း တွေရဲ့ သား သမီး တွေကိုပဲ အချစ် ပို နေ ရ တာ ပဲ ဖြစ် ပါတယ်။ ပရိသတ်ကြီးလည်း လူပျိုပေါက် လေးလို မိမိုက်နေတဲ့ နန်းမြတ်ရဲ့သားလေး ဂျက်ဂျက်ကို ကြည့်ပြီး အသည်းယားနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။Source: Bunny Phyoe’s fb

Add a Comment

Your email address will not be published. Required fields are marked *