မြန်မာငွေ ၅ ထောင်ကျော်ပဲ ကျသင့်ပြီး ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးမယ့် ကိုဗစ်ကာကွယ်ဆေး ထွက်ပေါ်လာ

မြန်မာငွေ ၅ ထောင်ကျော်ပဲ ကျသင့်ပြီး ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးမယ့် ကိုဗစ်ကာကွယ်ဆေး ထွက်ပေါ်လာ

မင်္ဂလာ ရှိတဲ့ သတင်းကောင်းပါ ။ အောက်စဖို့ဒ်တက္ကသိုလ်က ဖော် စပ်ခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးက ရောဂါကူး စက်မှုကို ၇၀ ရာ ခိုင်နှုန်း ကာကွယ် ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါပြီ။ စေတနာ့ ဝန်ထမ်း ၂၀၀၀၀ ပါဝင်တဲ့ အကြီး အကျယ် စမ်း သပ် ထိုးနှံ မှု မှာ ဒီရလဒ် ထွက်ပေါ် လာတာပါ။

ဝမ်းသာ စ ရာ ကောင်း တာ က တော့ အောက်စဖို့ဒ် တက္ကသိုလ် ရဲ့ ကာကွယ်ဆေး ဟာ Pfizer နဲ့ Moderna ကာကွယ်ဆေး တွေထက် ဈေးသက်သာရုံတင် မကဘဲ သယ်ယူပို့ဆောင်ဖို့လည်း လွယ်ကူပါတယ်။

Pfizer ကာကွယ်ဆေးက(၁၅) ပေါင်၊ Moderna ကာကွယ် ဆေးက (၂၅) ပေါင်ကုန်ကျ မှာ ဖြစ်ပေမဲ့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ကာကွယ်ဆေးကတော့ (၃) ပေါင် ( မြန်မာငွေ ၅၂၀၀ ကျော်)ပဲ ကျသင့်မှာပါ။

Pfizer ကာကွယ်ဆေ ကို အ ပူ ချိန် (-၇၀) ဒီဂရီ ဆဲလ်စီးယက်၊ Moderna ကာကွယ် ဆေးကို အ ပူ ချိန် (- ၂၀ ) ဒီဂရီ ဆဲလ်စီးယက်မှာ သိုလှောင်ထားဖို့ လိုအပ်ပေမဲ့ အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ ကာကွယ်ဆေး ကိုတော့ ရေခဲသေတ္တာထဲမှာ သိုလှောင် ထားနိုင် ပါတယ်။ အဲ ဒီ အတွက် ကမ္ဘာ့ဘယ်နေရာကို မဆို ပို့ဆောင် နိုင်စွမ်း ရှိပါတယ်။ အဲဒီ ကာကွယ်ဆေး ကို အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ဆေးဝါး ကုမ္ပဏီတို့ ပူးပေါင်း ဖော် စပ် ခဲ့ တာ ပါ ။ ကာကွယ်ဆေးဖော်စပ်ဖို့ အောက်စဖို့ဒ် တက္ကသိုလ်က အသုံး ပြုတဲ့ နည်းပညာဟာ သုံးနေကျနည်းပညာဖြစ်လို့ ဈေး သက်သက် သာသာနဲ့ ကာကွယ် ဆေး အများ အပြား ထုတ်လုပ် နိုင်စွမ်း ရှိပါတယ်။AstraZeneca ဆေးဝါးကုမ္ပဏီကလည်း အမြတ်မယူဘူးလို့ကတိပေးထားပါတယ်။

ဗြိတိန်နဲ့ ဘရာဇီး နိုင်ငံ မှာ စေတနာ့ ဝန် ထမ်း ၂၀၀၀၀ ပါ ဝင် တဲ့ စမ်း သပ် ထိုးနှံမှုတွေ လုပ်ခဲ့တာပါ။ တစ်ဝက်ကို ကာကွယ်ဆေး ၂ ကြိမ် ထိုး နှံ ပေးခဲ့ ပြီး ကျန် တစ် ဝက် ကို တော့ အာနိသင် မဲ့ ကာ ကွယ်ဆေး ထိုးပေးခဲ့ ပါတယ်။ ကာကွယ်ဆေး ထိုးပေးခဲ့သူတွေထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ရသူ အယောက် ၃၀ ပဲ ရှိပြီး အာ နိသင်မဲ့ဆေး ထိုးနှံခံ ခဲ့သူတွေ ထဲမှ ာတော့ ရောဂါ ကူးစက်ခံရသူ ၁၀၁ ယောက် ရှိခဲ့ပါတယ်။

လက်ရှိ ရလဒ်တွေအရ ၇၀ ရာခိုင်နှုန်း ကာကွယ် ပေးနိုင် တယ် ဆိုပေမဲ့ ပထမ အ ကြိမ် ကာ ကွယ် ဆေး ကို တစ်ဝက် ပဲ ထိုးပေးပြီး ဒုတိယ အကြိမ် ကို ကာကွယ်ဆေး အပြည့် ထိုးပေး လိုက်ရင် ၉၀ ရာခိုင်နှုန်းအထိ ကာကွယ် နိုင်စွမ်း ရှိနေတာ ကိုလည်း တွေ့ရှိ ခဲ့ ပါတယ်။ ဒါက တော့ လူ ၃၀၀၀ ကို ထိုးနှံ ပေးပြီး လေ့လာ သုံးသပ်ထားတာပါ။

လက်ရှိရလဒ်တွေ အပေါ် သုံးသပ် ပိုင်းခြားမှုအရ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးကူးစက်ခံရသူ ပမာဏ ကိုလည်း လျော့နည်းသွားစေတယ်လို့ တွေ့ရပါတယ်။ ကာကွယ်ဆေး စမ်းသပ်ထိုးနှံခဲ့သူတွေထဲမှာ ကိုဗစ်-၁၉ ရောဂါ ပြင်းပြင်းထန်ထန် ခံစား ရသူ ဒါမှမဟုတ် ဆေးရုံ တက်ရောက် ကုသမှု ခံယူ ရသူ လည်း မရှိ ပါဘူး။ ဗြိတိန်အစိုးရ ကတော့ အောက်စဖို့ဒ် တက္ကသိုလ် ရဲ့ ကာကွယ် ဆေး အဖုံ သန်း၁၀၀ကြိုတင်မှာယူ ထားပါတယ်။လာ မယ့် နှ စ်မှာ ကာ ကွယ်ဆေးအဖုံ ၃ဘီလျံ အထိထုတ်လုပ်ပေးမယ်လို့ AstraZeneca ဆေးဝါးကုမ္ပဏီက ပြောပါတယ်။

အောက်စဖို့ဒ် တက္ကသိုလ် ရဲ့ ကာ ကွယ် ဆေး ဟာ ချင် ပန် ဇီ တွေ မှာ ဖြစ်ပွားလေ့ ရှိ တဲ့ အအေးမိ ဗိုင်းရပ်စ်ကို မျိုးဗီဇ ပြုပြင်ထားတာပါ။ လူသား တွေကို ကူးစက်မှု မဖြစ် နိုင်စေ ဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပရိုတိန်းစူးချွန်တွေ ဖြစ်ပေါ်စေတဲ့ အစီအမံကို သယ်ဆောင်နိုင်အောင် မျိုးဗီဇပြောင်းလဲထားတာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ထဲကို ရောက်သွားတာနဲ့ အဲဒီ အစီအမံကနေ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပရိုတိန်းစူးချွန်တွေ ဖန်တီးလိုက်တဲ့ အခါ ကိုယ်ခံအားစနစ်က ခြိမ်းခြောက်မှု အန္တရာယ်လို့ မှတ်ယူပြီး ချေမှုန်းပစ်တဲ့ ပုံစံပါ။

အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကာကွယ်ဆေးကို စည်းမျဉ်းထိန်း သိမ်းရေးအဖွဲ့တွေက စစ်ဆေးသုံးသပ် ပြီးလို့ ခွင့်ပြု ချက် ရ ရင် ဗြိတိန်နိုင်ငံမှာ ဆေးအဖုံ၄ သန်း ထိုးနှံပေးဖို့ အသင့်ဖြစ်နေပါပြီ။ အောက်စဖို့ဒ်တက္ကသိုလ်က ဖော်စပ်တဲ့ ကာကွယ်ဆေးရဲ့ ရလဒ်ကြောင့် ကိုဗစ်-၁၉ကပ်ရောဂါကို အဆုံးသတ်ဖို့ နီးစပ် လာပြီ ဆိုတဲ့ မျှော်လင့် ချက်တွေလည်းပိုအားကောင်းလာခဲ့ပါပြီ။credit: Yoyarlay

Tags:

Add a Comment

Your email address will not be published. Required fields are marked *