ဝန်ထမ်းကောင်းတွေရဲ့ကျေးဇူးကြောင့် ပျက်စီးသွားတဲ့ ပန်းစိုက်ခင်းကြီးကို ပြန်လည်အောင်မြင်အောင် ပျိုးထောင်နိုင်ခဲ့ပြီဆိုတဲ့ လွင်မိုး

ဝန်ထမ်းကောင်းတွေရဲ့ ကျေးဇူးကြောင့် ကိုဗစ် 1st Wave မှာ ပျက်စီးသွားတဲ့ ပန်း စိုက်ခင်းကြီးကို ပြန်လည် အောင်မြင်အောင် ပျိုးထောင်နိုင်ခဲ့ပြီ ဆိုတဲ့ လွင်မိုး

မင်းသားကြီး လွင်မိုး ကတော့ တစ် ချိန် က အနုပညာ လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးသူ ပရိသတ် အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

အသက် အရွယ် တစ်ခု ရောက်ရှိ လာချိန် မှာတော့ လွင်မိုးက အနု ပညာ အလုပ်တွေထက် စီးပွားရေးလုပ်ငန်းတွေ ကိုသာ ဦးစားပေးလုပ်ကိုင်နေလျက် ရှိတာပဲ ဖြစ်ပါတယ်။ စီးပွားရေးသမားဖြစ်နေပြီဆိုပေမယ့် လွင်မိုး ကတော့ သူ့ ရဲ့ မိသားစု အတွက် လည်း အချိန်ပေး စောင့်ရှောက်နေသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

ချစ်ဇနီး စိတ်တိုင်းကျ လီလီပန်းခင်းကြီးကို စိုက်ပျိုးထားပြီး လီလီပန်း စိုက် ပျိုး ရောင်း ချ ခြင်း စီးပွား ကို လည်း လုပ်ကိုင် ထားတဲ့ လွင်မိုးက ကိုဗစ် 1st Wave မှာတော့ အချိန်ပေး ဂ ရု စိုက်နိုင်ခြင်း မရှိခဲ့ တာကြောင့် သူ့ရဲ့ လီလီပန်း စိုက်ခင်းကြီး တစ်ခုလုံးစာနီးပါး ပျက်စီးခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ မှာတော့ သူ့ရဲ့ ပန်းစိုက်ခင်းကြီးက မူလအတိုင်း အောင်မြင်နေပြီ ဖြစ်ကြောင်းကို “မရောက်တာ ၄ လ ကျော်ရှိသွားပါပြီ။ တယ်လီဖုန်း နဲ့ပဲ ကလေး တွေကို အားပေးအုပ်ချုပ်နေရတာပါ။ အောင်မြင်မှု ရအောင်ကြိုးစားဆောင်ရွက်ကြတဲ့ ဝန်ထမ်းများအားလုံး အထူးကျေးဇူးတင်ပါသည်” ဆိုပြီး ဝမ်းသာစရာ သတင်း ကောင်းကို မျှဝေပေးလာပါတယ်။

လွင်မိုး ကတော့ ဝန်ထမ်းကောင်းတွေရဲ့ကျေးဇူးကြောင့် သူ့ရဲ့ ပန်းစိုက်ခင်းကြီးကို အရင် အတိုင်း လှလှ ပပ မြင်ခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။Source: Lwin Moe ‘s fb