၁၀ ပေါင်နဲ့ဝယ်ခဲ့တဲ့ လက်စွပ်ရဲ့ တန်ဖိုး အမှန်ကို နှစ် ၃၀ ကျော်ကြာမှ သိလိုက် ရတဲ့ ဝမ်းသာစရာ ဖြစ်ရပ်

၁၀ ပေါင်နဲ့ ဝယ်ခဲ့တဲ့ လက်စွပ်ရဲ့ တန်ဖိုး အမှန်ကို နှစ် ၃၀ ကျော်ကြာမှ သိလိုက် ရတဲ့ ဖြစ်ရပ်

လန်ဒန်မှာ မကြာသေးခင် ကမှ နာမည်ကြီး သွားခဲ့တဲ့ ထူးထူး ခြားခြား ဖြစ်ရပ်လေး တစ်ခု အကြောင်းပါ ။ Debra Goddard အမည် ရှိတဲ့ ၅၅ နှစ် အရွယ် အမျိုးသမီးကြီး တစ်ဦးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လက်စွပ်လေးတစ်ကွင်းကို ပေါချောင်ကောင်း ဈေးနဲ့ ဝယ်ခဲ့မိ ပါတယ် ။ ၁၀ ပေါင်နဲ့ ပေးဝယ်ခဲ့ တာပါ။

သူမရဲ့ မိခင်ကြီးကို ဆွေမျိုး တစ်ယောက် က ငွေလိမ် သွားခဲ့တဲ့အ တွက် ငွေကြေး ကြပ်တည်း လာတဲ့ သူမတို့ ဟာ နှစ်ပေါင်း ၃၃ နှစ်ကြာ သိမ်းထားခဲ့တဲ့ လက်စွပ်ကို ထုတ်ရောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ Debra ဟာ လက်စွပ်ကို ကျောက်မျက် ကုန်သည် တစ်ဦးဆီ ယူ သွားခဲ့ကာ ဈေးဖြတ် ခိုင်းခဲ့ ပါတယ်။

ကလေးအယောက်၂၀ရှိတဲ့ မိဘမဲ့ ဂေဟာကို ဖွင့်ထားတဲ့ ပရဟိတ သမား Debra ကတော့ ထိုအချိန်မှာ အံ့သြစရာကို စကြုံ ခဲ့ရပါတော့တယ် ။ လက်စွပ် က ကျောက်ကြီးဟာ ၂၆.၂၇ ကာရက် စိန်တုံးကြီး ဖြစ်နေခဲ့ တာပါ။

တန်ဖိုး အနေနဲ့ ကတော့ ထို လက်စွပ် ကို လေလံတင် ရောင်းချပြီးနောက် ပေါင် ၄၇၀,၀၀၀ (မြန် မာ ကျပ် ငွေ နဲ့ ဆို သိန်း ၉ ထောင်ကျော်) တောင် ရခဲ့ပါတယ်။ “ကျောက်မျက် ကုန်သည်ဆီ သွားပြတော့ သူက အံ့သြပြီး ကျွန်မကို ပြန်ပြောတယ် ‘ဒါကို ဘာမှတ်နေလဲ ဒါ စိန်ကြီး’ ဆို ပြီးတော့။

ကျွန်မ အဲ့ဒီ့လက်စွပ်ကို တစ်ညလုံး ထိုင်ကြည့် ပြီး ဘာလုပ်ရ မလဲ တွေးနေ မိခဲ့တယ်” လို့ Debra က သူမရဲ့ ဖြစ် ပုံ ကို ပြန် လည်ဝေမျှခဲ့ပါတယ်။ ထို့နောက်မှာတော့သူမဟာ လေလံတင်ရုံဆီ လက် စွပ်ကို ယူသွားခဲ့ ပါတယ်။ “အမေ ပိုင်ဆိုင် တာတွေ ဆုံးရှုံးခဲ့ ရပြီး ကျွန်မတို့ ကြုံခဲ့ ရတဲ့ အဖြစ် ဆိုးတွေ အတွက် ကံကောင်းခြင်းတွေ ပြန်ရောက် လာတယ်လို့ပဲ ကျွန်မ မြင်ပါတယ်”..

လန်ဒန် အနောက်ပိုင်းမှာ နေထိုင်တဲ့ Debra ကတော့ ယခုအခါမှာ သူမရဲ့ မိခင်ကို ဇိမ်ကျကျထားပြီး စပယ်ရှယ်ပြုစုကျေးဇူးဆပ်နိုင် နေပါပြီ ။ သူ့အမေ သွားချင်တဲ့ ခရီးတွေပို့ ၊ ရှိုးပွဲတွေ လိုက်ပြ၊ အကောင်းစား အဝတ် အစားတွေ ဝယ်ပေးနေ ပါပြီတဲ့ ။ စိတ်ထားကောင်းသူအတွက် ကံကောင်းခြင်း တွေက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်တယ်ဆိုတာကို သာဓကပြနေတဲ့ဖြစ်ရပ်လေးပါပဲ။

Tags: