ကစားစရာတစ်ခု (သို့မဟုတ်) ကလေးငယ်များ အထိသတိထားသင့်တဲ့ အရာတစ်ခု

ကစားစရာတစ်ခု (သို့မဟုတ်) ကလေးငယ်များ အထိသတိထားသင့်တဲ့ အရာတစ်ခု

ရေစိမ် လိုက် ရင် ပွတက် လာ တတ်တဲ့ အရောင် လှလှလေးတွေနဲ့ အလုံး ဝိုင်းဝိုင်းလေး တွေကို သိကြ မှာပါ။ တ ကယ် တော့ ဒါဟာ ကလေးငယ် တွေကို သေစေတဲ့ အထိ အန္တရာယ် ရှိပါတယ်။

တရုတ်ပြည်က လင်မယား စုံတွဲ တစ် တွဲ ဟာ သူ တို့ ရဲ့ သမီးငယ်လေးကို Polymer Balls လို့ ခေါ် တဲ့ ဒီ အလုံး ထုပ် လေးကို သကြားလုံး အထင်နဲ့ ဝယ်ပေးခဲ့ ပါတယ်။

ဒါ ပေ မယ့် ကလေးငယ် ရဲ့ မိခင် က အလုံးလေး တစ်လုံးစမ်းစားကြည့် ပြီး တဲ့ အ ချိန် မှာ ဒါဟာ သကြားလုံး၊ အချိုမုန့် မဟုတ်ဘဲ Polymer Balls တွေဖြစ်နေကြောင်းကို သိခဲ့ရပါတယ်။ဒါပေမယ့် ဒီအချိန်မှာတော့ သူတို့ရဲ့ သမီးငယ်လေးဟာ အထုပ်တစ်ဝက်နီးပါး စားပြီးသား ဖြစ်နေပါပြီ။

ဒါနဲ့ပဲ အဆိုပါ လင်မယားဟာ ကလေးငယ် ကို ဆေးရုံကို ခေါ်သွားပြီး ဓာတ်မှန် ရိုက်တဲ့ အခါ ဗိုက်ထဲ မှာ Polymer Balls တွေ ပွတက် နေတာကို တွေ့ရပါတယ်။ ဒါနဲ့ပဲ ကလေးငယ်ကိုခွဲစိတ်မှုအမြန်လုပ်ပြီး ကယ်တင်ခဲ့ရ ပါတယ်။

Polymer Balls ဟာ ကလေးငယ် တွေ အတွက် ကစားစရာတစ်ခု အနေ နဲ့ ထုတ်ထား တဲ့ ပစ္စည်း ဖြစ်ပြီး ရေ အင်မတန် စုပ်ပါတယ်။

ရေထဲမှာ စိမ်ထားတဲ့ အခါ ပွတက် လာပြီး သက်ဆိုင်ရာ အရောင်အတိုင်း လုံးလုံး ဝိုင်းဝိုင်းလေး ဖြစ်နေမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ဒါဟာ အင်မတန် အန္တရာယ်များပြီး ကလေးငယ်တွေ အတွက် စား စရာနဲ့ မှားနိုင်ပါတယ်။ credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *