မီးပုံးပျံ ဦးကျော်ရင် နှင့် မြန်မာတို့ရဲ့ တီထွင် အောင်မြင် မှု နောက် ကွယ်က လူသိပ်မသိတဲ့ သမိုင်းကြောင်း

မီးပုံးပျံ ဦးကျော်ရင် နှင့် မြန်မာတို့ရဲ့ တီထွင် အောင်မြင် မှု နောက် ကွယ်က လူသိပ်မသိတဲ့ သမိုင်းကြောင်း

“မီးပုံးပျံ ဦးကျော်ရင်”

အင်္ဂလိပ်က မြန်မာ ကို ကျွန်ပြု အုပ် ချုပ် ခဲ့ ချိန် မြန်မာ တို့ သည် ဇာတိသွေး ဇာတိမာန် ကို ရသည့် နည်းဖြင့် အောက်ကျ မခံ ပြ သတုန့်ပြန် ခဲ့ ကြသည်။ ထိုအထဲတွင် ဦးကျော်ရင်လည်း ပါသည်။ ခုခေတ်လူငယ်တို့ သိသူ အတော် နည်းလိမ့်မည် မြန်မာ့ကျောင်းတွင်လည်း သူ့အကြောင်းကို သင်သေးသလား မသိပေ။

ဘိုးယင်း လေယာဉ် ကုမ္ပဏီ ဒီဇိုင်းဆရာ ၁၉၀၅ ခုနှစ်လောက်တွင် ဗြိတိသျှ လေယာဉ် များ ခဏဏ ပျက် ကျ ၍ လူတွေ သေ သည့် သတင်းကို ခဏဏ ဖတ်ရှု့ ရ၍ ဦးကျော်ရင် က ပုံများ ဆွဲ၍ ခရီး သည်ရော လေယာဉ်မှုး ပါ အသက် မသေသည့် နည်းလမ်းများကို ထုတ် ဆွဲခဲ့ ရာမှ တစတစ လူသိများ လာခဲ့ရာ သူရိယ သတင်းစာမှာ သူ့အကြောင်း ပါ လာ ခဲ့ ပြီး မြန်မာပြည် ဘုရင်ခံမှတဆင့် ဘိုးယင်းလေယာဉ် ကုမ္ပဏီက လေယာဉ်ဒီဇိုင်းများ ဆွဲပေးပါရန် ဆက်သွယ်လာခဲ့တယ်။

မနာလိုစိတ် ပေါတာ လူမျိုးတိုင်း မှာရှိ ဒုတိယ ကမ္ဘာ စစ်ကြီးဖြစ်တော့ ဦးကျော်ရင်နဲ့ ဘိုးယင်း လေယာဉ် ကုမ္ပဏီ အဆက်အသွယ်ပြတ် တောက်သွားခဲ့ရာ မြန်မာ့အလင်း သတင်းစာတွင် စောင်းပါးရှင်တစ်ဦးက

“ထားဝယ်မှ မောင်ကျော်ရင် ဆိုသူ တစ်ဦး သည် လေယာဉ် လုပ်တတ်သည်ဟု ကြွားဝါခဲ့ပြီးမှ ယခု အခါ သေသလား ရှင်သလားမသိ တိမ်မြုတ်သွား လေပြီ” ဟု ထေ့ငေါ့ ငေါ့ နှင့် ရေး လိုက်ရာ ဦးကျော်ရင်က မခံချင် စိတ်ဖြင့် “လေယာဉ် လုပ်တတ်တယ်လည်းမကြွားဖူးဘူး။

စက်တပ် လေယာဉ်တွေ ပျက်ကျတဲ့ အခါ တခါထဲ ထိုးကျမသွားအောင် နည်းလမ်းကိုသာ ရေးခဲ့တယ်။ သူ့ကျွန်ဘဝမှာ မြန်မာချင်းအထင်သေးတာ ဝမ်းနည်း စရာ။ ငါမသေသေးဘူး ။ ဒို့မြန်မာတွေအစွမ်းကို မင်းစောင့်ကြည့်လိုက်ပါညီလေး” ဟု သူရိယသတင်းစာမှ ပြန်လည်ချေပခဲ့ပြီး

ဦးကျော်ရင် ဘာကြောင့်မီးပုံးပျံစီး အဖက်ဖက်က စနစ်တကျ သေခြာစဉ်းစားတွက်ချက်ပြီး သူရဲ့တည်ထွင်မှု့ကိုချပြရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ သော်လည်း တဖက် တွင် ကျောင်း ဆရာ အလုပ်နှင့် မို့ အချိန်ကမရဖြစ်ရာ အသက် (၅၅)နှစ် တွင် ကျောင်းဆရာ အလုပ်မှ နှုတ်ထွက် ခဲ့သည်။ ထို့နောက် ပျဉ်းမနားမှ ထားဝယ်ခရိုင် ဇာတိရွာ ဖြစ်သော ပန်းတလဲ ရွာသို့ သွား ၍ အတောင် (၈၀) ပိတ်အုတ် (၂၄) အုပ်ဖြင့် မီးပုံးပျံကို စ တင် ပြု လုပ် ခဲ့ သည် ။ သူလုပ်သောမီးပုံးပျံမှာ အမြင့် အတောင်(၃၀) လုံးပတ် အတောင် (၁၀၀) ခန့်ရှိသည်။

သူစမ်းသပ် ပြုလုက်ချိန် သတင်း ပေါက်ကြား သွား လို့ ထားဝယ်အရေးပိုင်မင်း က ဦးကျော်ရင် အား အ ကြိမ်ကြိမ် သတိပေးတား မြစ်ခဲ့၍ လွတ် လွတ်လပ်လပ် စမ်းသပ်ပြုလုပ်ခွင့် မရခဲ့ပေ။

တိုင်းမင်းကြီးထံ ခွင့်တောင်း သော်လည်း ခွင့် မပြု ၍ မြန်မာပြည် ဘုရင်ခံချုပ် အထိ ခွင့်တောင်းမှ ခွင့်ပြုချက် ရရှိခဲ့ပါတယ်။ သို့ဖြင့် ၁၉၂၉ ခုနှစ်တွင် စတင်လေ့ကျင့် ပျံသန်းခွင့် ရရှိခဲ့သည်။

ဦးကျော်ရင်ရဲ့ သတင်းဟာ မြန်မာပြည် ပါမက အင်္ဂလန်ထိ ပေါက်ကြားခဲ့ပြီး၁၉၃၀ပြည့်နှစ် မှာ National Sporting Club အသင်းကြီး၏ Sponsor ဖြင့် ကန်တော်ကြီး မှာ စတင်ပျံသန်း ပြခဲ့ပါတယ်။

စွမ်းဦးတည်ထွင်သူနှင့်အန္တရာယ် ကနဦးစတင် စီးပြရာမှာ သစ်ပင်သစ်ကိုင်းတွေ နဲ့တိုက်လို့ ဒဏ်ရာရခဲ့ပါတယ်။ အနာပျောက် တဲ့ အခါထပ်မံစီးပြခဲ့ပါတယ်။ ကန်တော်ကြီးအလယ်ကျွန်းမှာ သုံးကြိမ်တိတိ စီးပြခဲ့ပါသေးတယ်။

ဦးကျော်ရင်ဟာ မီးပုံးပျံ စီးပြရုံဆို ယခု လောက် အန္တရာယ် မများသော်လည်း မီးပုံးပျံ စီးရင်း လူက အငြိမ် မနေ ဂျွမ်းဘာများ စီးပြခဲ့ခြင်းကြောင့် အန္တရာယ်များနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

၁၉၃၀ခုနှစ်ထဲမှာ မီးပုံးပျံကို(၅၅)ကြိမ်စီးပြခဲ့ပြီး ရရှိသော အမြတ်ငွေ ဟူသမျှကို မြို့မကျောင်း ရံပုံငွေ အတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

၁၉၃၁ ခုနှစ်တွင် အင်္ဂလန်သို့ မီးပုံပျံစီးပြီး ဖျော်ဖြေရန်ဖိတ်ခေါ်ခံခဲ့ရသော်လည်း ဒဏ်ရာကြောင့် ခရီးစဉ်ဖျက်သိမ်းခဲ့ရပါတယ်။ လေး စားအားကျစရာ မြန်မာ မြန်မာဟူသည် ကျွန်မဟုတ် ကျွန်စိတ် မရှိ သခင် စိတ် ဆရာ စိတ် ရှိသည် တိုင်းပြည်နှင့် လူမျိုးကို ချစ် သည် ကမ္ဘာ့ထိပ်တန်းလေယာဉ် ကုမ္ပဏီကတောင် ဆရာတင်ရသည်။

ဒါက လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀) ကျော်ကဖြစ်သည်။ ယနေ့ မြန်မာကျွန်စိတ်တွေနဲ့ ယနေ့ခေတ် ပညာ တိုးတက်သလောက် မြန်မာတွေ တည်ထွင် ကြံဆမှု့နည်းသည်။ နိုင်ငံခြားကို အတု ခိုး၍ အထင်ကြီးပြီး ကျွန်စိတ် ပေါက်သူ များသည် ။ တည် ထွင် မှု ကို အား ပေးသော်လည်း ထူးထူးချွန်ချွန် မရပ်တည်နိုင်ကြသလို အချို့က တည်ထွင်မှု့ အပိုင်းက ယနေ့ခေတ်ကို မယှဉ်နိုင်ဖြစ်နေသေးသည်။

အချို့ကတည်ထွင်သည် ဈေးကောင်းရက ရောင်း စားဖို့ကြံသည်။ နိုင်ငံနှင့်လူမျိုးအတွက်မဟုတ်။ တခါတလေ မိမိတီထွင်သော နည်းပညာဖြင့် မိမိနိုင်ငံ နှင့် လူမျိုး ကို အန္တရာယ် မ ပြု ဖို့ တော့ အထူးသတိပေးချင်သည်။

ဤစာစုဖြင့် ယနေ့မြန်မာလူငယ်တွေ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် တည်ထွင်ကြံဆ၍ ဖြစ်ဖြစ် မြောက်မြောက် မြန်မာမှု့ပြုစေရန် တိုက်တွန်း လိုက်ရ ပါသည်။ မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါသည်။

သူ့အကြောင်းအကျဉ်းချုပ်

အမည် = ဦးကျော်ရင်

မွေးသက္ကရာဇ်= 15th – Jan 1873

ဇာတိ= ပန်းတလဲရွာ။ လောင်းလုံမြို့နယ်။ ထားဝယ်ခရိုင်

အလုပ်အကိုင်= အထက ကျောင်းဆရာ (Retd)

ဇနီးအမည်= ဒေါ်မမ

သားသမီးအမည်= ဦးကျော်လင်း ။ ဦးကျော်ဆန်း

သေဆုံးသည့်ရက်စွဲ = 3rd April 1939

အသက် = ၆၆

Add a Comment

Your email address will not be published. Required fields are marked *