မြန်မာ ဖက် ကနေ မှောင်ခို တင်ပို့တဲ့ ဒေါ်လာ ၄ သန်းကျော် တန်ဖိုးရှိ ရွှေ ချောင်းတွေ အိန္ဒိယမှာ ဖမ်းမိ

မြန်မာဖက်ကနေ မှောင်ခိုတင်ပို့တဲ့ ဒေါ်လာ ၄ သန်းကျော် တန်ဖိုးရှိ ရွှေချောင်းတွေ အိန္ဒိယမှာ ဖမ်းမိ

အိန္ဒိယအခွန်အကောက်ဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားမှုဦးစီး ဌာန (DRI) က မြန်မာ နိုင်ငံက တစ်ဆင့် အိန္ဒိယနိုင်ငံ အတွင်းကို မှောင်ခို တင်သွင်းတယ်လို့ သံသယရှိတဲ့ ရူပီး ကုဋေ ၃၀ တန်းဖိုးရှိတဲ့ ရွှေ ချောင်း ၆၆ ကီ လို ဂရမ် ကျော် (ပိသာချိန် ၄၀၀၀ ကျော်) ကို နိုဝင်ဘာလ ၁၉ရက်နေ့က သိမ်းဆည်းရမိခဲ့ပြီး လူ ၄ဦးကို ဖမ်း ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒေလီ ထောက်လှမ်းရေး အေဂျင်စီ ယူနစ် ဟာ သတင်း အ ရ ကုန်တင်ကား ၂ စင်းကို ရပ်တန့် စစ်ဆေး ရာမှာ ကားရဲ့ ဆီ သိုလှောင်ကန်ထဲကနေ ရွှေချောင်း ၄၀၀ ကို တွေ့ရှိခဲ့တာလို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပဏာမ စုံစမ်း စစ်ဆေးမှုတွေ အရ အဆိုပါ ရွှေချောင်း တွေ ဟာ အိန္ဒိယ အရှေ့မြောက် ပြည်နယ်တွေက တစ်ဆင့် သယ်ဆောင်လာပြီး ပန်ဂျပ်ပြည်နယ်ကို ဦးတည်နေတာလို့ သတင်းက ဆိုပါတယ်။

ဒီနှစ်ထဲမှာ အာဏာပိုင် တွေဟာ အိန္ဒိယနိုင်ငံရဲ့ နေရာဒေသ အသီး သီးမှာ ရွှေကီလိုဂရမ် ၁၇၀၀ ကျော်သိမ်းဆည်းရမိခဲ့ပြီး ရွှေအများစုဟာ အိန္ဒိယ – မြန်မာ နယ်စပ် မြန်မာဘက်က မှောင်ခို တင်သွင်းလာတာလို့ သတင်းက ဖော်ပြပါတယ်။

မကြာသေးမီလများအတွင်းက အိန္ဒိယနိုင်ငံမှာ ရွှေစျေးနှုန်းတွေ တဟုန်ထိုးမြင့်တက်လာမှုဟာ နယ်စပ်ဖြတ်ကျော်ရွှေမှောင်ခိုတင်သွင်း မှုကို တိုးပွားစေတယ်လို့လည်း သတင်းက ဆိုပါတယ်။ source : zet star

Tags: