မြို့မှာ အလုပ် ထွက်လုပ်နေတဲ့ မိဘနှစ်ပါးကို သွားရောက်တွေ့ဆုံဖို့ ဘတ်စ်ကားရဲ့ အောက်ဖက်မှာ ပုန်းခိုပြီး လိုက်ပါ စီးနင်း ခဲ့ကြတဲ့ ညီအစ်ကို ၂ ဦး

မြို့မှာ အလုပ် ထွက်လုပ်နေတဲ့ မိဘနှစ်ပါးကို သွားရောက်တွေ့ဆုံဖို့ ဘတ်စ်ကားရဲ့ အောက်ဖက်မှာ ပုန်းခိုပြီး လိုက်ပါ စီးနင်း ခဲ့ကြတဲ့ ညီအစ်ကို ၂ ဦး

တရုတ်နိုင်ငံ ကျေးလက် ဒေသ ရှိ မိဘတွေ ဆီက ထားခဲ့ ခံ ရ တဲ့ ကောင်လေးနှစ်ဦးဟာ အနီးအနားရှိ မြို့မှာ အလုပ်လုပ်နေတယ်လို့ထင်နေတဲ့မိဘတွေကို သွားတွေ့ဖို့ ၃နာရီနီးပါးလောက် ဘတ်စ်ကားရဲ့အောက်မှာပုန်းရင်း လိုက်ခိုစီးခဲ့ကြပါတယ်။

Guangxiအနောက်ပိုင်း Nazuo မြို့နယ်က ကျေးရွာတစ်ရွာမှာ အခုလက်ရှိဆွေမျိုးတွေနဲ့အတူ နေထိုင်တဲ့ အဆိုပါ ၈နှစ်၊ ၉နှစ်အရွယ်ရှိ ညီအစ်ကို နှစ်ဦးကို မိဘတွေက အလုပ် ကောင်း ကောင်းရှာလုပ်နိုင်ဖို့ ဆွေမျိုးတွေဆီထားခဲ့တာပါ။

မိဘတွေကို သတိရတာကြောင့် အဆိုပါ ကောင်လေး တွေဟာ သူတို့ မိဘတွေ အလုပ် လုပ် နေတယ်လို့ ထင်နေတဲ့ Blaise မြို့ကို သွားဖို့ အတန်းလစ်ကာ အဆိုပါမြို့ကို ဆိုက်ရောက်မဲ့ ဘတ်စ်ကားရဲ့ အောက် ပိုင်းမှာ ပုန်း ရင်း လိုက် ခို စီး ခဲ့ ကြပြီး ၃၆ကီလိုမီတာ (၅၆မိုင်) နှုန်းဖြင့် ၃နာရီ အကြာ လိုက်စီးခဲ့ ကြကြောင်း China News က ဖော်ပြထားပါတယ်။

Blaise မြို့ခရီးရဲ့ သုံးပုံတစ်ပုံလောက်မှာ Xillin ကောင်တီရှိလုံခြုံရေး ဝန်ထမ်း တွေက သူတို့နှစ်ဦးကို ရှာတွေ့ခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ ဘာမှ မဖြစ်ဘဲ တစ်ကိုယ်လုံးမှာ ရွံ့တွေသာပေနေခဲ့ကြပါတယ်။

ထို့နောက် အဝတ်အစား အသစ်တွေ လဲပေးကာ အစား အစာတွေလည်း ကျွေးခဲ့ပြီးနောက် သူတို့ကျောင်းက သူ့တို့ကို ခြေရာခံလိုက်နိုင်ခဲ့ပြီး ချက်ချင်း ပြန်ခေါ်ဖို့ လူတစ်ဦးကို စေလွှတ်ခဲ့ ကြကြောင်း Shanghaiist သတင်းအရ သိရပါတယ်။

သူတို့ မိဘ တွေကို သွားတွေ့ဖို့ ခရီးစဉ်က အောင်မြင် သွားခဲ့ ပေမဲ့ ဆွေမျိုး တွေ က မိဘအိမ်နဲ့ နီးကပ်စွာ နေထိုင် နေရ သလို ခံစားရ အောင် မိဘတွေက Baise မြို့မှာ အလုပ် လုပ်နေတယ်လို့ သူတို့ကို တမင်လိမ်ပြောခဲ့ကြ တာပါ။

တကယ်တော့ သူတို့မိဘတွေက Guangdong ပြည်နယ်မှာ ရှိနေခဲ့ကြ တာပါ။ အဆိုပါ ညီအစ်ကို နှစ်ဦးဟာ တရုတ်နိုင်ငံရဲ့ မိဘတွေဆီက ထားခဲ့ခံရတဲ့ သန်းပေါင်းများစွာသော ကလေးတွေထဲက အပါအဝင် ဖြစ်နေပါတယ်။ credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *