မိခင်ကြီးနဲ့ ကျမှ မင်းသမီး အဖြစ်ကနေ ကင်မရာမန်း ဘဝကို ရောက်ရှိသွားခဲ့တဲ့ ပိုးကြာဖြူခင်

ကြော်ငြာတွေကိုတောင် လက်ခံရိုက်ကူးနေရပြီဖြစ် ပေမယ့် မိခင်ကြီးနဲ့ကျမှ မင်းသမီးအဖြစ်ကနေ ကင်မရာမန်း ဘဝကို ရောက်ရှိသွားခဲ့တဲ့ ပိုးကြာဖြူခင်

ဆိုင်းမိုင်လို့ ပရိသတ်တွေ သိကြတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင် က “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်း တွဲနဲ့ အောင် မြင် မှုအကြီး အကျယ် ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။

အောင်မြင်တဲ့ မင်းသမီးလေးတစ်လက် ဖြစ်နေပြီဖြစ်တဲ့ ပိုးကြာဖြူခင်က အင်မတန်ကို ရိုးအေးပြီး အနေ တည်ငြိမ် လွန်း တာကြောင့် သူမရဲ့ အနုပညာ ကိစ္စ အဝဝ ကို သူမရဲ့ မိခင်က စီမံ ပေးရ တာပဲ ဖြစ်ပါတယ်။

ပိုးကြာဖြူခင်ရဲ့ မေမေ ကတော့ အရမ်း ကို သွက်လက်ပြီး စကား ပြောကောင်းလွန်းတာကြောင့် ပရိသတ်တွေကြားမှာ မသိတဲ့သူမရှိအောင် နာမည်ကြီးသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ရဲ့ မေမေကတော့ အနုပညာကို ဝါသနာပါသူဖြစ်ပြီး ပိုးကြာဖြူခင်နဲ့ ကြော်ငြာ အချို့ကိုလည်း ရိုက်ကူးပေးခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

ဒီကနေ့ မှာ တော့ ပိုးကြာဖြူခင် က ကြော်ငြာ တွေ ကို ကိုယ် တိုင်လက်ခံ ရိုက်ကူး နေရပြီ ဖြစ်တဲ့ မိခင်ကြီး အတွက် သူမ ကိုယ်တိုင် ကင်မရာမန်း လုပ်ပြီး ရိုက်ကူး ပေးနေ ရကြောင်းကို “မိုင်မားသားကြော်ငြာ ကို ကိုယ်တိုင် ရိုက်ပေး ထားတာ 😬အမေက မင်းသမီး သမီးက ကင်မရာမန်း ပါပေါ့ 😎” ဆိုပြီး မိခင် အတွက် ရိုက်ပေးထားတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာပါတယ်။

ပိုးကြာဖြူခင်ကတော့ သရုပ်ဆောင် ကောင်းပြီး အနုပညာပါရမီပါတဲ့ မိခင်ကြီးနဲ့ ကျ မှ မင်းသမီး အဖြစ်ကနေ ကင်မရာမန်း ဘဝကို နေ့ချင်းညချင်း ရောက်ရှိ သွားခဲ့ တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးကြာဖြူခင် မေမေရဲ့ ကြော်ငြာလေးကို စောင့်မျှော်ကြည့်ရှုပေးကြ ပါဦးနော်။ ဖတ်ရှု ပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင် ကြ ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ Source: Poe Kyar Phyu Khin’s fb

Add a Comment

Your email address will not be published. Required fields are marked *