ရိုးသား ကြိုးစားပြီး အလုပ် လုပ်ခဲ့လို့ ငွေ တွေ အပုံလိုက် ဝင်ခဲ့ပြီ လို့ ပြောလာတဲ့ နေဒွေး

ရိုးသားကြိုးစားပြီး အလုပ် လုပ်ခဲ့လို့ ငွေတွေ အပုံလိုက် ဝင်ခဲ့ပြီလို့ ပြောလာတဲ့ နေဒွေး

ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ နေဒွေးကတော့ အနုပညာအလုပ် တွေကို ဖြည်းဖြည်း မှန်မှန် လုပ်ဆောင်ပြီး ပရိသတ်တွေရဲ့အချစ်ကို ရရှိနေတာ ဖြစ်ပါတယ်။

နေဒွေးက အရမ်းခန့်ညားပြီး ယောက်ျားပီသတာကြောင့် နှုတ်ခမ်းနီမလေး တွေက သည်းသည်းလှုပ် ဝန်းရံ နေကြတာ ဖြစ် ပါ တယ် ။နေဒွေးရဲ့ အနုပညာ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေက စောင့်ကြည့်ပြီး အားပေး နေကြတာ ဖြစ်ပါတယ်နော် ။

နေဒွေးဟာ ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေကို ရပ်နားထားရတာဖြစ်ပြီး ယခုအချိန် မှာတော့ ဂျစ်တူးအမှတ်တံဆိပ်နဲ့ အော်ဂဲနစ်ဆန် ရောင်းချမှုကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ယနေ့ မှာတော့ နေဒွေးက သူ့ အနေနဲ့ စေတနာ ထားပြီး လုပ်ကိုင်ခဲ့တာကြောင့် ငွေတွေ အပုံလိုက် ဝင်တဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ် အကြောင်းအရင်း ကတော့ နေဒွေးဟာ ဂျစ်တူးအမှတ်တံဆိပ်နဲ့ အော်ဂဲနစ် ဆန်ရောင်းချရာမှာ ထင်မထားလောက်အောင် အောင်မြင်ပြီး ဝင်ငွေတွေ အများကြီး ရရှိနေတာပဲ ဖြစ်ပါတယ်။

နေဒွေးကလည်း သူ့ရဲ့အလုပ်နဲ့ပတ်သတ်ပြီး ” ရိုးသားပါ။ ကြိုးစားပါ။ ကိုယ့်အလုပ်ကို တန်ဖိုးထား စေတနာ ထားပါ။ မှန်မှန်ကန်ကန်ရောင်းပါ” ဆိုပြီး အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ပြောပြလာပါတယ်။နေဒွေးကတော့ အမြတ်ရရှိဖို့ထက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အော်ဂဲနစ်ဆန် ကို စေတနာ အမှန် နဲ့ ထုတ်လုပ် ခဲ့ တာ ကြောင့် စေတနာ အကျိုးပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ source: Nay Dawy

Add a Comment

Your email address will not be published. Required fields are marked *