ရေနုတ်မြောင်းထဲ ၂၂ နှစ်ကျော် အ ချိန် ကုန် ဆုံး ခဲ့ရတဲ့ လင်မယား

ရေနုတ်မြောင်းထဲ ၂၂နှစ်ကျော် အချိန် ကုန်ဆုံး ခဲ့ရတဲ့ လင်မယားစုံတွဲ

တူ နှစ်ကိုယ် တဲအိုပျက် လို့ပဲ ဆိုဆို ၊ နှစ်ကိုယ်သား ချစ် လို့ ရ ရင်ကျေနပ်ပြီ ဆိုတာ လေထဲမှာပဲ ရှိတဲ့ စကားလို့ ထင်ကြပါလိမ့်မယ်။ တကယ်တော့ ဒါကို အပြင်မှာ လက်တွေ့ သက်သေ ပြခဲ့တဲ့ သူတွေရှိပါတယ် ။ သူတို့ကတော့ Columbia က လင်မယားစုံတွဲဖြစ်တဲ့ Miguel Restrepo နဲ့ သူ့ရဲ့ ဇနီး Maria Garcia တို့ပဲ ဖြစ်ပါတယ် ။

သူတို့ဟာ ရေနုတ်မြောင်း ထဲမှာ အိမ်သဖွယ်နေထိုင်လာတာ ၂၂နှစ်ကြာပြီဖြစ်ပြီး အပြင်က တစ်ချို့သော လင်မယားတွေထက်တောင် ပိုချစ်ခင် ၊ ပိုပြီး သစ္စာရှိကြ ပါတယ် ။

သူတို့နှစ်ဦးဟာ ဆေးစွဲနေတဲ့ လူနှစ်ယောက် အဖြစ် စတင် တွေ့ရှိခဲ့ပြီးနောက် တစ်ယောက် နဲ့ တစ်ယောက် သံယောဇဉ် တွယ်လာ တဲ့အချိန် မှာတော့ အိမ်ထောင် တစ်ခု တည်ဆောက်ပြီး ဆေး ဖြတ်ဖို့ ဆုံးဖြတ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် ဒီလိုဆုံးဖြတ်ပြီးတဲ့အချိန် သူတို့မှာ နေစရာ နေစရာအိမ်တောင် မရှိပါဘူး။

ဒါပေမယ့် ဒါဟာ သူတို့အတွက် အခက်အခဲ မဟုတ်သလို ၊ အရေးပါတဲ့ အရာတစ်ခုလဲ မဟုတ်ပါဘူး။ သူတို့ဟာ ရေဆိုးမြောင်း တစ်ခုကို ပြုပြင်ပြီး တူတူ နေထိုင်ခဲ့ ပါတယ်။

သူတို့ရဲ့ မိသားစုဝင် အနေနဲ့ Blackie အမည်ရခွေးကလေးတစ်ကောင် ရှိပါတယ် ။ ရေဆိုးမြောင်း ဆိုပြီး အထင်မသေးလိုက် ပါနဲ့၊ လျှပ်စစ်မီးလဲ ရသလို ၊ မီးဖိုချောင် အသေး စားလေးတောင် ရှိ ပါတယ် ။ ကဲ..ဘာလိုသေးလဲ ။ credit