ကမ္ဘာ့ဥာဏ်အကောင်းဆုံး ဂင်းနစ်မှတ်တမ်း၀င် ၊ မြန်မာ့ပထမဆုံး တိပိဋကဘွဲ့တံဆိပ်တော်ရ မင်းကွန်းဆရာတော်ဘုရားကြီး

ကမ္ဘာ့ ဥာဏ် အကောင်းဆုံး ဂင်းနစ်မှတ်တမ်း၀င် ၊ မြန်မာ့ပထမဆုံး တိပိဋကဘွဲ့တံဆိပ်တော်ရ မင်းကွန်းဆရာတော်ဘုရားကြီး

ကမ္ဘာ့ဉာဏ်အကောင်းဆုံးပုဂ္ဂိုလ်

မင်းကွန်း ဆရာတော်ကြီး (၁၉၁၁ – ၁၉၉၃) ဟာ စာ အုပ် ပေါင်း ၂၀၊ စာမျက်နှာ နဲ့ဆို ၁၆,၀၀၀ ရှိ တဲ့ ပိဋကတ် သုံးပုံကို အလွတ်ရ အာဂုံဆောင်နိုင်လို့

ပထမဆုံး တိပိဋကဘွဲ့ ကပ်လှူခံရတဲ့ ဆရာတော်ကြီး ဖြစ်ပါတယ်။၁၉၅၃ ခုနှစ်၊ သက်တော် ၄၂ နှစ်မှာ တိပိဋကဓရဓမ္မဘဏ္ဍဂါရိက (တရားဘဏ္ဍာစိုး) ဘွဲ့ကို နိုင်ငံတော်က ဆပ်ကပ်လှူဒါန်းခဲ့တာပါ။

ဦးနုအစိုးရလက်ထက် ၁၉၅၄ ကနေ ၁၉၅၆ ခုနှစ် အထိ ပြုလုပ် ခဲ့တဲ့ ဆဋ္ဌသင်္ဂါယနာ တင် ပွဲ ကို မင်းကွန်း ဆရာတော် ၊ မဟာစည်ဆရာ တော်တို့ ဉီးဆောင်ခဲ့ပါတယ်။မင်းကွန်းဆရာတော်က ဝိနည်းအပိုင်းကို ဖြေဆိုပါတယ်။ ဖြေဆိုရာမှာ ဆရာတော်ကြီးက ကျမ်းအမည်၊ စာမျက်နှာ ဘယ်လောက် ၊ စာကြောင်းရေ ဘယ်လောက် စသည်ဖြင့် အထစ်အငေါ့မရှိ၊ အချိန်မဆိုင်း၊ စာအုပ်လှန်မကြည့်ပဲ ဖြေကြားနိုင်ခဲ့လို့ နိုင်ငံတော် ကပေးတဲ့ ဆဋ္ဌသင်္ဂတိသဇက ဘွဲ့ကိုလည်း ရရှိခဲ့ပါသေးတယ်။

၁၉၈၅ ခုနှစ် မှာတော့ စာအုပ်ပေါင်း ၂၀၊ စာမျက်နှာနဲ့ဆို ၁၆,၀၀၀ ရှိတဲ့ ပိဋကတ်သုံးပုံကို အလွတ်ရ အာဂုံဆောင်နိုင်တဲ့ ကမ္ဘာ့မှတ် ဉာဏ်အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနက်စ်မှတ်တမ်းမှာ ဖော်ပြခံခဲ့ရပါတယ်။ ဒါဟာ ဂင်းနက်စ် မှတ်တမ်းမှာ မြန်မာနိုင်ငံသား ဘုန်းတော်ကြီးတပါး အနေနဲ့ ပထမဆုံး ထည့်သွင်း ဂုဏ်ပြုခံရတာပါပဲ။ credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *