ပလတ်စတစ်အမှိုက်တွေကို ကျူရှင်လခအဖြစ်ယူခဲ့တဲ့ အိန္ဒိယကစာသင်ကျောင်းလေး

ပလတ်စတစ်အမှိုက်တွေကို ကျူရှင်လခအဖြစ်ယူခဲ့တဲ့ အိန္ဒိယကစာသင်ကျောင်းလေး

စာသင်ချင်တဲ့ကလေးတွေကို ပလတ်စတစ်အမှိုက်တွေနဲ့ ကျူရှင်ခပေးခိုင်းပြီး စာသင်ပေးတယ်ဆိုတဲ့စိတ်ကူးလေးဟာ ဘယ်လောက်တောင်ကောင်းလိုက်တဲ့ စိတ်ကူးလေးလဲနော်။

Akshar Foundation ဆို တဲ့ ပ ရ ဟိ တ ကျောင်း လေးကို ၂၀၁၆ ခု နှစ် တုန်း က Parmita Sarma နဲ့ Mazin Mukhtar တို့နှစ်ယောက်က ဦးဆောင်ပြီး တည်ထောင် ခဲ့ကြတာပါ။

အဓိက ရည် ရွယ် ချက် ကတော့ အိန္ဒိရဲ့ Assam ဒေသ မှာက ဆင်းရဲ ချို့တဲ့ ပြီး စာသင်လို စိတ်ရှိတဲ့ ကလေး တွေ ကို အဓိကဦးစားပေး ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဆင်းရဲ ချို့တဲ့တဲ့ ရပ်ကွက် ဆိုတော့ မိဘ တွေ ရော ကလေးတွေ ကပါ စာသင်ဖို့ထက် တစ်ဝမ်း တစ်ခါးဖြည့်ဖို့ အလုပ်လုပ်ဖို့၊ ငွေရှာဖို့ ကိုသာ အားသန် နေခဲ့ကြ တာပါ။ ဒါကြောင့်လည်း တည်ထောင်သူ နှစ်ယောက် ကျောင်းလေးစထောင်တုန်းက ဆိုရင် အလုပ မလုပ်ဘဲ စာလာ သင်ဖို့ အတွက် ကလေး တွေကို ဘယ်လိုမှ ဆွယ်လို့ကို မရခဲ့ပါဘူးဆိုပြီး Bride Side မှာ ဖော်ပြထားခဲ့ပါတယ်။

ဒါကြောင့်ပဲ Parmita နဲ့ Mazin တို့နှစ်ယောက်ဟာ သူတို့ရဲ့ စာသင်နည်း တွေကို ပြောင်းပစ်ရ ပါတော့တယ် ။ အရပ်ထဲက စာ ရေးတတ်၊ ဖတ်တတ်တဲ့ ကလေးကြီးတွေကို ကျောင်းမှာ လုပ်အား ပေးဖို့အတွက် မုန့်ဖိုးပေးပြီးခေါ်ကာ အငယ်လေးတွေ ကိုလည်း စာ သင်ခိုင်းရင်း အဲ ဒီ အငယ်လေးတွေ ထဲ က မှ ထူးချွန်ပြီး လိမ္မာတဲ့ ကလေးတွေကိုဆိုရင်လည်း ကျောင်းကနေပြီး မုန့်ဖိုးပေးကာ ဆုချပေးတဲ့ အလေ့အကျင့်လေးတစ်ခုကို ပျိုးထောင်ခဲ့ပါတယ်။

ဆုံးဖြတ်ချက် မှန်တယ်လို့ ပြောရမှာပါပဲ ။ အဲဒီလိုပြောင်းပစ်လိုက်တဲ့ အချိန်ကစပြီး ကလေးတွေဟာ သူတို့ရဲ့ကျောင်းလေးမှာ စာအ ရေး၊အဖတ်တွေကို စိတ်ဝင်တစားနဲ့ လာသင်ခဲ့ကြပါတယ်။ကလေးတွေကို ရပြီဆိုတော့ ပြဿနာ ရှင်းသွားပြီလို့ မထင် လိုက် ပါနဲ့ဦး။ ကျောင်းလေးကို တမူထူးခြားသွားစေတဲ့ ပြဿနာဟာ အခုမှစတာပါ။ အစကတော့ ပရဟိတကျောင်းအဖြစ် အခမဲ့စာသင်ပေးသွားဖို့ ရည်ရွယ်ခဲ့ကြပေမယ့်လို့ သူတို့ကျောင်းဆောက်ထားတဲ့ဒေသလေး မှာက ရာသီဥတုအေးတဲ့အခါ ပလတ်စတစ် တွေကို မီးရှို့ပြီး မီးလှုံကြသတဲ့။ အဲဒီကထွက်တဲ့ ဓာတုညှော်နံ့တွေကြောင့် ကျောင်းမှာနေနေတဲ့သူတို့ရော၊ ကျောင်းမှာစာလာသင်တဲ့ကလေးတွေရောအပြင် ဒေသခံတွေပါ ဒုက္ခရောက်ကြမှာဆိုးတဲ့အတွက် တည်ထောင်သူနှစ်ယောက်ဟာ အကြံတစ်ခုကိုထုတ်ရပါတော့တယ်။

အဲဒါကတော့ ပလတ်စတစ်နဲ့ စာသင်ခတွေကို ရှင်းပြီး စာလာသင်ခွင့်လေးပါ။ အရင် ကတည်းကလည်း သူတို့ အရပ်လေးဟာ ဘယ်နေရာ ကြည့်ကြည့်အမှိုက်တွေ၊ ပလတ်စတစ်တွေနဲ့မလို့ စာသင်ခွင့်ကိုလည်း ပတ်စတစ် နဲ့ပဲ ရှင်းလို့ ရမယ်၊ နောက်ပြီး စာ လာသင်တဲ့ကလေးတွေ ကိုလည်း မုန့်လေးတွေ ဝယ်စား နိုင်အောင် မုန့်ဖိုးတွေလည်း ပေးနေတယ် ဆိုတော့ ကျောင်းလေး ဟာ တစ်နေ့ တစ်ခြားသတင်းမွှေးကာ အခု ဆိုရင်တော့ စီစီ ကားကားဖြစ်နေခဲ့ကြပါပြီ။ အသေးစိတ်ကို

Akshar Foundation ဆို တဲ့ Facebook page မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ် ။ ဒီလိုမျိုး ပလတ်စတစ်နဲ့ စွန့်ပစ်အမှိုက်တွေကြားထဲ ကျန်းမာရေးနဲ့မညီညွတ်စွာ နေထိုင်နေကြရသူတွေဟာ နိုင်ငံအနှံ့မှာရှိနေကြပါသေးတယ်။ ကျွန်တော်တို့ နေ့တိုင်းလိုလို အအေးသောက်ရင်သုံးနေကျ ပလတ်စတစအအေးပိုက်တစ်ပိုက် လုံးဝကြီး ဆွေးမြေ့ ပျက်ဆီးသွားဖို့ အတွက် နှစ်ပေါင်း ဘယ် လောက်ကြာတယ်ထင်လဲ။ အအေးပိုက်လေးတစ်ချောင်းကိုတောင် ပျက်ဆီးဖို့ နှစ်ပေါင်း ၅၀၀ တောင် ကြာမြင့်ပါတယ်နော်။ ဒီအပြင် ထုတ်ခဲ့ သမျှ ပ လတ် စ တစ် အိတ် တွေရဲ့ ၉၁% ဟာ လုံးဝကြီး recycle မလုပ်ဘဲ ဒီအတိုင်း စွန့်ပစ် ပစ္စည်း အနေနဲ့ ကုန်းပေါ်နဲ့ ပင်လယ် သမုဒ္ဒရာထဲ တွေမှာပါ အန္တရာယ် ရှိတဲ့ ပမာဏတွေ ရော နှောနေခဲ့ပါပြီ။ credit

Tags: