ပန်းရံဆရာတွေ ဘယ်လို ပြင်ပြင် မရတဲ့ မြသလွန် ဘုရားပေါ်က ဘီလူးရယ်နေပုံ သမိုင်းကြောင်း

ပန်းရံဆရာတွေ ဘယ်လို ပြင်ပြင် မရတဲ့ မြသလွန် ဘုရားပေါ်က ဘီလူးရယ်နေပုံ သမိုင်းကြောင်း

မကွေးမြသလွန် ဘုရားတွင် ဘီလူးရယ်နေတဲ့ပုံရဲ့ သမိုင်းကြောင်း ကတော့ ဘီလူး က ၆ ကောင်ပါ ဘီလူးမ နှစ်ကောင် ကိုချန်လှပ်ထား ပါတယ် ။ သမိုင်း မှာ ဘောသော ဘောကျော် ဘောသူရာ ဘောရသ ဘီးလူးလေးကောင် တို့သည် ဘုရားထံမှရတဲ့ မြသပိတ်နဲ့ မြသလွန် ဘုရား ဗျာဒိတ်ပေးတဲ့ နေရာမှာ မတည်ပဲ ဘုရားပြိုအ ရပ်မှာတည်တာကို သိကြားမင်းသိတော့ ဝရဇိန်လက်နက်နဲ့ ဖြိုခွင်းပြီး မြသလွန်နဲ့ မြသိပိတ် ကိုယူကာ ဘုရားသုံးဆူတောင်မှ ရသေ့ညီနောင်သုံးပါးထံ အပ်တယ်။

ဘီလူး ဘောကျော် လူဝင်စားဖြစ်မှ ဘုရား တည်ခွင့်ပေးဖို့မှာကြားလေတယ်။ ဘီလူးဘဝမှာ စုတေကြပြီး ဘောကျော် လူဝင်စားဖြစ် လာတဲ့အချိန် မကွေးမြို့မှာ ကုန်သည်အဖြစ်နဲ့ ရောက်ရှိပြီး မကွေးမြို့ သူဌေးကြီး ဦးဘောဂ ရဲ့ သမီး ပုဏ္ဏဝတီ မင်း သ မီးလေးနဲ့ လက်ထပ်ယူပြီး ရှေးထုံးကံ ပါရမီကြောင့် ရသေ့ညီနောင်သုံးပါးထံ ရောက်ရှိ သွားတယ်။

ရသေ့ ညီနောင် သုံးပါးကလဲ ဒိဗ္ဗစက္ကုဉာဏ်နှင့် ကြည့်ရှုတဲ့အခါ ဘီလူးဘော်ကျော် လူဝင်စားမှန်းသိလေသည်။သိကြားမင်းမှာကြားခဲ့တဲ့အတိုင်း ဘောကျော် လူဝင်စားကို မြသလွန် နဲ့ မြသပိတ် ပြန် လည်ပေးအပ်လိုက်ပြီး နာဂုတ္တမ တောင်ပေါ်မှာ ကျောက်ဖြာသုံးချပ်အုပ်၍ ဌာပနာပြီး ဘုရားပြန်တည်ခွင့် ပေးလိုက်သည်။

ဘုရားတည်နေစဉ်အချိန်အတွင်းမှာဘဝဟောင်းက ဆွေတော်မျိုးတော်ဘီလူးအပေါင်းတို့ ဝိုင်းဝန်းပြီး တည်ပေးကြတယ်။ ထိုအခါမှာ ဘောကျော်ဟာ လွန်စွာမှ သဒ္ဓါကြည်နူး ပီတိထောပနာဖြစ်ပြီး သောပန်တည်သွားခဲ့တယ်။ သောတပန်ပြီးနောက် ၇ ဘဝမြောက်ရင် အမှန်ဧကန် နိဗ္ဗာန်စံဝင်ရမယ် ဆိုတာကို သိရှိသွားပြီး ဝမ်းသာ လွန်းတဲ့စိတ်ကြောင့် ပြုံးရယ်မိခဲ့တယ်။

ထိုသို့ ပြုံးရယ် ခြင်းသည် မြသလွန် စေတီတော် ကြီး၏ အလယ် ဖောင်းရစ်နေရာ၌ ဘီလူးခေါင်း ၂၁ ခေါင်း ထည့်သွင်းထုလုပ်စေခဲ့သည့်အခါ သောကြာနဲ့ တနင်္ဂနွေ ထောင့်ကြားမှာရှိတဲ့ ဘီလူးခေါင်းဟာ ဘောကျော် ပြုံးရယ်နေတဲ့ပုံစံအတိုင်း ဖြစ်ပေါ်ခဲ့ရတယ်။ပန်းရံဆရာတွေ အကြိမ် ကြိမ် ပြုပြင်ခဲ့သော်လည်း ဘယ်လိုမှပြင်၍ မရ ပြုံး ရယ် တဲ့ ပုံသာ ပြန် ဖြစ် ခဲ့တယ် ။ ထို့ကြောင့် နိဗ္ဗာန် ဝင်ရမယ့် ဘီလူးပြုံးရယ်နေပုံ ဖြစ်ပါသည်။ မူရင်းရေးသားသူအားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။