ကျေးဇူးတရားတစ်ခုကြောင့် တရွာလုံးအထိတ်တလန့် အံ့သြကုန်ကြရ

ကျေးဇူးတရားတစ်ခုကြောင့် တရွာလုံးအထိတ်တလန့် အံ့သြကုန်ကြရ

တစ်ခါက အိန္ဒိယနိုင်ငံ အာဆမ်နယ်ရှိ ကျေးရွာ တစ်ရွာက လူတစ်ယောက် ဟာ အနီးအနား ရွာကနေ နွားမ တစ်ကောင်ကို ဝယ်ယူခဲ့တယ်။အဲ့ဒီဝယ်ယူတဲ့နေ့ကစလို့ သူ့ရွာမှာ ညတိုင်းလိုလို ခွေးဟောင်သံတွေ ကြားလာခဲ့ရတယ် ။ရွာသားတွေက ညမထွက်ရ အမိန့်ကို အခွင့်အရေး ယူပြီး သူခိုးကပ်တယ် အထင်နဲ့ CCTV တွေ တပ်ဆင်ကြတယ် ။အဲ့ဒီ တပ်ဆင်တဲ့ ညမှာပဲ အရာတစ်ခုက သူတို့တွေအားလုံးကို အံ့သြမင်သက် သွားစေခဲ့တယ် ။

အဲ့ဒါ ဘာလဲဆိုတော့ ကျားသစ် တစ်ကောင် ဟာ ရွာထဲ ဝင်လာပြီး နွားမတစ်ကောင် အနားမှာ တရင်းတနှီးပွတ်သီကပ်သီနဲ့ ပြုမူဆက် ဆံ နေလို့ ပါပဲ။ ဒါနဲ့ သူတို့ တွေဟာ အဲ့ဒီ နွား ပိုင်ရှင်ကို အကျိုးအ ကြောင်း မေးပြီး သူဝယ် လာတဲ့ ရွာကို သွားရောက်စုံစမ်းကြတယ် စုံစမ်းတဲ့ အခါ တောထဲမှာ သေဆုံး နေတဲ့ ကျား သစ် မ ကြီး တစ်ကောင်ရဲ့ ဘေးမှာ မွေးကင်းစ ရက်၂၀-သာ ရှိတဲ့ ကျားသစ်ပေါက်လေး တစ်ကောင်တွေ့တော့ ရွာသားတွေဟာ ရွာထဲကို ယူလာပြီး နွားမတစ်ကောင်ရဲ့ နို့ကို တိုက်စေခဲ့တယ် ။

နွားမကြီး ကလည်း ကျားသစ် ကလေးကို သူရဲ့ သားသဖွယ် မိခင်စိတ် အပြည့်နဲ့ စောင့်ရှောက်ခဲ့ ရှာ တယ် ။ ဒီ လို နဲ့ ကျားသစ်လေး အရွယ်ရောက်လာတော့ အားလုံးက သူ့ကို တောထဲ ပြန်လွှတ်ပေးခဲ့ကြတယ် ။ဒါပေမဲ့ ကျားသစ်လေးက သူ့ကို နို့တိုက် မွေးမြူခဲ့တဲ့ မိခင် နွားမကြီးကို မေ့ မသွားပဲ သူ့မိခင်နွားမကြီး ရှိရာကို ညတိုင်းပဲ ရောက်ရောက်လာပြီး အတူနေလေ့ရှိတယ် လို့ သိခဲ့ရတယ်။

ရက်စက်တဲ့ တိရစ္ဆာန် ဖြစ်ပေမဲ့ သူ့ကို နို့ချို တိုက်ကျွေး ခဲ့တဲ့ မိခင်နွားမကြီးအပေါ် ဘယ်လို တုန့်ပြန်ရမယ်ဆိုတာ သူကောင်းကောင်း သိနေခဲ့တယ် ။တိရစ္ဆာန် တစ်ကောင် တောင် ကျေးဇူးတရား ကို ဒီလောက် သိတတ်သေးရင် လူသားတွေဖြစ်တဲ့ အကျွန်ုပ်တို့တွေဟာ ကျေးဇူးတရားကို ပိုပြီး သိတတ်သင့်ပါတယ် ။

တချို့တွေက….မိဘ မေတ္တာကို ကိုယ်တိုင် မိဘနေရာ မရောက် မချင်း မခံ စား တတ် ကြ ဘူး ။ တချို့တွေက….မိဘနေရာ ရောက်သော်လည်း မသိတတ်ကြဘူး။

မိဘကို ပေါ့ပေါ့တန်တန် သဘောထားတယ် ။မိဘ ကို ပေါ့ပေါ့တန် တန် ဆက်ဆံကြတယ် ။ အမေ့နို့နဲ့ ကြီးပြင်းခဲ့တဲ့ အကျွန်ုပ်တို့ တွေ အမေ့နို့ မဟုတ်တဲ့ နွားမကြီး နို့နဲ့ ကြီးပြင်း ခဲ့ရ တဲ့ ကျားသစ်ထက် ကျေးဇူးတရားကို ပိုသိသင့်တယ် မဟုတ်လား..”အဖေ နဲ့ အမေကို သက်ရှိထင်ရှား ရှိတုန်း ဂရုစိုက်ကြပါ ”ကျေးဇူးသိဆပ် သားသမီးမြတ်များ ဖြစ်ကြပါစေ မူရင်းတင်သူကို ခရက်ဒစ်ပေးပါသည်။