ကောင်း ကင်မှ ကျလာသည့် ဥက္ကာ ခဲကြောင့် ခေါင်း တလားလုပ်သည့် အင်ဒိုနီးရှား နိုင်ငံသား နေ့ ချင်း ည ချင်း ချမ်းသာသွား

ကောင်းကင်မှ ကျလာသည့် ဥက္ကာခဲကြောင့် ခေါင်းတလားလုပ်သည့် အင်ဒိုနီးရှား နိုင်ငံသား နေ့ချင်း ညချင်း ချမ်းသာသွား

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းမြောက်ဘက်၊ ကိုလန်းမြို့လေးတွင် နေထိုင်သည့် ခေါင်းတလားလုပ်သူတစ်ဦးသည် ကောင်းကင်ယံမှ ပြုတ်ကျ လာသည့် ဥက္ကာခဲတစ်လုံး ကြောင့် နေ့ချင်း ညချင်းလူချမ်းသာ တစ်ဦးဖြစ်လာကြောင်း ဒေးလီးမေးလ်သတင်းတစ်ရပ်အရ သိရသည်။

ဂျိုရှူအာဟူတာဂလန်း အမည်ရှိ အသက် ၃၃ နှစ် အရွယ် ရှိ ခေါင်းတလားလုပ် ရောင်းသူ၏ နေအိမ်သို့ ကျလာ သည့် ဥက္ကာခဲ မှာ အ လေးချိန် ၂ဒသမ၂ ကီလိုဂရမ်နှင့် သက်တမ်း နှစ်ပေါင်း ၄ဒသမ၅ ဘီလီယံရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

ယင်းဥက္ကာခဲမှာဂျိုရှူအာ၏ နေအိမ် တံစက်မြိတ်ခေါင်မိုးကို ဖောက်ထွက်ပြီး မြေထဲသို့ အနက် ၁၅ စင်တီမီတာခန့် ကျွံ ဝင် သွား ခဲ့ ပြီး ဥက္ကာခဲကျလာချိန်တွင် ဂျိုရှူအာမှာ ၎င်းအိမ်ဘးတွင် ခေါင်းတလားများ ပြုလုပ်နေပြီး ပြုတ်ကျသံ ကျယ်လွန်း၍ တခြားနေအိမ်များမှ လူများပလာရောက် ကြည့်ရှုကြကြောင်း ၎င်းကပြောသည်။

“ကျွန်တော် ကိုင်ကြည့်လိုက်တော့ ကျောက်တုံးက ပူနွေးနေတုန်းပဲရှိပါ သေးတယ် ။ အသံ က ကျယ်လွန်းလို့ အိမ်တောင် တော်တော်လေး တုန်ခါ သွားပါတယ် ။ အဲဒါနဲ့ ကျွန်တော် အိမ်ကို လိုက်ကြည့်တော့ ခေါင်မိုးမှာ အပေါက်လေးတစ်ခု ဖြစ်နေတာကိုတွေ့ပါတယ်။ ကျွန်တော် အရမ်း သံသယဝင် တာက ဒါဟာ လူတွေ ပြော နေကြသလို ကောင်းကင်ကနေ ပြုတ်ကျလာတဲ့ ဥက္ကာခဲရောဖြစ်ပါ့မလားပေါ့။ ဒါပေမယ့် တခြား လူတစ်ယောက် က အပေါ်ကနေ ရည်ရွယ် ချက်ချက် ရှိ ရှိ ပစ်လိုက်ဖို့လည်း မဖြစ် နိုင်ပါ ဘူး”ဟု ဂျိုရှူအာက ပြောသည်။

ယင်း ဥက္ကာခဲကို အမေရိကန် နိုင်ငံသား ဥက္ကာခဲ အကြောင်း ကျွမ်း ကျင်နှံ့စပ်သူ ဂျရတ်ကောလင်းမှတစ်ဆင့် အမေရိကန်နိုင်ငံ၊ အင်ဒီယာနာပိုးလစ်မြို့မှဥက္ကာခဲစုဆောင်းသူ ဂျေးပီယာတက်ခ်ကိုရောင်း ချခဲ့ကြောင်း သိရသည်။

မည်သည့်ဈေးနှင့်ရောင်းချခဲ့သည်ကို ထုတ်မပြောသော်လည်း ဂျူရှူအာ အတွက် နှစ်ပေါင်း ၃၀စာ လုပ်ခ လစာ ပေးခဲ့ သည်ဟု သိရသည်။

အဆိုပါ ဥက္ကာခဲ မှာ သြဂုတ်လ က ကျခဲ့ခြင်း ဖြစ် ပြီး ဈေးကွက်ပေါက် ဈေး ပေါင် ၁ဒသမ ၄သန်းခန့်ရှိကာ ၂၀၀၀ခုနှစ်က တရုတ်နိုင်ငံ သို့ ကျ ရောက် ခဲ့ သည့် ဥက္ကာခဲ မှာ လည်း တန်ကြေး ပေါင် ၁ဒသမ၅သန်းအထိရှိခဲ့သည်။

ကလေး သုံးယောက်ဖခင်တစ်ဦးဖြစ်သည့် ဂျိုရှူကာက ဥက္ကာခဲကို ရောင်းချ၍ရသည့်ငွေများဖြင့် ၎င်း၏ရွာ၌ဘုရားကျောင်းသစ်တစ်ကျောင်း ဆောက်လုပ်လှူဒါန်းမည်ဟုလည်း ပြောခဲ့သည််။credit :The Standard Time Daily

Tags: