ပြင်ဦးလွင်မြို့မှာ လှူဒါန်းထားတဲ့ ခမ်းနားလွန်းတဲ့နှစ်ထပ် ကျောင်း ဆောင် အလှူလေးကို မျှဝေလာတဲ့ စမိုင်းလ်

ပြင်ဦးလွင်မြို့မှာ လှူဒါန်းထားတဲ့ ခမ်းနားလွန်းတဲ့နှစ်ထပ် ကျောင်း ဆောင် အလှူလေးကို မျှဝေလာတဲ့ စမိုင်းလ်

စမိုင်းလ် ကတော့ ပြီးပြည့်စုံ လွန်းပြီး ပျော် စ ရာ ကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင် ထားသူ တစ်ယောက်ပါ ။ သမီးလေး နှစ်ယောက်အမေ ဖြစ်ပေမယ့် ဆွဲဆောင်မှု ရှိရှိ လှနေစဲ သူတစ်ယောက်ဖြစ်သ လို လောကီ၊ လောကုတ္တရာ အရေးမှာလည်း တစ်ဖက် ကိုမှ မလစ် ဟင်းရအောင် လုပ်ဆောင်နိုင် သူပါ။

ဘဝကို အပျော်ရွှင်ဆုံးဖြစ်အောင် နေထိုင်တတ် သလို ဘာသာရေးဘက်မှာလည်း နေ့စဉ် မပြတ် အဓိဌာန် တွေ ပြုလုပ်ရုံမက မလှူတဲ့ရက်မရှိလောက်အောင် နေ့စဉ် ရက်ဆက်ဆိုသလို အလှူဒါနပြုရင်း နေထိုင် နေသူ တစ်ယောက်မို့ မိန်းကလေးတိုင်း အားကျ နေ ရ သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီတစ်ခေါက်မှာလည်း သူလှူဒါန်းထားတဲ့ ခမ်းနားလွန်းတဲ့နှစ်ထပ်ကျောင်းဆောင်အလှူလေးကို မျှဝေလာပါတယ်။ အေးချမ်းလွန်းတဲ့ ပြင်ဦးလွင် မြို့လေး မှာ အောင်ဇမ္ဗူ ဗုဒ္ဓသာသနာ့ ရိပ်သာ အတွက် နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ် လှူဒါန်းပေးထားတာဖြစ်ပြီး မနေ့ ကတော့ ကထိန် အလှူလေး ပြုလုပ်နေတဲ့ ပုံရိပ်တချို့ကို မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

ခမ်းနားလွန်းရဲ့ စမိုင်းလ်ရဲ့ ကျောင်းအလှူကိုတော့ ပရိသတ်တွေက ကြည်ကြည်နူးနူးနဲ့ သာဓု ခေါ်ဆိုခဲ့ကြ ပါတယ်။ စမိုင်းလ် ကတော့ အခုလို မြင် သူ တိုင်း ကြည်နူး သဒ္ဓါ ပွားစေမယ့် နှစ်ထပ်ကျောင်း ဆောင်ကြီးအတွက် သိန်း(၁၅၀၀) အကုန်အကျခံကာဆောက်လုပ်လှူဒါန်းပေးထားတာပါ။

အချိန်ရှိသရွေ့ အမြဲတမ်း လှူဒါန်းဖို့ပဲ တွေးတော နေသူ စမိုင်းလ်ရဲ့ကျောင်းဆောင်အလှူလေး အတွက် ပရိသတ်ကြီးလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။Source- Smile စမိုင်းလ်

Add a Comment

Your email address will not be published. Required fields are marked *