ငယ်ငယ်ကတည်းက အလုပ်တွေ အတူတူ လုပ်ကိုင် ဖူးတဲ့ လုပ်ဖော် ကိုင်ဖက် ငှက်ပျော်ကြော်နဲ့ အတူ ကြော်ငြာရိုက်ကူးခဲ့တဲ့ ထက်ထက်မိုးဦး

ငယ်ငယ်ကတည်းက အလုပ်တွေ အတူတူ တွဲဖက် လုပ်ကိုင် ဖူးတဲ့ လုပ်ဖော် ကိုင်ဖက် ဟောင်း ငှက်ပျော်ကြော်နဲ့ အတူ တူ ကြော်ငြာရိုက်ကူးခဲ့တဲ့ ထက်ထက်မိုးဦး

ထက်ထက်လို့ ပရိသတ် တွေ က ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ထက်ထက်မိုးဦးက တစ်ခေတ် တစ်ခါက အနုပညာ လောကမှာ ထိပ်ဆုံးကနေ လွှမ်းမိုး ချုပ်ကိုင်ထားနိုင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

ထက်ထက်မိုးဦး က အသက် အ ရွယ် တစ်ခု ရောက်ရှိ လာချိန်မှာတော့ ကျန်းမာရေး အခြေ အနေတွေ ကြောင့် အနုပညာလှုပ်ရှားမှုတွေ နည်းပါးသွားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ ပုံမှန်လေး လုပ်ကိုင် နေလျက် ရှိတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ ကလည်း ထက်ထက် တစ်ယောက်ဘယ်လို အသက် အရွယ်ပဲ ပြောင်းပြောင်း အရင်ကအတိုင်းပဲ ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ်။

ငယ်ငယ်က ကြော်ငြာ ပေါင်း ထောင်ချီ ရိုက် ကူး ခဲ့ ပြီး ကြော်ငြာဘုရင်မ လို့တောင် ပရိသတ် တွေက တင်စားကြ ရတဲ့ ထက်ထက်မိုးဦးက ဒီတစ်ခါ မှာလည်း ဓာတ်မြေသြဇာ ကြော်ငြာလေး တစ်ခုကို အတူတူ ရိုက်ကူးနေတာကို တွေ့ရပါတယ်။

ထက်ထက်မိုးဦးက သူမနဲ့ ငယ်ငယ် ကတည်းက လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ဦး ဖြစ်တဲ့ ငှက်ပျော်ကြော်နဲ့ အတူ အပေးအယူမျှမျှနဲ့ သရုပ်ဆောင် ခဲ့ကြ တာပဲ ဖြစ်ပါတယ် ။ ထက်ထက်မိုးဦး ကတော့ ကြော်ငြာ ဘုရင်မ ဆိုတဲ့ ဂုဏ်ပုဒ်ကို ထူးထူးခြားခြားရရှိထားတာမို့ သူမ အတွက် ကြော်ငြာ တွေမှာ သရုပ်ဆောင် ရတာ အခက်အခဲရှိမယ် မထင်ပါဘူး။

ပရိသတ်ကြီးကလည်း ထက်ထက်ရဲ့ကြော်ငြာအသစ်လေးကိုစောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။ Source: Aung Kyaw Moe’s fb