သိန်း(၁၀၀၀) ကျော်အလှူလေးကို ဒီနေ့မှာစတင်လှူဒါန်းနေပြီဖြစ်တဲ့ နေခြည်ဦး

သိန်း(၁၀၀၀) ကျော်အလှူလေးကို ဒီနေ့မှာစတင်လှူဒါန်းနေပြီဖြစ်တဲ့ နေခြည်ဦး

BeautybyNaychi ဆို တဲ့ Page လေး က နေ တဆင့် ပ ရိသတ် စတင် သတိထားမိလာ ခဲ့တဲ့ နေခြည်ဦး ကတော့ အချိန်တိုအတွင်း သရုပ်ဆောင်အနုပညာရှင်တစ်ယောက်အနေနဲ့ပါ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိလာသူ တစ်ယောက်ပါ။

ပင်ကိုယ် အရည်အချင်းနဲ့ ကြိုးစား အားထုတ်မှု တွေကြောင့် စိတ်ထဲမှာ ရှိတဲ့ အရာတိုင်းကို အကောင် အထည်ဖော်နိုင်ခဲ့သလို လတ် တလော ကိုဗစ်ကာလမှာ အလှူအတန်းတွေ အများကြီးလုပ်ချင်တဲ့ ချီချီကတော့ ဒီရည်ရွယ်ချက်လေးကို ထပ်မံအကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်း ကလည်း အလှူပြုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ She Shines Jewelry နဲ့အတူ Live sale သုံးရက် ရောင်းချခဲ့ပြီး ဒီနေ့မှာတော့ Live Sale ကြောင့် လှူဒါန်းဖို့ ရ ရှိငွေ သိန်းတစ်ထောင်ကို စတင်လှူဒါန်းတော့မှာ ဖြစ်ပါတယ်။

ချီချီကတော့ သိန်းတစ်ထောင် အလှူလေးကို နေရာတော်တော်များများကို လှူဒါန်းပေးသွားမှာ ဖြစ်ပြီး ဦးစားပေး အနေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြင်ပ လူနာ ဌာနမှာလည်း လှူဒါန်း ပေးသွား မယ်လို့ သိရပါတယ်။ဒီနေ့နိုဝင်ဘာ(၁၇) ရက်နေ့လေးမှာတော့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ နံနက်ပိုင်းမှာ အမေများအဖွဲ့၊ မမများအဖွဲ့၊ ကိုလူချောအဖွဲ့ ၊ နေ့လည်ပိုင်းမှာ အဓိက သရုပ်ဆောင် အခြေခံအ လွှာ၊ဇာတ်လမ်း ဇာတ်ညွှန်း အခြေခံအလွှာ တို့ကို လှူဒါန်း ပေးသွားမှာပါ။

ဒါ့ အပြင် ပရဟိတ နေရာတွေ၊ ကွာရန်တင်း စင်တာတွေ၊ စစ်ဘေးရှောင် အမျိုးသမီးစခန်း၊ သဘာဝတရားရိပ်သာ ၊ မှော်ဘီရခိုင်စစ် ပြေးစင်တာ ၊ အနာဂတ် ကြယ်ပွင့်လေးများ၊ မာမီကွတ် ခိုကိုးရာမဲ့ကိုယ်ဝန်ဆောင်ဂေဟာ၊ We Love Yangon စတဲ့ ပရဟိတနေရာ တော်တော် များများကို လှူဒါန်းသွားမှာဖြစ်ပြီး ဒီနေ့မနက်မှာတော့ ဒီနေ့ သိန်း (၁၀၀၀) အလှူလေး စတင်လှူပါပြီ။

နောက်ရက်တွေလည်း ဆက်တိုက်လှူ သွားမှာ… အရမ်းပျော်တာပဲ ဆိုပြီး ပျော်ရွှင် ကြည်နူးစွာ မျှဝေခဲ့ ပါတယ် ။ ပရိသတ်ကြီးရေ လှူချင်စိတ် ပေါ်လာတာ နဲ့ မရ ရအောင် ကြိုးစားပြီး အ လှူ လေး ကို အကောင် အထည် ဖော်နိုင် ခဲ့ တဲ့ ချီချီရဲ့ အလှူ လေးတွေ အတွက် သာဓုခေါ်ပေးခဲ့ပါဦးနော်။ Source- Nay Chi Oo