သူများကိစ္စလိုက်ကူညီပေးမိတာကြောင့် ညကြီးအချိန်မတော် သုံးနာရီလောက် ရဲစခန်းရောက်ပြီး တညလုံးနေခဲ့ရတဲ့အကြောင်းပြောပြလာတဲ့ ခင်သဇင်

သူများကိစ္စလိုက်ကူညီပေးမိတာကြောင့် ညကြီးအချိန်မတော် သုံးနာရီလောက် ရဲစခန်းရောက်ပြီး တညလုံးနေခဲ့ရတဲ့အကြောင်းပြောပြလာတဲ့ ခင်သဇင်

ပရိတ်သတ်ကြီးရေ ကျစ်လျစ် သွယ်လျတဲ့ဘော်ဒီလေးကို ပိုင်ဆိုင်ထားပြီး ပီပြင် ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်ရင်ထဲ အချိန်တိုအတွင်း မှာပဲ ရောက်ရှိလာတဲ့ မင်းသမီးချောလေး ခင်သဇင်ကို သိကြမယ်လို့ ထင်ပါတယ်နော်။

သူမက Mrtv-4 မှာ ပြသ ခဲ့တဲ့ အချစ်ဖွဲ့လေညင်း ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ဒေါ်မိုးကလျာ အဖြစ်က နေနဲ့အကောင်းဆုံးပါ၀င်သရုပ်ဆောင်ခဲ့ တာပါ ။ ခင်သဇင် ကတော့ ကူညီ တတ်သူ ပီပီ သူ ငယ်ချင်း မိတ်ဆွေ တွေရဲ့ အရေးကိစ္စ တွေမှာ လိုက်ပါဆောင်ရွက်ပေးတတ်သူတစ်ဦးပါ။

ဒီလို လိုက်ကူညီရင်း ညကြီး အချိန် မတော် ၃နာရီအထိ ရဲစခန်းမှာ နေခဲ့ရတဲ့ အကြောင်းကို Facebook က နေ တ ဆင့် ပြော ပြလာခဲ့တာ ဖြစ်ပါတယ် “ဟိုးတစ်လောကတင် အတွဲကြားထဲ ကိုယ်နဲ့မဆီမဆိုင် ဝင် အဖျန်ဖြေ ကောင်းလို့ မနက် (၃)နာရီကြီး ရဲစခန်းရောက်ပြီး တစ်ညလုံး ရဲစခန်းမှာ နေရပြီးပြီ အခုလည်းအတွဲကြားထဲ သနားစိတ် တစ်ခုနဲ့ပဲ ဝင်ပါ ပေးနေတာ တန်ဖိုးမရှိ -သာသာအဆင့်တွေကြားထဲက ကိုယ်နဲ့ မဆိုင် အဆဲတွေ ခံရပြန်ပြီ ကိုယ့်စိတ်ထဲတော့ ကိုယ့်ဘေး နားက သူတွေ အဆင်ပြေ ချစ်ခင် နေတာ ဘဲ ကြားချင်မိလို့ ဝင်ဖျန်ဖြေတာ” “သူတို့ ပြန်တည့် သွားတော့ ကိုယ်ကပဲ အလိုလို ငပွကြီးဖြစ် ကိုယ်ကပဲ မြှောက်ပေးသူလိုကြီးဖြစ် အ ရှုပ်ထဲမှာ ရှင်းအောင်နေ ဆိုတဲ့ စကား တစ်ခုက အလကား ထားခဲ့တာမဟုတ်လောက်ဘူး။

ငါလိုကြားထဲက မနေတတ် မထိုင်တတ် ဟိုသနား ဒီသနားနဲ့ ကိုယ်နဲ့မဆိုင်ရင် မဆိုင်သလို စိတ်မထားတတ်တဲ့ အမှတ်မရှိတဲ့ ဟာတွေအတွက်ဘဖြစ်မယ် လောကကြီးတောင် စိတ်ကုန်ချင် လာပါပြီလေ ဆိုပြီး သူမ ကြုံတွေ့ ခဲ့ရတဲ့ အဖြစ် အ ပျက်ကို My Story မှာ ရေးသား ပြောပြ ထားတာပဲ ဖြစ်ပါတယ် ။

ခင်သဇင် ကတော့ စေတနာနဲ့ လိုက်ပါ ဆောင်ရွက်ခဲ့ ပေမယ့် သမီး ရည်းစားကြား ညပ်ကာ ဒုက္ခ ရောက်ခဲ့ ရပုံကို ပြောပြ လာခဲ့ တာပဲဖြစ် ပါတယ်နော် ။ အဆုံးထိ ဖတ်ရှုပေးကြတဲ့ ချစ်ပရိတ်သက်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးဖြစ်ပါစေ။ source: Shwe Yaung Myanmar