နေ့တိုင်းဆွမ်းလောင်းတဲ့ အဖွားအိုကို တိုက်အိမ်လေးဆောက်လုပ်လှူဒါန်းပေးခဲ့တဲ့ ဦးဇင်းလေး

နေ့တိုင်းဆွမ်းလောင်းတဲ့ အဖွားအိုကို တိုက်အိမ်လေးဆောက်လုပ်လှူဒါန်းပေးခဲ့တဲ့ ဦးဇင်းလေး

ထိုင်းနိုင်ငံ အရှေ့ပိုင်း၊ ပရာကျင်းပူရီ ခရိုင်ထဲမှာ ဒုလ္လဘရဟန်းခံခဲ့သူတစ်ဦးကသူ့ကို မနက်တိုင်းဆွမ်းလောင်းခဲ့တဲ့ အဘွားအိုအတွက် တိုက်အိမ်တစ်လုံး ဆောက်ပေး လိုက်ပါတယ်။

နိုင်းနတ်ထဝုတ်ငူးဆွန်ဆိုသူဟာ ဘန်ကောက်က ကုမ္ပဏီကြီးတစ်ခုရဲ့ အမှုဆောင် ဒါရိုက်တာဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ လက ပရာကျင်းပူရီခရိုင် ကပင်ပူရီမြို့ရှိ ဆာမတ်ခီး ဆမိုးဆွန် ကျောင်း တိုက် မှာ ဒုလ္လဘရဟန်းခံခဲ့ပါတယ်။

ရဟန်းဘဝမှာဆွမ်းခံထွက်စဉ် ယိုင်နဲ့နဲ့ အိမ်စုတ်တစ်လုံး ရှေ့ကနေ မနက်တိုင်း ဆွမ်း လာလောင်းတဲ့ အဘွားအိုတစ်ယောက်ကို သူက သတိထားမိနေ ပါတယ်။

အဆိုပါ အဘွားအိုဟာ အသက် ၇၀ ရွယ်ရှိ နန်းဆိုဝဖားဖွန်းလ်ဆင် ဆိုသူဖြစ်ပြီး ခင်ပွန်းသည် ကွယ်လွန် သွားပြီ ဖြစ်ကာ သားသမီး ၄ ယောက်ရှိပေမယ့် အားလုံးက အဝေးမှာ အိမ်ထောင်အသီးသီး ကျသွားလို့ တဲအိမ်လေးမှာ တစ်ဦးတည်းနေနေရတယ်လို့ ဆိုပါတယ်။

အဘွားအိုနေထိုင်တဲ့ တဲစုတ်မှာ အလွန်ယိုင်နဲ့ နေပြီး ပြိုကျလာရင် အန္တရာယ်ရှိနိုင် သလို အိမ်သာ ကလည်း အလွန် စုတ်ပြတ် နေတာကြောင့် ဒုလ္လဘရဟန်းက အဘွားအတွက် အိမ်အသစ်ပြန်ဆောက်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နိုင်းနတ်ထဝုတ်ဟာ လူဝတ် လဲပြီးတဲ့ နောက်မှာ တော့ အဘွားအိုအတွက် အိမ်သစ်ဆောက် ပေးဖို့ ပါဝင် လှူဒါန်း လိုသူတွေကို လူမှုကွန်ယက်ကနေ ဖိတ်ခေါ်ခဲ့ပါတယ်။

ပြိုလုနီးပါး တဲအိမ်ရှေ့က အဘွားအိုရဲ့ပုံကို တွေ့ပြီး သနားကြင်နာသူတွေက အလှူငွေ ထည့်ဝင် ကြရာမှာ စုစုပေါင်း ဘတ် ၂ သိန်းကျော်ရခဲ့ကြောင်း အဲဒီနောက် တဲဆောက် နေခွင့်ပြုတဲ့ မြေပိုင်ရှင်ကို ခွင့်တောင်းပြီး တိုက်အိမ်လေးတစ်လုံး စဆောက်ခဲ့ပါတယ်။

အဆိုပါ အိမ်သစ်ကို နိုင်းနတ်ထဝုတ်က သူ့ လုပ်အား နဲ့ ကိုယ်တိုင်ဆောက် သလို နယ်မြေခံ စစ်တပ်နဲ့ ရပ်ကွက် အုပ်ချုပ်ရေး ရုံးက စေတနာ ဝန်ထမ်းတွေလည်း လာရောက်လုပ် အားပေး ကူညီခဲ့ကြပါတယ်။

ဒါကြောင့် နေအိမ်ဟာ ၇ ရက်အတွင်း ဆောက်လုပ် ပြီးစီး သွားပြီး အတွင်းက ပန်ကာ၊ခုတင်၊မွေ့ယာ ၊ရေခဲသေတ္တာအစရှိတဲ့ ပရိဘော ဂတွေပါထည့်တွက်ရင် ဘတ် ၃ သိန်းခန့်ကုန်ကျကြောင်း၊ စေတနာ ရှင်တွေလှူတဲ့ငွေက ၂ သိန်းကျော်ပြီး ကျန်တာကို သူတစ်ဦးတည်း စိုက်လှူလိုက်တယ်လို့ နိုင်းနတ်ထဝုတ်က ပြောပါတယ်။

အဘွားအို ကို အိမ်အပ်နှင်းပွဲနဲ့ အိမ်သစ် တက်ပွဲ ကိုတော့ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ ပါတယ်။ သပ်ရပ်လှပတဲ့ အိမ်သစ်ကလေးကိုကြည့်ပြီး အဘွားဖြစ်သူကဝမ်းသာလွန်းလို့ အယောင်အယောင် အမှားမှားဖြစ်ကာ ငိုချင်လာကြောင်း အခုလိုကံကောင်းတဲ့ ဆုလာဘ်ကြီးကို မြန်မြန်ရရှိမယ်လို့ အိပ်မက်တောင် မမက်ခဲ့ပါဘူးလို့ ပြောပါတယ်။

အိမ်နီးနားချင်း တွေကတော့ အဘွားဟာ မနက်တိုင်းဘုန်းကြီးဆွမ်းလောင်းတာ အဲဒီ ကုသိုလ် အကျိုးကို ပြန် ရ ပြီ လို့ ပြော ပါတယ်။ နိုင်းနတ်ထဝုတ် ကလည်း “အဘွားအိမ်မက်ထဲက ထွက်ခဲ့တော့၊ ဒါဟာ အိပ်မက်မဟုတ်ဘူး။အဘွား အိမ်သစ်ရဖို့ စိတ်ကူးယဉ်ခဲ့တယ်မဟုတ်လား။ အမှန်တကယ်ဖြစ်နေတာ” လို့ပြောခဲ့ပါတယ်။

နေအိမ် အတွက် ပါဝင် လှူဒါန်း သူတွေ အားလုံး ကို ကျေး ဇူးတင်ကြောင်းနဲ့ စိတ်ပါလက်ပါ စေတနာ အပြည့်နဲ့ လာရောက် ဆောက် လုပ် ကူညီပေးသူ တပ်ဖွဲ့ဝင် တွေနဲ့ စေတနာ ဝန်ထမ်းတွေ အားလုံးကိုလည်း ကျေးဇူး တင်ကြောင်း နိုင်းနတ်ထဝုတ် က ပြောပါတယ်။ ခရက်ဒစ်

Tags: