စစ်သည်ပေါင်း ၁၉၄ ဦးရဲ့ အသက်ကို ကယ်ခဲ့တဲ့ ခိုမလေး

စစ်သည်ပေါင်း ၁၉၄ ဦးရဲ့ အသက်ကို ကယ်ခဲ့တဲ့ ခိုမလေး

ဒီခိုမလေးရဲ့ အမည်က ပြင်သစ်စကား နဲ့ “ရှဲအမီ Cher Ami” ၊အဓိပ္ပါယ်ကတော့ ချစ်လှစွာသောမိတ်ဆွေ တဲ့။ ဗြိတိန် ခိုလေ့ကျင့်သင်ကြားသူတွေ ထံကနေ အမေရိကန် စစ်တပ်ကို ရောက်ရှိ ခဲ့တာဖြစ်ပါတယ် ။ အဲဒီ အချိန် ပထမ ကမ္ဘာစစ်အတွင်းက ပြင်သစ်နယ် နိမိတ်ထဲမှာ ရောက်ရှိနေတဲ့ အမေရိကန် စစ်တပ်ဟာ စာပို့ ခိုပေါင်းများစွာကို အသုံးပြုတဲ့ အနက် ဒီခိုမလေး ဟာလည်း တကောင် အ ပါအဝင်ဖြစ်ခဲ့ပါတယ်။

ခိုမလေး ရှဲအမီ ကို နာမည်ကျော်ခဲ့စေတဲ့ဖြစ်ရပ်ကတော့ ၁၉၁၈ ခုနှစ် အောက်တိုဘာလမှာ ဖြစ်ခဲ့တာပါ။၁၉၁၈ ခုနှစ် အောက်တိုဘာ လ ၃ ရက်နေ့ Argonne တိုက်ပွဲအတွင်း အမေရိကန်ဗိုလ်မှူးတဦးဖြစ်သူ ချားလ်ဝှိုက်ဝှစ်တယ်ဆေ နဲ့ သူ့ရဲ့ စစ်သည် ၅၅၀ ခန့်ဟာ ရန်သူ့ နယ်မြေထဲမှာ ပိတ်မိ သွားခဲ့ပြီး ရိက္ခာ နဲ့ ထောက်ပံ့ရေးလမ်း ကြောင်းတွေပါ ဖြတ်တောက်ခံ ခဲ့ရတယ်။ လက်နက် ခဲယမ်းလည်း မလုံလောက်တော့ပါဘူး။ သူတို့ရဲ့ တည်နေရာကို မသိရှိကြတဲ့ မိမိတို့ဘက်က အခြားတပ်တွေ ဆီကနေ စစ်ကူ ရဖို့ မျှော်လင့်ရုံပဲ ရှိပါတော့တယ်။

ပတ်ပတ်လည်မှာဂျာမန်တွေက ဝိုင်းပြီးပစ်ခတ်တာကြောင့် နောက် ဆုံးမှာတော့ သေဆုံး ဒဏ်ရာရသူတွေကို ဖယ်လိုက်ရင် စစ်သည်စုစုပေါင်း ၁၉၄ ဦးပဲကျန်ပါတော့တယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ စာပို့ခိုဟာလည်း ၃ကောင်ပဲ ကျန်တော့တယ်။ဗိုလ်မှူး ဝှစ်တယ်ဆေ ဟာ စာပို့ ခိုတကောင်နဲ့ “အထိ အခိုက် အကျ အရှုံး အရမ်း များ နေပြီး ဆုတ်ခွာဖို့လည်း လမ်းမရှိတော့ဘူး” လို့ ရေထားတဲ့ စာကို ပို့လိုက်တယ် ။ ဒါပေမယ့် အဲဒီခိုဟာ ပျံတက်တက်ချင်းမှာပဲ ရန်သူ တွေရဲ့ ပစ်ချခြင်းကို ခံခဲ့ရတယ်။

ဒုတိယ ခိုတကောင်နဲ့ “အားလုံး ဒုက္ခရောက်နေပြီ ၊စစ်ကူလွှတ်ပေးနိုင်မလား” ဆိုတဲ့ စာကို ထပ်ပို့တယ် ။ ဒါပေမယ့် ဒီခိုလည်း ပစ်ချခံရတာပါပဲ။အဲဒီထက်ဆိုးတာကသူတို့ဘက်ကအဝေးပစ်အမြောက် တပ်တွေက သူတို့ရှိတဲ့နေရာကို အဆက် မပြတ် ပစ်နေတာပါ။ ဝှစ်တယ်ဆေ တို့ကို မြောက်ဘက်လျိုထဲမှာ ရှိနေမယ်အထင်နဲ့ တောင်ဘက်ကို ပစ်တဲ့ အခါမှာ အမှတ် မထင် အချင်းချင်း ပြန်ပစ်မိသလို ဖြစ်နေတာပါ။ စာပို့ခို ၃ကောင် ရှိတဲ့အနက် ၂ကောင် ပစ်ချခံလိုက်ရတာကြောင့် ၁ကောင်ပဲ ကျန်တော့တယ် ။ ဒီတကောင်ဟာ သူတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ။

ရွှေးချယ်စရာ လမ်းမရှိတော့တဲ့ နောက်မှာတော့ ခိုမလေး ရှဲအမီကို နောက်ဆုံး စာပို့ခို အနေနဲ့ စာကို ခိုလေးရဲ့ ဘယ်ဘက် ခြေထောက်မှာ ဆွဲကာ ပို့လွှတ်လိုက် ပြန်ပါတယ် ။ စာထဲမှာတော့ “ကျွန်တော်တို့အဖွဲ့တွေ စစ်ဆင်ရေး လမ်းကြောင်း 276.4 တည်နေရာမှာ ရှိနေပါတယ်။ခင်ဗျားတို့ပစ်တဲ့ ကျည်ဆံတွေ ကျွန်တော်တို့ဆီကို ကျရောက်နေ ပါတယ်။ ပစ်တာ တွေကို ရပ်ပြီး ကျွန်တော် တို့ကို လာရောက် ကယ်တင်ပါ” လို့ ရေးထားခဲ့တယ်။ ခိုမလေး ရှဲအမီ စာကို ယူဆောင်ပြီး ပျံတက် တက် ချင်းမှာပဲ ဂျာမန် စစ်သားတွေ မြင်ပြီး ဝိုင်းပစ်ပြန်တာပဲ။ ကျည်ဆံ ထိပြီး ပြုတ်ကျ သွားခဲ့ ပေမယ့် စက္ကန့်အနည်းငယ်အတွင်းမှာ နောက်တကြိမ်ပျံတက်သွားနိုင်ခဲ့တယ်။

ဒဏ်ရာတွေ ရနေလျက် နဲ့ပဲ ၂၅ မိုင် အကွာအဝေးကိုပြီးဆုံးအောင် ပျံသန်းရင်း ငှာနချုပ်ကို အောင်မြင်စွာ ရောက်ရှိခဲ့ ပါတယ် ။ သူ့ရဲ့စွမ်းဆောင် မှုကြောင့် စစ်သည် ၁၉၄ ဦးကို စစ်ကူတွေပို့ကာ ကယ် တင်နိုင် ခဲ့ပြီး အသက် ဘေးမှ လွတ်မြောက်ခဲ့ရတယ်။ခိုမလေးဟာ ခြေလျှင်တပ်မ ၇၇ရဲ့ သူရဲကောင်းဖြစ်လာခဲ့တယ်။ခိုမလေးကို စစ် ဆေးကြည့်တဲ့ အခါမှာတော့ ရင်အုံမှာ သေနတ်ဒဏ်ရာ ရနေ သလို မျက်လုံး တဖက်လည်း ကန်းနေတဲ့ အပြင် ခြေထောက်တဖာက်ကလည်း တွဲလျောင်းကျနေပြီဖြစ်တယ်။

ဆေးတပ်သားတွေ အစွမ်းကုန် ဝိုင်းဝန်း ကုသခဲ့ ကြပြီး ခိုမလေးရဲ့ အသက်ကို ကယ်တင် လိုက်နိုင် ကြတယ်။ ဒါပေမယ့် ခြေထောက်ကတော့ ပြန်မကောင်းတော့တဲ့အတွက် သစ်သားခြေထောက်အတုလေးကို အစားထိုးပေးခဲ့ ကြတယ်။ အဲဒီ နောက်တော့ ခိုမလေးကို သူရဲကောင်းတဦးအဖြစ် အမေရိကန်ကို ပြန်ပို့ခဲ့တယ်။ဒီစွမ်းဆောင်မှုအပြင် အခြားအရေးပါတဲ့ ပေးပို့မှုပေါင်း ၁၂ကြိမ်လောက်ကို ခိုမလေးက စွမ်းဆောင်ပေးခဲ့ တာကြောင့် ပြင်သစ် အစိုးရရဲ့ Croix de Guerre ဆုချီးမြှင့်ခံခဲ့ရတယ်။ အခြားဆုတံဆိပ်တွေလည်း ရရှိ ခဲ့သလို သူရဲကောင်း စာပို့ခို စာရင်း မှာလည်း ထည့်သွင်းခံခဲ့ရတယ်။ခိုမလေးဟာ စစ်ပွဲ အတွင်း ရ ရှိ ခဲ့ တဲ့ ဒဏ် တွေ ကြောင့်ပဲ နောက် တ နှစ် အ ကြာ ၁၉၁၉ ခု နှစ် မှာ တော့ နယူးဂျာစီမှာရှိတဲ့ Monmouth ခံတပ်မှာ သေဆုံးသွားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ စစ်အတွင်း အရဲရင့်ဆုံးတိရစ္ဆာန်သူရဲကောင်းဆုကို အခြား တိရစ္ဆာန်လေး ၇ ကောင်နဲ့အတူ ရွေးချယ် ချီးမြှင့်ခံခဲ့ရပါတယ် ။ ၁၉၂၀ ၊ ၃၀ တဝိုက်က အမေရိကန် ကျောင်းသားငယ်လေးတိုင်းဟာ ရှဲအမီကို ပထမကမ္ဘာစစ်အတွင်းက သူရဲကောင်းတဦးအဖြစ် သိကြပါတယ်။ ခိုမလေးရဲ့ ခန္ဓာကိုယ်ကိုတော့ ပုံသွင်းပြီး အမေရိကန် သမိုင်း အမျိုးသားပြတိုက်မှာ အခြား သူရဲကောင်းတဦးဖြစ်တဲ့ ခွေးကလေး တပ်ကြပ်ကြီး စတပ်ဘီနဲ့အတူ ယှဉ်တွဲပြသထားလျက်ရှိပါတော့တယ်။credt:original uplooader