မန္တလေးမှာ ဆရာဝန်အယောင်ဆောင်ပြီး ခွဲစိတ်ခဲ့တဲ့ ရမ်းကုကို မုံရွာမှာ ဖမ်းမိ (ဆေးဗိုလ်မှူးပါ လုပ်လိုက်သေး)

မန္တလေးမှာ ဆရာဝန်အယောင်ဆောင်ပြီး ခွဲစိတ်ခဲ့တဲ့ ရမ်းကုကို မုံရွာမှာ ဖမ်းမိ (ဆေးဗိုလ်မှူးပါ လုပ်လိုက်သေး)

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ရွှေဇလုပ် ရပ်ကွက် ကံမရပ်မှာ တပ်မတော်ဆေးတပ်ဖွဲ့မှ ဗိုလ်မှူးအဆင့် အယောင်ဆောင်ပြီး ဆေး လိုက်လံ ကုသ နေသူ တစ်ဦးကို ဖမ်းဆီးရမိတယ်လို့ မုံရွာမြို့ နယ် မြေရဲစခန်းက သိရပါတယ်။

အယောင်ဆောင် သူမှာ ကိုသန့်ဇင်ဝင်း အသက် ၃၂ နှစ်အရွယ် အ မျိုးသားတစ်ဦးဖြစ်ပြီး မုံရွာမြို့သလ္လာနယ်မြေ ၁၂၊ကျန်စစ်သားလမ်း နေသူ ဖြစ်ကာ ဗိုလ်မှူး ရဲသွေးဦး အမည်နဲ့ ဗိုလ်မှူးရာထူး အ ဆင့် တပ်ဆင်ထားတဲ့ တပ်မတော် ဆေး ဝန်ထမ်း လက်မောင်း တံ ဆိပ်ပါ ယူနီဖောင်းဝတ်ဆင်လျက် ကုသဖို့ပြင်နေစဉ် ဖမ်းမိတာဖြစ်တယ်လို့ ဆိုပါတယ်။

“သူ့ကို မနေ့က နေ့လယ် ၂ နာရီ ၁၅ လောက်က ဖမ်းမိတာပါ။ သူ အဲ့ဒီမှာ Uniform နဲ့ ဆေးကုဖို့ပြင်နေတဲ့ အချိန်မှာ ဖမ်းမိ တာပါ။ တခြားပစ္စည်းတွေ ဘာတွေ တွေ့တာပေါ့နော်။ သူက မုံရွာကပါပဲ။စစ်ကိုင်းတိုင်းထဲမှာ အရင်တုန်းကဒီလို အယောင်ဆောင် တစ်ခါရယ်၊ ဆရာဝန် မဟုတ်ဘဲ ဆေးကုသမှုနဲ့ပတ်သက်ပြီးတော့ တစ်ခါရယ် နှစ်ခါထောင်ကျဖူးတယ်”လို့ မုံရွာမြို့ နယ်မြေရဲစခန်းက တာ ဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တပ်ထိန်းတပ်ခွဲကနေ ဖမ်းပြီး ကျွန်တော်တို့ဆီ အမှု လာဖွင့်ထားတာပါ။ အဲဒီလူက ဟုမ္မလင်း နမ့်တောဘက်မှာ ဒီလိုပဲ ဆေးကုနေတာ။ ခုအဲဒီဘက်က အလုပ်တွေပိတ်တော့ မုံရွာဘက် ရွှေ့လာတာ သိပ် မကြာသေးဘူး ။ သူက လမ်းတွေ ခင်းတယ် ။ ပရဟိတတွေ လုပ်တယ်။ ဘိလပ်မြေတို့၊ ဘာတို့ အကြွေးယူတော့ ဗိုလ်မှူးဖြစ်ပြီး ဘာလို့ အကြွေးတွေယူတာလဲပေါ့။

လူတွေကမသင်္ကာတာနဲ့ သတင်းပို့ရာကနေ ဖမ်းမိတာ”ဟု မုံရွာမြို့ နယ်မြေရဲစခန်းမှူး ရဲအုပ်ခင်သန်းက ပြောပါတယ် ။ “ထောင်ထဲမှာ ထောင်ဆရာဝန် ဆီကနေ ဆေးကုသနည်းတွေ သိပြီး နယ်တွေမှာ လိုက်ကု နေတာ။ ဆေးပစ္စည်း တွေလည်း သူ့ဆီ တွေ့တယ်”ဟု ရဲအုပ်ခင်သန်းက ပြောပါတယ်။ဗိုလ်မှူးအယောင်ဆောင် ဆေးကုသနေသူထံမှ တပ်မတေ ာ်ဆေးဝန်ထမ်း လက်မောင်း တံဆိပ်ပါ စစ်စိမ်းရောင် ယူနီဖောင်း ၁ ထည်၊ ဗိုလ် မှူးရဲသွေးဦး (M.B.B.S)(D.S.M.A) (M.Med.SC.Ortho) အရိုး အကြောအထူးကု၊ (၂၀/၁၀၀ တပ်မတော်ဆေးရုံကြီး) စာ တမ်းပါ တံဆိပ်တုံး ၁ တုံး၊ ရဲဘော်မသေ သေသော်ငရဲမလား စာသားပါ ဦးထုပ် တံဆိပ်တပ်ထားသော အရာရှိဦးထုပ် ၁ လုံး၊ ပြောက်ကျားစစ်အနွေးထည် ၁ ထည်၊ ပြောက်ကျား လက်ဆွဲလက်ကိုင်အိတ် ၁ လုံး သိမ်းဆည်းရမိပါတယ်။

မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်မှာလည်း ဆေးခန်းဖွင့် ကုသခဲ့ဖူးရာ ဆေးကောင်စီပုဒ်မနဲ့အမှုဖွင့်ခံထားရပြီး စစ်ကိုင်းတိုင်း ဘက် ထွက်ပြေးတိမ်းရှောင်နေသူ ဖြစ်တယ်လို့လည်း ၎င်းက ထပ်မံပြောကြားပါတယ် ။ တပ်မတော် အရာရှိ အယောင် ဆောင် ပြီး ဗိုလ်မှူးရာထူး ဝတ်စုံ၊ တံဆိပ် ဝတ်ဆင်ခြင်း၊ လိမ်လည် ကုသခြင်း တို့ ကို အရေးယူ ပေး ရန် တပ်မတော် ဘက်မှ အမှု ဖွင့်ထားကာ နယ်မြေရဲစခန်းမှာ အမှုဖွင့် စစ်ဆေးလျက် ရှိတယ်လို့လည်း သိရပါတယ်။source : zet star

Tags: