လေးလံ လှတဲ့ အိတ်တွေ သယ်ပြီးတော့ သားသမီး ၄ ယောက် အတွက် ပိုက်ဆံ ရှာနေတဲ့ မသန်စွမ်း ဖခင်ကြီးရဲ့မေတ္တာ တရား

သားသမီး ၄ ယောက် အတွက် လေးလံ လှတဲ့ အိတ်တွေ သယ်ပြီးတော့ ပိုက်ဆံ ရှာနေတဲ့ မသန်စွမ်း ဖခင်ကြီးရဲ့ မေတ္တာ

မိဘ တွေ ကတော့ သူတို့ အတွက် ဘယ် လောက် ပင် ခက်ခဲကြမ်း တမ်း နေသော် လည်း သူတို့ ချစ်တဲ့ သားသမီး အတွက်အကောင်းဆုံးဖြည့်ဆည်း ပေးချင်ကြတာ သဘာဝပါ။

အခြားသူတွေထက် မသာလွန်တောင်တန်းတူ ဖြစ်အောင် ကြိုးစားပြီး သားသမီး တွေကို အစားအသောက် ပေးပြီး ၊ မိုးလုံ လေလုံနေ ထိုင်နိုင်ဖို့ နဲ့ ပညာသင်ကြား နိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားနေကြ သူတွေဘဲ ဖြစ်ပါတယ်နော်။

ယခုပြောပြ ချင်တာကတော့ ဖိလစ်ပိုင်နိုင်ငံက ကလေး 4ယောက်ရဲ့ဖခင်ဟာ ခန္ဓာကိုယ် မသန်စွမ်း ပေးမဲ့လည်း အလုပ်ကြိုးစားလုပ် ကိုင်နေတာဘဲ ဖြစ်ပါတယ်။

အဲ့ဒီ အကြောင်း ဟာလည်း facebook စာမျက်နှာတွေ ပေါ်မှာအတော်လေးကို ရေပန်းစား နေလျက် ရှိနေတာပါ ။ သားသမီးတွေကို ကျွေးမွေး နိုင်ဖို့ အတွက် ခြေထောက်တွေ မရှိပေမဲ့လည်း ဖခင်တစ်ယောက်ရဲ့ဝတ္တရား လုံးဝမပျက်ကွက်ခဲ့သူဘဲ ဖြစ်ပါတယ်။

အဆို ပါ အမျိုးသားကြီး ဟာ လေးလံ လွန်းတဲ့ ကုန်အိတ်ကြိးကို ဖခုံးပေါ်မှာ မတင်ပြီးတော့ ချိုင်းထောက်ကို မှီခို အားပြုကာ ကုန်တင်ကုန်ချ အလုပ်လုပ်နေခဲ့တာဘဲ ဖြစ်ပါတယ် ။

စိတ်မ ကောင်းစွာ နဲ့ဘဲ အ ဆို ပါ အမျိုးသားရဲ့ အမည် နှင့် နေရပ်လိပ်စာ တို့ကို တိကျစွာ ဖော်ပြပေးထားခြင်းမျိုးမရှိခဲ့ပါဘူးနော်။ဒါပေမယ့်လည်း ဖခင် ဝတ္တရား ကျေပွန် လှ တဲ့ အ ဆိုပါ အမျိုးသားကြီးကို လူအတော် အများက ချီးကျူး နေ ကြတာဘဲ ဖြစ်ပါတယ်နော် ။Source: elitereaders