၇၈ နှစ်အရွယ်က ၁၇ နှစ် ဇနီးငယ်လေးကို ထိမ်းမြားပြီး ၂၂ ရက်အကြာတွင် ကွာရှင်းလိုက်

၇၈ နှစ်အရွယ်က ၁၇ နှစ် ဇနီးငယ်လေးကို ထိမ်းမြားပြီး ၂၂ ရက်အကြာတွင် ကွာရှင်းလိုက်

အင်ဒိုနီးရှား နိုင်ငံက ၁၇ နှစ်အရွယ် မိန်းမချောလေးကို ရထားတဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးသားက သူ့ဇနီးငယ်ငယ် ချောချောလေးကို လက်ထပ်ထိမ်းမြားပြီး ၂၂ ရက်အကြာမှာပဲ ပြန်ကွာရှင်းလိုက်ပါ တယ်။

၇၈ နှစ်အရွယ် ခင်ပွန်းဖြစ် သူက အဘာဆာနာ ဆိုသူဖြစ်ပြီး သူရဲ့ ၁၇ နှစ် အရွယ်ဇနီးလေး ကတော့ နိုနီနာဗီတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ လတုန်း ကမှ လက်ထပ် ထိမ်းမြားခဲ့တာ ဖြစ် ပြီး သူ တို့ ဇနီး မောင်နှံရဲ့ အသက် အရွယ် ကွာခြားမှုကြောင့် လူ တွေ စိတ်ဝင် တစားဖြစ်ခဲ့ကြပါသေးတယ်။

အခုတော့ ညားခါစ ဇနီး မောင်နှံ က ပြီးခဲ့တဲ့ အပတ် တုန်းက ပြန်ကွာရှင်းလိုက်တာ ဖြစ်ပြီး ခင်ပွန်းဘက်က စတင်ပြတ်စဲခဲ့ တာလို့ သိရပါတယ်။ ဇနီးဖြစ်သူ နိုနီနဲ့ အိမ်ထောင်ရေးမှာ ထူးထူးခြားခြားပြဿ နာမရှိဘဲနဲ့ ခင်ပွန်းဘက်က ကွာရှင်းစာပို့ လာခဲ့တာကြောင့် ဇနီးနဲ့သူရဲ့မိသားစုဘက် က အံ့အားသင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့ဘက်ကမိသားစုမှာ ဘာပြဿနာမှ မရှိပေမယ့် ခင်ပွန်းဖြစ်သူဘက်ကမိသား စုက သူတို့ နှစ်ဦးလက်ထပ်တာကို ဆန့်ကျင် နေခဲ့တာလို့လည်း ဇနီးက ဆိုပါ တယ်။ ဇနီးဖြစ်သူက အိမ်ထောင်မပြုခင် ကတည်းက ကိုယ်ဝန်ရထားတာလို့ ခင်ပွန်းဘက်မှ မိသားစုက စွပ်စွဲပြစ်တင်တာ တွေရှိနေခဲ့ပေမယ့် အမှန်တရားမဟုတ်ပါ ဘူးလို့ နိုနီရဲ့ညီမဖြစ်သူ အီယန်က ပြော ကြားခဲ့ပါတယ်။

အသက် အရွယ် ကွာခြား လွန်းတဲ့ အိမ်ထောင်ရေး ဖြစ်လို့ အစက တည်းက လူတွေ စိတ်ဝင်စား နေကြတဲ့ သူ တို့ ဇနီးမောင်နှံက အခုတစ်ခါ လက်ထပ်ပြီး တစ်လတောင် မပြည့် သေးဘဲ ပြန် ကွာ ရှင်းလိုက် ပြန် တာကြောင့် ထပ်ပြီး စိတ်ဝင် စားစရာဖြစ်ရပြန်ကာ အွန်လိုင်းသုံးသူတွေ ကြားမှာ ထင်မြင် ပြောကြား မှုတွေ အမျိုးမျိုး အ ဖုံဖုံရှိနေခဲ့တယ်လို့ သိရပါတယ်။credit: Pyi Myanmar

Tags: