နေ့ခင်းကြောင်တောင် လူစည်တဲ့ နေရာမှာတောင် ကြုံတွေ့ခဲ့ ရတဲ့လူလိမ်အမျိုးသမီးအကြောင်းကို အားလုံးသတိထားရအောင်ပြောလာတဲ့ စွဲညှို့ရှင်

နေ့ခင်းကြောင်တောင် လူစည်တဲ့ နေရာမှာတောင် ကြုံတွေ့ခဲ့ ရတဲ့လူလိမ်အမျိုးသမီးအကြောင်းကို အားလုံးသတိထားရအောင်ပြောလာတဲ့ စွဲညှို့ရှင်

သရုပ်ဆောင် မင်းသားချောလေး ဟိန်းဝေယံ ရဲ့ ညီမလေး ဖြစ်တဲ့ စွဲညှို့ရှင် ကတော့ အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းနေသူတစ်ဦး ဖြစ်ပါတယ် ။ စွဲညှို့ရှင်ဟာဆိုရင် အစ်ကိုဖြစ်သူဟိန်းဝေယံနဲ့ အတူ ဇာတ်ကား တွေလည်း ရိုက်ကူးခဲ့ သေး တာ ဖြစ် ပါတယ် ။Photo Shooting တွေလည်း ရိုက်ကူး အောင်မြင်ခဲ့တဲ့ စွဲညှို့ရှင် က လက်ရှိ မှာတော့ အနုပညာ အလုပ် တွေကို ဖြည်း ဖြည်းချင်းသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

ဒီနေ့မှာတော့ စွဲညှို့ရှင်က သူမကြုံတွေ့ခဲ့တဲ့ ထိတ်လန့်စရာ အဖြစ် အပျက် တစ်ခုကို ပြန်ပြောပြ ထားတာ ဖြစ်ပါတယ် ။ စွဲညှို့ရှင်က “Covid ကာလမှာ သတိထား စေချင်လို့ပါ ဒီနေ့တွေ့ ကြုံလိုက်ရတဲ့အကြောင်း sharing လုပ်တာပါ ဒီနေ့ center တစ်ခုမှာမုန့်သွား ဝယ်တာ car parking နားမှာ မိန်းမ တစ်ယောက်နဲ့တွေ့တယ် အသက် ကတော့ (၃၀ – ၄၀ ) ကြားပေါ့ သန့် သန့် ပြန့်လေး ဝတ်ထားတာ အဲ့တာနဲ့ အနားရောက် လာပြီး သူက ညီမလား အစ်မလား မသိဘူးပေါ့ အကူညီလေး တောင်းချင်လို့ပါ သူဖုန်းမှာ bill မရှိတော့လို့ သူ့က သူငယ်ချင်း ဖုန်းဆက်ထား ပြီးပြီ သူငယ် ချင်း ကလည်း မလာ သေးဘူး ဖုန်းခေါ်လို့ လည်းမရ အိတ် ထဲ မှာ ပိုက်ဆံ (၅၀၀) ပဲ ကျန်တော့ တယ် ဗိုက်ကလည်းဆာနေတယ်ပေါ့ စကားပြောနေရင်းနဲ့ ဘိုလိုတောင် ကြားညှပ် ပြောသေးတာ ကျွန်မလည်း အဲ့အမျိုးသမီးကို ကြည့် လိုက် တော့ ဖုန်း ကိုင် ထား တယ် ပိုက်ဆံအိတ်လည်း ပါတယ်။

(ဒီအမျိုးသမီးက တစ်ခုခုပဲလို့ တွေးမိလိုက်တယ်) ဒါနဲ့မပြီးဘဲ သူကထပ်ပြောသေးတယ်သူ taxi ပေါ်မှာ ပိုက်ဆံအိတ်ကျန်ခဲ့တယ် အိတ်ထဲမှာ ATM card အိမ် သော့ရော ပါသွား တယ်ပေါ့ အဲ့တာနဲ့ သူအိမ် တံခါးကို ဖျက်ထား လိုက်တယ် ATM card ကိုလည်း Friday က bank သွားပြီ ပိတ်ထားလိုက်ပြီးပြီပေါ့ ( Friday က bank တွေပိတ်တာသူမသိရှာဘူး )

“သူ့အကြောင်းတွေ မဆ်ိုင်ဘဲ အကုန် ရှင်းပြနေတာ အမျိုးသမီးကမခေသူတော့ မဟုတ်ဘူး ခပ်တည်တည်နဲ့ မေးသေးတာ အနုပညာအသိုင်းဝန်း ကလား ဆိုပဲ မဟုတ်ဘူးလို့ ဖြေလိုက်လို့ ဟုတ်ရင် လူကို ဘာလုပ် မလည်းတောင် မသိဘူး ဒါနဲ့ ကျွန်မလည်း ဘေးဘယ် ညာကြည့်ပြီး တစ်ခုခုလုပ်မှာလည်း စိုးရိမ်တာနဲ့ အဲ့ အမျိုးသမီးကို စိတ်မရှိပါနဲ့နော် ဆိုပြီး ပိုက်ဆံထုတ်ပေးလိုက်တယ် အဲ့အမျိုးသမီးက ပိုက်ဆံပြန်ဆက်မှာမို့ ဖုန်းနံပါတ်ပေးပါ လာတောင်တောင်းတာ ရဲတင်းလိုက်တာနော် မပေးဘဲနဲ့မြန်မြန် centerထဲအဝင်ပြလိုက်ပြီးသူ့ကိုကြည့်နေတာ အဲ့အမျိုးသမီးလည်ချက်ကတော့ center ထဲ အင်္ကျီအသစ်တစ်စုံလဲပြီး center ထဲကနေပြန်ထွက်လာတာလိမ်တဲ့သူတွေများ နေ့လည် အလင်းရောင် ရတဲ့ အချိန်တောင်လိမ်ရဲဲကြတာ။

ဘုရားဘုရား ကိုယ် ကိုယ်တိုင်ခံရမှ ကြောက်တောင်ကြောက်တယ် အပြင်မှာ ဒီလောက်တောင် ဖြစ် နေ ကျ ပြီးလား အခု ချိန် အသွား အလာဂရုစိုက်ကြပါ ဖြစ်နိုင်ရင် တစ်ယောက်ထဲမသွားပါနဲ့ အိမ်နဲ့နီးတယ်ဆိုလည်းတစ်ယောက်ယောက်ခေါ်သွားပါလို့ အကြံပြုချင်ပါတယ် ” ဆိုပြီး သူမရဲ့အဖြစ်ကို ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။Source and Photo Credit:Shwe Sin Win Ko’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *