မြွေအကြေးခွံများနှင့် တူသည့် ထူးခြားတဲ့ သဘာဝ ကျောက်ဖျာ မျက်နှာပြင်ကြီးကို ထပ်မံတွေ့ရှိပြန်

မြွေအကြေးခွံများနှင့် တူသည့် ထူးခြားတဲ့ သဘာဝ ကျောက်ဖျာ မျက်နှာပြင်ကြီးကို ထပ်မံတွေ့ရှိပြန်

ထိုင်းနိုင်ငံရဲ့အရှေ့ဘက် အီစံပြည်နယ် ဘွန့်ကန်းခရိုင် ဘွန့်စေကားမြို့နယ်ရဲ့ အရှေ့ မြောက်ဘက် လာအိုနိုင်ငံ နယ်စပ်မျဉ်း ၊ မဲခေါင်မြစ်ကမ်း နှင့် ၂ ကီလိုသာ ဝေးကွာ တဲ့ ဧက ၆ သောင်း ကျော်ခန့် ကျယ်ဝန်းပြီး အမြဲစိမ်းတော သဘာဝ ဘေးမဲ့ သစ်တော ကြိုးဝိုင်းကြီး ထဲ တွင် ပင်လယ် ရေ မျက်နှာပြင် အ မြင့် ၁၃၅၀ ခန့် အ နိမ့် အမြင့်မညီညာတဲ့ “ဖူဝိုးဝါး” ကျောက်တောင်ချောက်ကမ်းပါးယံစောင်းကြီးများစွာရှိပါတယ် ။

အဲ့ဒီ အနီး အနားက ကျောက် ကမ်းပါးယံ များတွင် နှစ်ပေါင်းများစွာက ရေစီးလမ်းကြောင်း များက ထူးဆန်းစွာ မြွေကြီးတစ်ကောင်ရဲ့ အကြေးခွံကွက်ကြီးများ သဖွယ် ဖြစ်ပေါ် နေတာမို့ စိတ် ဝင်စားသူများ သွားရောက် လည်ပတ်လျှက် ရှိကြသလို တစ်ချို့လည်းယုံ ကြည်ရာ ဆုတောင်းပူဇော်ပသကာ သုံးလုံးဂဏန်းတောင်းသူများလည်း ရှိကြသည်ဟုဆိုပြန်သည် ။

ယခင်က ဘွန့်ခိုလုံမြို့နယ် ထဲက “ဖူလန်ကား” တောင်ပေါ်တွင် ရှိသည့် ဧရာမ သဘဝမြွေနဂါးဂူကြီးနှင့်လည်း အလှမ်းဝေးပြန်သည် ဘွန့်ကန်း ပြည်နယ်တွင် ထိုကဲ့ သို့သော သဘာဝ အတိုင်း ဖြစ်ပေါ်နေတဲ့ ထူးခြား ဆန်းပြားတဲ့ ဧရာမ ဝေလငါး မိသားစု ၃ ကောင် ပုံသဏ္ဍန် ကျောက်တုံးကြီး ၃တုံး ကလည်း မယ်ခေါင် မြစ်ကမ်းနှင့်မနီးမဝေးတွင်ရှိပါသည် ။SiThuMaung

Tags:

Add a Comment

Your email address will not be published. Required fields are marked *