လင်ငယ်နှင့် ဖောက်ပြန်သည့် မိန်းမအား ယောင်္ကျား ဖြစ်သူကို ကုန်းပိုး၍ ရွာတပတ် ပတ်ရန် တရားရုံးမှ အမိန့်ချ

လင်ငယ်နှင့် ဖောက်ပြန်သည့် မိန်းမအား ယောင်္ကျား ဖြစ်သူကို ကုန်းပိုး၍ ရွာတပတ် ပတ်ရန် တရားရုံးမှ အမိန့်ချ

အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh တွင် နေထိုင်သော တိုင်းရင်းသား လူမျိုးနွယ်စု တစ်ခုဖြစ်တဲ့ အကြင်လင်မယားနှစ်ဦးမှ ဇနီးဖြစ် သူသည် ခင်ပွန်းသည် ယောကျ်ားအပေါ် တစ်ခြားသူစိမ်း ယောကျ်ားသား တစ်ဦးနှင့် လော်လီဖောက်ပြန်သည်ဟု တ ရားရုံးသို့ဦးတိုက်လျှောက်ရာ တရားရုံးမှ ရှေးရိုးရာထုံးတမ်း အစဉ် အလာအရ ဇနီး ဖြစ်သူ၏ ဂုတ်ပိုးအား ခင်ပွန်း ဖြစ်သူမှ တက်ခွစီးစေကာ ရွာအား တစ်ပတ် တိတိ ပတ်စေဟု အောက်တိုဘာလ ၃၁ ရက်နေ့ကချမှတ်လိုက်ပြီး မနေ့က ပြစ်ဒဏ်ပေးခဲ့သည်ဟု နယူးဒေလီ သတင်း တစ်ပုဒ်တွင် ဖော်ပြ ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဇနီး မောင်နှံ သည် အိမ်ထောင်သက် ၃ နှစ် ရှ်ိ ပြီ ဖြစ် ပြီး အိန္ဒိယနိုင်ငံအနောက်ဘက် Gujaratပြည်နယ်တွင် သွားရောက်အလုပ် လုပ်ကိုင်ကာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက် နေ့ ကမှ ၄င်းတို့ နေထိုင်ရာ ဒေသသို့ ပြန် လာ ပြီး နောက် ဇနီး ဖြစ် သူ ဟာ Gujarat တွင် အလုပ်လုပ်ကိုင်နေစဉ် ခင်ပွန်းဖြစ်သူ၏ သူငယ် ချင်းနှင့် ဖောက်ပြန်လော်လီကြောင်း မိဘများကို တိုင်တန်းပြောဆိုရာ ရွာမှ လူကြီးများနှင့် မိဘများမှ “ဒီအတိုင်း ဆက်ထား၍ မဖြစ်ဘူး ၊ ရှေးထုံးစံ အတိုင်း သူမအား ပြစ်ဒဏ် ထိုက်အောင် တိုင် မှရမယ်“ ဟုဆိုကာ တိုင်တန်းခြင်းကြောင့် ယခုလို အပြစ်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်ဟု ဆိုပါသည် ။

အပြစ်ပေး နေစဉ် တရားရုံးမှ ကြိမ်တုတ် ကိုင်ပြီး ဘေးမှ လိုက်လံကြည့်ရှု့ စေခိုင်း ခဲ့သည် ၊ အကယ်၍ မသွားနိုင်ပါက နောက်ကနေ ကြိမ်ဒဏ် ပေးသည်ဟု သိ ရ သည် ၊ ရွာမှ ထွက် ကြည့်ကြသူများလည်းရှိပြီး လက်ကိုင်ဖုန်းထုတ်၍ VDO ရိုက်ကာ လူမှုကွန်ယက်ပေါ်သို့ ပို့စ်တက်သူ ၇ ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ ချုပ် နှောင်စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိနေပါသည် ။ဤကဲ့သို့ ပြစ်ဒဏ်ပေးမှုကို အိန္ဒိယ လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်မှုများလည်းရှိနေကြောင်းသိရှိရ ပါသည်။SiThu Maung

Tags:

Add a Comment

Your email address will not be published. Required fields are marked *