တောင်ကိုရီးယားတွင် မောင်းသူမဲ့ ဒရုံးတက္ကစီ စမ်းသပ်အောင်မြင်

တောင်ကိုရီးယားတွင် မောင်းသူမဲ့ ဒရုံးတက္ကစီ စမ်းသပ်အောင်မြင်

တောင်ကိုရီးယားနိုင်ငံတွင် မောင်းသူမဲ့ ဒရုံးတက္ကစီ ဝန်ဆောင်မှုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။ ယင်း ဝန်ဆောင်မှုကို မျိုးဆက်သစ် သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှု အဖြစ်၂၀၂၅တွင် စီးပွား ဖြစ် စတင် ဆောင်ရွက်ရန် ရည်ရွယ် ထားသည်။

အဆိုပါ မောင်းသူမဲ့ ဒရုံးတက္ကစီများသည် မြေပြင်ပေါ်မှ လေထဲသို့ပျံသန်းရာတွင် လေယာဉ်များကဲ့သို့ ပြေးလမ်းမလိုပဲ ပျံသန်း ဆင်းတက်နိုင် သဖြင့် ယာဉ်ကြော ပိတ်ဆို့ မှုကို သက် သာရန် ကူညီပေး သည်။

ဗုဒ္ဓဟူးနေ့က အဆိုပါ ပျံသန်းမှုကို စမ်းသပ်ရာတွင် မီဒီယာများနှင့်တကွ တောင်ကိုရီးယားအစိုးရနှင့် ဆိုးလ်မြို့အုပ်ချုပ်ရေးအဖွဲ့တို့မှလည်း တက်ရောက်ကြည့်ရှုကြသည်။

မောင်းသူမဲ့ ဒရုံး တက္ကစီသည် တရုတ် နိုင်ငံ မှ ပြု လုပ် သော နှစ်ယောက်စီး ဒရုံးများ ဖြစ်ကြပြီး ၊ မြေပြင်မှ အမြင့် မီတာ ၅၀ တွင် တစ်နာရီလျှင် ကီလိုမီတာ ၅၀ နှုန်းဖြင့် လေ ထဲတွင် ၁၀ မိနစ်ကြာအထိ ပျံသန်းခဲ့ ကြသည်။

တောင်ကိုရီးယား နိုင်ငံ Hyundai မော် တော်ကား ကုမ္ပဏီ ကလည်း အမေရိကန် Uber ကုမ္ပဏီနှင့်ပူးပေါင်း၍ ဒရုံးတက္ကစီတစ်ခုကို ထုတ်လုပ် ထားသည်။

အကယ်၍သာ အဆိုပါ မောင်းသူမဲ့ ဒရုံး တက္ကစီများကို လက်တွေ့ဝန်ဆောင်မှု ပေးမည် ဆိုပါက ယာဉ်လမ်းကြောင်း ထိန်း သိမ်းရေးအပါ အဝင် လိုအပ် သော စနစ်များကို သေချာစွာ စီစဉ်ရေးဆွဲရန် တောင်ကိုရီးယား အစိုးရက စီစဉ် နေလျှက် ရှိသည်။ credit:popular new journal