တရုတ်က ကမ္ဘာ့ ပ ထ မ ဦးဆုံး 6G ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

တရုတ်က ကမ္ဘာ့ ပ ထ မ ဦးဆုံး 6G ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

5G ဆက်သွယ်ရေး ကွန်ရက်ဖြန့် ကြက်ဝန်ဆောင်မှု အပြည့် အဝပြီးစီးလုနီး လာချိန်မှာပဲ တရုတ်ကနောက်ထပ်အဆင့် မြင့်တဲ့ ဆက်သွယ်ရေး ကွန်ရက် နည်းပညာ ကိုစမ်းသပ်ဖို့ အတွက် ပထမဦးဆုံးခြေလှမ်းကို စတင်လိုက်ပြန်ပါပြီ။

အာရှအင် အားကြီး နိုင်ငံ ဖြစ်တဲ့ တရုတ်က အခု တစ်ပတ် ထဲမှာပဲ ကမ္ဘာ့ ပထမ ဦးဆုံး 6G ဆက်သွယ်ရေးဂြိုဟ်တုကို နည်းပညာစမ်းသပ် နိုင်ဖို့အတွက် အာကာသထဲကို လွှတ်တင် လိုက်ပြီဖြစ်ပြီး ဂြိုဟ်တုလွှတ်တင်မှုအစီ အစဉ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှန်စီးပြည်နယ်၊ တိုင်ယွမ် ဂြိုဟ်တု လွှတ်တင်ရေးစင်တာက နေ နိုဝင်ဘာလ ၆ ရက်က လွှတ်တင်လိုက် တာဖြစ်ပြီး ဆက်သွယ်ရေး နည်း ပ ညာရဲ့ ခြောက် ဆက် မြောက် မျိုး ဆက်ပါရှိတဲ့ စမ်းသပ်ဂြိုဟ်တုကို ကမ္ဘာမြေပတ်လမ်းဆီ လွှတ်တင်လိုက်တာဖြစ်ပါတယ်။

Long March 6အာကာသဒုံးပျံယာဉ်ပေါ်မှာ တခြားဂြိုဟ်တု ၁၂ခုနဲ့အတူ 6G ဆက် သွယ်ရေး ဂြိုဟ်တုကိုပါတင်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီဂြိုဟ်တုကို တရုတ်နိုင်ငံ၊ အီလက်ထရွန်နစ်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရဲ့ အမည်ပေးထားပြီး 6G ဆက်သွယ်ရေးစွမ်းဆောင်မှုအတွက် အာကာ သတွင်း စမ်းသပ်မှုတွေဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

6G နည်းပညာက စမ်းသပ် ဆဲ အစောပိုင်း အဆင့်သာ ရှိသေးပေမယ့် လက်ရှိ 5G ထက် အဆ ၁၀၀ ပိုမြန်တဲ့ စွမ်းဆောင်မှု ရှိမယ်လို့ မှန်းဆထားကြပါ တယ်။credit : Pyi Myanmar

Tags: