ခွဲစိတ် စရိတ် မရှိလို့ အ သ က်ဆုံးရှုံးရမလိုဖြစ်နေတဲ့ ဆေးကျောင်း သား အတွက် အလှူရှင် များနဲ့ စုပေါင်းပြီး ငွေကျပ် သိန်း (၁၅၀) ကျော် လှူဒါန်းပေးခဲ့တဲ့ အဆိုတော် တန်ခွန်ကျော်

ခွဲစိတ် စရိတ် မရှိလို့ အသက်ဆုံးရှုံးရမလိုဖြစ်နေတဲ့ ဆေးကျောင်း သား အတွက် အလှူရှင် များနဲ့ စုပေါင်းပြီး ငွေကျပ် သိန်း (၁၅၀) ကျော် လှူဒါန်းပေးခဲ့တဲ့ တန်ခွန်ကျော်

Myanmar Idol Season (4) ရဲ့ Wild Card Winnerတစ်ယောက်ဖြစ်တဲ့တန်ခွန်ကျော်ကတော့ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရ ပေမယ့် ပရိသတ်တွေမေတ္တာကြောင့် ရရှိခဲ့တဲ့ ဆုကြီး ကိုတော့ လက်ဝယ် ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။

သီချင်းဆို ကောင်းရုံ သာမက စိတ်ထား ကောင်းပြီး ကြင်နာတတ်တဲ့ တန်ခွန်ကျော်က အခက် အခဲ ဖြစ်နေ သူတွေကို သူတတ်နိုင်သ လောက် ကူညီ ပေးသလို သူကိုယ်တိုင် နိဗ္ဗာန်ဆော် လုပ် ပြီးလည်း အလှူငွေ များ ကို ကောက် ခံ ပြီး သူ တစ် ပါး အကျိုးကို သယ်ပိုးဆောင်ရွက်တတ်သူတစ်ယောက် ဖြစ်ပါတယ်။

ဒီတစ်ခါ မှာလည်း တန်ခွန်ကျော်က ခွဲစိတ် စရိတ် မရှိလို့ အသက်ဆုံးရှုံးရ မလို ဖြစ်နေတဲ့ ဆေးကျောင်းသားလေး အတွက် အလှူငွေများ လှူဒါန်းခဲ့ကြောင့် အခုလိုပဲ ပြောပြ လာပါတယ်။တန်ခွန်ကျော်က ကျောက်ကပ် ရောဂါ ဝေဒနာကို ဆိုးဆိုး ရွားရွားခံစား နေရတဲ့ ဆေးတက္ကသိုလ် နောက်ဆုံး နှစ် ကျောင်းသားလေး အတွက် တစ်ကမ္ဘာလုံးက စေတနာရှင်များနဲ့ စုပေါင်းပြီး အလှူငွေ သိန်း (၁၅၀) ကျော်ကို လှူဒါန်းခဲ့ကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

တန်ခွန်ကျော်က “ ကိုခန့်မင်းသော် ကျောက်ကပ် အစားထိုး ကုသနိုင်ရန် အတွက် တစ်ကမ္ဘာလုံးမှ စေတနာရှင်များ လှူဒါန်းသည့် ငွေပမာဏ ( 15,005,000 MMK ) အား သွားရောက်ပေးအပ်လှူဒါန်းခဲ့ပါသည်။”ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

တန်ခွန်ကျော် ကတော့ ဆေးတက္ကသိုလ် ကျောင်းသား လေးရဲ့ အ သက် တစ်ချောင်းကို (၇) ရက်သားသမီး အလှူရှင် တွေနဲ့ စုပေါင်းပြီးကယ်တင်ခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်း အလှူရှင်များနဲ့ တန်ခွန်ကျော်ရဲ့ ကုသိုလ်လေးအတွက် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြ ပါစေလို့ ဆုတောင်း ပေးလိုက်ပါ တယ်နော်။ Source: TAN KHUN KYAW’s fb