သမီးအကြီးဆုံးရဲ့ (၁၁)နှစ်ပြည့်မွေးနေ့အတွက် နေ့ဆွမ်းကပ်ကာ လှူဒါန်းခဲ့ကြောင်း ဝေမျှပြောပြလာတဲ့ နိုင်းနိုင်း

သမီးအကြီးဆုံးရဲ့ (၁၁)နှစ်ပြည့်မွေးနေ့အတွက် နေ့ဆွမ်းကပ်ကာ လှူဒါန်းခဲ့ကြောင်း ဝေမျှပြောပြလာတဲ့ နိုင်းနိုင်း

ပရိသတ်ကြီးရေ နိုင်းနိုင်း ကတော့ ဆယ်စု နှစ်ခု စာလောက် အနုပ ညာလောကမှာ အောင်မြင်စွာ ရပ်တည်လာနိုင်သူ ဆိုလည်းမမှားပါဘူးနော်။မိန်းကလေး ပရိတ်သတ်ရော ယောကျာ်းလေးပရိတ်သတ်တွေပါ ကြိုက်နှစ်သက်ခံရသူဖြစ်ပါတယ်..။

ကျစ်လျစ် တောင့်တင်းတဲ့ ခန္ဓာကိုယ် အချိုးအစားရယ် မြင့်မားတဲ့အရပ် မောင်းရယ် နုပျို နေ ဆဲ ရုပ်ရည် တို့ က အမျိုးသမီး ပရိတ်သတ်ကို ပိုမို ဖမ်းစား ထားပါတယ် ။ ဒါ့အပြင် ( ၁၂)နှစ်နီးပါးကြာတဲ့ ပျော်ရွှင် သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင် ထားပြီး လက် ရှိမှာလည်း ချစ်စရာ သမီးလေး (၃) ယောက်နဲ့ အဖေတူသားချောလေး (၁)ယောက်ကို ပိုင်ဆိုင် ထားတာပဲ ဖြစ်ပါတယ်။

ဇနီးနဲ့ သားသမီး တွေ က တော့ သြစတျေးလျမှာ နေထိုင်ကာ နိုင်းနိုင်း ကတော့ အနုပညာ အလုပ်တွေ လုပ်နေချိန် မြန်မာ နိုင်ငံ မှာပဲ နေလေ့ ရှိသူပါ ။ဒီနေ့မှာတော့ သမီးကြီး၏ မွေးနေ့ အလှူ လေးပါ။ ချစ်သော သူများ ကိုလည်း ဝေမျှ ပါတယ်။ အေးချမ်းကြ ပါစေဆိုတဲ့ စာလေးနဲ့ အတူ ဘုန်ကြီးကျောင်းမှာ သမီးကြီးအစားကိုယ်တိုင်နေ့ဆွမ်း ကပ်လှူဒါန်းခဲ့ကြောင်း ဝေမျှ ခဲ့တာပါ။

နိုင်ငံ ရပ်ခြားမှာ ငယ်စဉ် ထဲက နေပေမယ့် သားသမီးတွေ ကိုတော့ အလှူ အတန်းနဲ့ ဗုဒ္ဓဘာသာ အမူ အကျင့်​ တွေကို သေချာသွန်သင်ထားမှုကြောင့် သမီးကြီးကလည်း Video callနဲ့ သူမရဲ့မွေးနေ့အလှူလေးကို ကပ်လှူခဲ့ တာပါ ။ ဖတ်ရှု ပေးကြတဲ့ ပ ရိ သတ် ကြီးအားလုံး သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Source: Actor99