ရည်းစား စကားပြောချင်ရင် အဖေနဲ့ အရင် ညှိဆိုတဲ့ ယဉ်လတ်

ရည်းစား စကားပြောချင်ရင် အဖေနဲ့ အရင် ညှိဆိုတဲ့ ယဉ်လတ်

အလန်းစား ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားပြီး စကားကိုချစ်စရာ ကောင်းအောင် ပြောတတ်တဲ့ အတွက် ပရိသတ်အားပေး မှုတွေကို ခံထားရတဲ့ ယဉ်လတ် ကတော့ အက်ရှင် အခန်း တွေကိုလည်း ပိုင်နိုင်တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်နော်။

စ ကား ကို အ မြဲ တမ်း သွက် သွက် လတ် လတ် ပြော တတ် တဲ့ယဉ်လတ် ကတော့ သူ့ အတွက် ကတော့ အဖေက အမေလိုဖြစ်နေတာမို့ ရည်းစား စကား ပြော ချင် ရင် အ ဖေ့ ကို လာ ပြော ပါ လို့ Sunday Journal နဲ့အင်တာဗျူးမှာ ဆိုထားပါတာပဲ ဖြစ်ပါတယ်။

သူများ တွေက မိန်းကလေးတွေက အမေနဲ့ နေတာ များတယ် ယဉ်လတ်ကကျတော့ အမေက ငယ်ငယ်ကတည်းကနေမကောင်းတော့ပြိုင် ပွဲတွေ သွားလည်း ဖေဖေပဲ လိုက်တာ ရှုတင် တွေ သွားလည်းဖေဖေပဲလိုက်တာဆိုတော့ အဖေက တစ်ခါတစ်လေ အမေလိုပဲပေါ့ တစ်ချို့ သားအဖ ဆက်ဆံရေးနဲ့တောင် မတူဘူး မိန်းကလေးကိစ္စတွေတောင် အဖေကပဲ ဖြေရှင်းပေးတာ..

အဖေက အမေလိုဖြစ်နေတယ် ငယ်ငယ်လေး ကတည်းက မေမေတို့ ပြန်ပြော ပြတာပေါ့ ပိစိလေးကတည်းက ဖေဖေပဲအနှီးလဲ လုပ်ပေးတာပေါ့ ရှုတင်တွေ ဘာတွေမှာ အမျိုးသမီးကိစ္စ ဖြစ်ရင်လည်း ဘယ်သူမှ မရှိဘူးလေ ဖေဖေကပဲ သူ့ဘာသူ သွားဝယ်ပေးတာပေါ့ အားလည်းနာပါတယ် ဒီလောကထဲ စဝင် ကတည်း ကရော အလုပ်မှန်သမျှ ဖေဖေ့ ဆုံးဖြတ်ချက် နဲ့ပဲ သွားတာဆိုတော့ မန်နေဂျာငှားရင်တောင် ဖေဖေ့ ဆုံးဖြတ်ချက် ကလိုမှာပဲ

အဲ့တာကြောင့် ဖေဖေပဲ မန်နေဂျာ ဖေဖေကပဲ အလုပ် လက်ခံပေါ့ သမီးကိုယ်တိုင် ကလည်း ကိုယ့်အနားကို ချဉ်းကပ်လာရင် အဖေ့ကိုပြောအဖေ့ကိုပြောဆိုတော့ အဲဒီ့အခါကျတော့ဖေဖေ့ကိုကြောက်ပြီး ဘယ်သူမှာရောက်မလာကြတော့ဘူးပေါ့..အိမ်မှာလည်း အဲဒီ့အတိုင်းနောက် နေကြတာ သမီးနဲ့ယူမှာလေ အဖေနဲ့ ယူမှာမဟုတ်ဘူးပေါ့ အဖေရှာရင် အဖေ့အရွယ်တွေပဲ ထွက်လာလိမ့်မယ်တဲ့အခုအိမ်မှာတိုင်ပင်ကြရင် အိမ်ထောင်ရေးလည်းပါလာတာပေါ့..အဖေပေးစားတာယူမှာလားပေါ့ အိမ်ထောင်ပြုမယ်ဆို မိဘသဘောတူဖို့လည်းလိုတယ်လေ အဲ့တာကြောင့် ရည်းစားဖြစ်ချင်တယ်ဆိုရင် အဖေ့ကိုသွားပြော အဖေလက်ခံရင် ရည်းစားလာဖြစ်ပေါ့” လို့ယဉ်လတ်ကပြော ထားတာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီး ယဉ်လတ်ကတော့ လက်တလော သူ့ရဲ့လှုပ်ရှားမှုလေးတွေနဲ့ ပတ်သတ်ပြီး -ဒီနေ့က ကထိန်သင်္ကန်း ကပ်တာပေါ့ ကိုခန့်အလှူပေါ့နော် မေတ္တာသင်္ဂဟ အဖွဲ့ တစ်ခုလုံးရဲ့ အမြင့်မြတ်ဆုံးအလှူပေါ့နော် ဘုန်းဘုန်းတွေဟောကြတာပဲ ကထိန်သင်္ကန်းဆိုတာ အားလုံး ကုသိုလ်တွေလည်း အများပြီး ရတယ် ဝမ်းသာကြရတယ်အားလုံး ဒါနကုသိုလ်တွေရော သီလကုသိုလ်တွေရောပေါ့ ကြည်နူးရပါတယ် အားလုံးက ဒီလိုအချိန်မှာ ဒီလိုဖြစ်နေတာပဲပေါ့နော် အခုအားလုံး အွန်လိုင်း က နေပဲ ပို့်စ်တင် ကြော်ငြာ ရတာပဲ ရှိတယ်ဆိုတော့ ကိုယ့်ကိုကိုယ် စိတ် ဓာတ် မကျ သွားအောင် အားလုံးကိုမြှင့်တင်နေရတာပေါ့ စာတွေဖတ်ရတာပေါ့

အဓိကတော့ စာဖတ်နဲ့ အချိန်မှာ တွေးတာနဲ့မဖတ်တဲ့အချိန်အတွေးမတူဘူး ကိုယ်တိုင် လည်း စာဖတ် ပျင်းတယ် ဒါပေမဲ့ အတွေးကတွေက မတူတော့ ကိုယ်လည်း အမြဲတမ်းစာဖတ်ရတာပေါ့ အဖေနဲ့အမေကတော့ အိမ်မှ အမြဲ အတူတူ နေတယ် အခုကတော့ အဓိက မေမေ့ ကျန်းမာရေးကို ဂရုစိုက် နေရတယ် အခု ကိုဗစ် ကာလမှာန ဂိုရောဂါ အခံရှိတဲ့ သူတွေက ပိုဂရုစိုက်ရတယ်လေ မေမေကလည်းကင်ဆာဖြစ်ထားတော့ တစ်မိသားစုလုံးက သူ့ကို ပိုးဥလေးဥသလိုလုပ်ထားရတာပေါ့ သားအဖဆိုတာ ချစ်ရင်သာချစ်မယ် ပါးစပ်ကပြောမနေဘူး အပြုအမူလေးနဲ့ပဲ လုပ်ပြကြတာပေါ့။

ဒါပေမဲ့ အဖေ့ကို အရမ်းချစ်ပါတယ် ပြောရတာလည်းရှက်ပါတယ် လွမ်း နေတဲ့ ပရိသတ်ကြီး အ တွက် ယဉ်လတ် page လေး တစ်ခုထောင်ထားတယ် အဲဒီ့ page ကနေ ယဉ်လတ် live တွေလွှင့်ပေးနေတယ်..အချိန် အကြာကြီး မတွေ့ဘဲ လွမ်း နေရတဲ့ ပရိသတ်တွေ အတွက် စကားပြော ပေးတယ် အပတ်တိုင်း ဗီဒီယို လေးလုပ်ပေးတယ် အကြာကြီး မလွမ်းရပါဘူး လွမ်းရင် အဲဒီ့ Page လေးကို သွားလိုက်ပါ ဖော်လိုဝါလည်း တိုးတာပေါ့” လို့ ယဉ်လတ်က ဒီအင်တာဗျူးလေးထဲမှာ ပရိသတ်ကို စကားပါး ထားတာပါနော် ။ပ ရိတ်သတ်ကြီးကို ကျေးဇူး အထူး တင်ပါတယ်နော် ။ source : CeleWiki