စကားနားမထောင်သည့် ကလေးများကို ခြောက်လှန့်ပေးခြင်းဖြင့် ဝင်ငွေတိုးပွားနေတဲ့ အမျိုးသား

စကားနားမထောင်သည့်ကလေးများကို ခြောက်လှန့်ပေးခြင်းဖြင့် ဝင်ငွေတိုးပွားနေ

တရုတ် နိုင်ငံ ကြက် ကြန်း ပြည် နယ် Lishui မြို့ က Luo Qingjun အမည်ရှိတဲ့ အမျိုးသား တစ်ဦးဟာ ထမင်း မ စားတဲ့ ကလေးငယ်တွေ ၊ စောစော မအိပ်တဲ့ ကလေးငယ်တွေအတွက် လူ ဆိုးကြီးအဖြစ် အလုပ်လုပ်ကိုင်ရင်း ဝင်ငွေတိုးပွားလျက် ရှိတယ်လို့ သိရပါတယ်။

Luo Qingjun က ကူညီတဲ့အနေနဲ့ ကလေးကိုခြောက်လှန့်နေတဲ့ ဗီဒီယိုကို ရိုက်ပြီး သူငယ်ချင်း တစ်ယောက်ရဲ့ ကလေးအတွက် ပို့ပေးခဲ့ ပေမယ့် ကလေးကို စကားနားထောင်အောင် လုပ်တဲ့နေရာမှာ အသုံး တည့်လွန်းတာ ကြောင့် သူငယ်ချင်း ဖြစ် သူက တခြားမိဘတွေကို ကူညီပေးဖို့ လည်း အကြံပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ အခငွေကြေး ယူပြီး လုပ်ရာကနေ Luo Qingjun က ထမင်းမစားတဲ့ကလေးကို ဘယ်လိုခြောက်ရမလဲ၊ ညမအိပ်တဲ့က လေးကို ဘယ်လို နည်းသုံးပြီး ခြောက်ရ မလဲ ဆိုတာ ကို ကျွမ်းကျွမ်း ကျင်ကျင်သိလာခဲ့ ပါတယ်။

Luo Qingjun က ကလေးတွေ အတွက် ခြောက်လှန့် နေတဲ့ဗီဒီယိုလေး တွေ လုပ်ပေးပြီး ကလေး မိဘတွေဆီပို့ပေး ရုံနဲ့ ဝင်ငွေရရှိနေတာ ဖြစ်ပါတယ်။

Luo Qingjun ရဲ့ Bad Uncle ဝန်ဆောင်မှုဟာ နိုင်ငံပိုင် သတင်းစာတွေ မှာတောင် ထည့်သွင်း ဖော်ပြ ခံနေရပြီး ကြိုက်သူတွေ လည်းရှိသလို မကြိုက်သူတွေကလည်း ကလေးအတွက် စိတ်ဒဏ်ရာကျန်ရစ်ခဲ့စေ နိုင်တယ်လို့ ဝေဖန်ပြောဆိုခဲ့ကြကြောင်း သိရပါတယ်။credit: pyi myanmar

Tags: