မိဘကျေးဇူးကို မသိအောင် ဆပ်ခြင်း (မိဘကို သိတတ်သူမှန်ရင် ဖတ်သင့်တဲ့ စာတပုဒ်)

မိဘကျေးဇူးကို မသိအောင် ဆပ်ခြင်း (မိဘကို သိတတ်သူမှန်ရင် ဖတ်သင့်တဲ့ စာတပုဒ်)

လူတိုင်းမှာတော့ မိဘကိုယ်စီ ရှိကြမှာ ပါနော်။ မိဘ နှစ်ပါးထဲမှာမှ သားသမီးအများစုက မိခင်ဖြစ်သူနဲ့ပဲ ပိုရင်းနှီးကြတာကို တွေ့မြင်ရပါတယ်။ဖခင်တွေကတော့ မိသားစု စားဝတ် နေရေး အတွက် ရုန်း ကန်ရှာဖွေနေရတာမလို့ သားသမီးတွေအတွက် အချိန်မပေးနိုင်တာကြောင့် သိပ်မရင်းနှီးကြ တာပါ။တကယ်တော့ ဖခင်တွေကလည်း သားသမီး တွေကို ချစ်ကြပါတယ် ။ ဒီနေ့လေးမှာ ပြောပြပေးသွားမှာ ကတော့ သားအတွက် အမြဲ စဥ်းစား ပေးတဲ့ မိခင်နဲ့ မိခင် မသိအောင် နောက်ကွယ်က အမြဲ ဂရုတစိုက်ရှိတဲ့ သား သူတို့ သားအမိ နှစ်ယောက် အကြောင်းလေးပဲ ဖြစ်ပါတယ်။

တစ်နေ့တော့ သန်းကြွယ် သူဌေးကြီးက သူ့အမေ ကို သွားတုစိုက်ပေးဖို့ အတွက် အ ကောင်းဆုံး သွား ဆရာ၀န် စီကို ခေါ် သွား ပါတယ်။ဆရာ၀န်ကအမေကြီးကို သေချာစစ်ဆေးပေးပြီး အကောင်းဆုံးသွားတုကို ထုတ်ပြပါတယ်။ အမေကြီးက စျေးမေးလိုက်တယ် ပြီးတော့ ခေါင်းခါပြပြီး စျေးအပေါဆုံးကို ပြခိုင်းပါတယ်။

ဆရာ၀န်က သူ့သားက ဘောစိ အကြီးစားပဲ အကောင်းဆုံးကိုသာ သုံးဖို့အတွက် သူ့သားဘောစိကို မျက်ရိပ်မျက်ကဲ ပြလိုက်တယ်… ဒကောင့်သားက မမြင်ချင်ဟန် ဆောင်နေတယ်။ ဆရာ၀န်လည်းမနေနိုင်တော့ လှမ်းခေါ် လိုက်တယ်။ ဆ ရာ သ မား က မ ကြားချင်ယောင်ဆောင်ပြီး ဖုန်းပွတ်ပြီး ဟိုဖက်တောင် လှည့်သွားလိုက်သေးတယ်။ဆရာ၀န်က သူ့သားက ဘောစိအကြီးစားပဲ အကောင်းဆုံးကိုသာ သုံးဖို့အတွက် သူ့သားဘောစိကို မျက်ရိပ်မျက်ကဲပြလိုက်တယ်… ဒကောင့်သားက မမြင်ချင်ဟန်ဆောင်နေတယ်။ ဆရာ၀န်လည်းမနေနိုင်တော့ လှမ်းခေါ်လိုက်တယ်။ ဆရာသမားက မကြားချင်ယောင်ဆောင်ပြီး ဖုန်းပွတ်ပြီး ဟိုဖက်တောင် လှည့်သွားလိုက်သေးတယ်။

အမေကြီးက သူ့အိတ်ကပ်ထဲကနေ လက်ကိုင်ပုဝါအထုတ်ကလေးကိုထုတ်ပြီး တုံတုံရီရီနဲ့ဖြည်ပြီးတော့ အထဲကပိုက်ဆံအနွမ်းလေးတွေကို စရံငွေအနေနဲ့ပေးချေလိုက်တယ်။ ပြီးတော့ သားအမိနှစ်ယောက် ကားအကောင်းစားကြီးကို မောင်းပြီးထွက်သွားပါသည်။ ဆရာ၀န် ကတော့ စိတ်မကောင်းစွာနဲ့ပဲ ငေးကြည့်ရင်း ကျန်ခဲ့တာပေါ့။နောက် နာရီ၀က်လောက်ကြာတော့ ခုနဘောစိပြန်ရောက်လာပါတယ်။ ခုဏက သူ့အမေ အတွက် စိုက်ဖို့ သွားတုကို အကောင်းဆုံးသွားတု သုံးပေးဖို့နဲ့ အကောင်ဆုံးဆေး အကောင်းဆုံးဆရာ၀န်တွေကိုပဲ သုံးပေးဖို့ ပိုက်ဆံကုန်ချင်ကုန်ပါစေ။ သူ့အမေကို ပေးမသိဖို့မှာပြီး ပြန်သွားပါတယ်။

အဲဒီကြတော့မှ ဆရာ၀န်က သဘောပေါက်သွားတယ်။ သူ့အမေက သူ့သားအတွက် ခုထိစဉ်းစားပေးတုန်း။သား ပိုက်ဆံ ကုန်မှာကို စိုး ရိမ်နေတုန်း။အမေဆိုတာဒီတိုင်းပါပဲ တစ်သက်လုံးချွေတာခဲ့တယ်။ သူတို့ သားသမီးတွေ အတွက်ပေါ့။ ကျွန်တော်တို့ ငယ်ငယ်တုန်းက မိဘတွေက ပိုက်ဆံပေးရင် ပျော်တယ်။ကြီးလာတော့ မိဘကို ပိုက် ဆံပြန်ကန်တော့ရင် သူတို့မျက်ရည်ဝဲတယ်။

ဖတ်ရှု့အားပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း ဒီအကြောင်းရာလေးတွေဖတ်ပြီး စိတ်ထဲ ရသ တစ်ခုခုကျန်နေလိမ့်မယ်လို့ ထင်ပါတယ်နော်။ ပရိသတ်ကြီး အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်း သာကြပြီး သာယာအေးချမ်းတဲ့ နေတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ဖတ်ဖူးတဲ့စာတပုဒ်ကို အခြေခံပြီး ဘာသာပြန်ချဲ့ထွင် ထားခြင်းသားဖြစ်သည်။မူရင်းရေးသား သူအား လေးစားစွာဖြင့်  ခရက်ဒစ်ပေးပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *