ငှက်ပျောကြော်ဆီကနေ သူမရဲ့ တူပါဆိုပြီး ပိုက်ဆံလိမ်သွားခဲ့သူကို ပရိသတ်တွေ သတိထားရအောင် ပြောပြခဲ့တဲ့ မျိုးသန္တာထွန်း

ငှက်ပျောကြော်ဆီကနေ သူမရဲ့ တူပါဆိုပြီး ပိုက်ဆံလိမ်သွားခဲ့သူကို ပရိသတ်တွေ သတိထားရအောင် ပြောပြခဲ့တဲ့ မျိုးသန္တာထွန်း

ယခုထက်တိုင်အထိ အကယ်ဒမီ မျိုးသန္တာထွန်း ကတော့ ပရိသတ် အားပေးမှုကို ဆက်တိုက်ကို ရရှိနေဆဲ ဖြစ်သလို ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ အေးဆေးစွာ ဘဝကို ဖြတ်သန်းနေခဲ့တာပါ။

သူမက အနုပညာ လုပ်ငန်းတွေ ကိုလည်း ရပ်နားထားတာ ဖြစ်ပြီးကိုယ်ပိုင် အထပ်သား စက်ရုံ လုပ်ငန်းကိုပဲ လုပ်ကိုင်လျှက် ရှိတယ်လို့ သိရပါတယ်။

ယနေ့ မှာတော့ မျိုးသန္တာထွန်း က သူမရဲ့ ​တူ အဖြစ် ဟန် ဆောင်ကာ သရုပ်ဆောင် ငှက်ပျော်ကြော်ရဲ့ အိမ်ကို သွားကန်တော့ပြီး မုန့်ဖိုး လိမ်တောင်းသွားတဲ့ အံ့သြဖွယ် လိမ်လည်မှုအကြောင်းကို သူမရဲ့ Facebook ​က နေ တဆင့် သတိထားကြဖို့ ပြောလာခဲ့တာဖြစ်ပါတယ်။

“ညနေ ကိုငှက်ပျောကြော် ဖုန်းဆက်ပြီး မေးလာတယ် ၊ မျိုးသန္တာထွန်းရဲ့တူ ဆိုပြီးကောင်လေး တယောက် လာကန်တော့ တယ်တဲ့၊ကောင်မလေး တယောက်လဲပါတယ် သူနဲ့ လက်ထပ်မဲ့ မိန်းကလေးလို့ပြောပြီး မိတ်ဆက်ပါ တယ်တဲ့၊စကားတွေ ရေပက်မဝင်ပြောပြီး ကိုငှက်ရဲ့ နာမည်ရင်းကိုလဲ ပြော၊အရမ်းရင်းနှီးခဲ့ဖူးသလိုတွေ လုပ်ပြီး မုန့်ဖိုးတောင်းသွား ပါတယ်တဲ့ ၊ ကိုငှက်က ၂ သောင်း ပေးတာကို နဲလို့ ၃ သောင်းပေးပါလို့ တောင်းသေးတယ်တဲ့။

အရမ်းကို အံ့ဩ သွားပါတယ် ကျမရဲ့ တူတွေ/တူမတွေ (ကျမရဲ့သား)ကအစ ဘယ်အနုပညာရှင် အိမ်ကိုမှ သွားလေ့ သွားထမရှိပါဘူးရှင်၊ ကျမတို့တောင် အလုပ်ထဲမှာပဲ တွေ့ကြ ဆုံကြတာပါ၊အဲ့လို နာမည် အလွဲ သုံးစား လုပ်ပြီး လိုက်လိမ် နေတာကို တော်တော့်ကို စိတ်ခံပြင်းမိပါတယ်။

ကျမရဲ့ အနုပညာ မောင်နှမ တွေရော မိတ်ဆွေ တွေပါ ထပ်ပြီး အ လိမ် မခံရအောင် ဒီ post ကိုတင်ရခြင်းဖြစ်ပါတယ်၊ချစ်ရတဲ့ ညီအကို မောင်နှမတွေ အားလုံးလဲ ဝိုင်းပြီး အဲ့လူလိမ်လာရင် သတင်း ပေးကြပါရှင့်။” လို့ မျှဝေ ထားခဲ့တာ ဖြစ်ပါတယ်။

မျိုးသန္တာထွန်းကတော့ သူမနာမည်ကို အသုံးချကာ လိမ်လည်သွားတဲ့အတွက် စိတ်ဆိုး ဒေါသထွက် နေခဲ့တာပဲ ဖြစ်ပါတယ်နော်။လူမှုကွန်ယက်မှာ သတင်းကြီး နေတာကြောင့် တင်ဆက် ပေးလိုက်ရပါတယ်နော် ။ Source : SY Myanmar