အေတီအမ် စက် ရှိ တဲ့နေရာမှာ အအေးဆိုင်ဖွင့်ပြီး ခပ်တည်တည် စျေးရောင်းနေတဲ့ ညကောင်းတဲ့ ဆိုင်ရှင်

ATM စက်ရှိတဲ့ ရုံထဲမှာ အအေးဆိုင်ဖွင့်ပြီး ခပ်တည်တည် စျေးရောင်းနေတဲ့ ဆိုင်ရှင်

ATM စက်ရှိတဲ့ နေရာ တော်တော် များများမှာ အဲယားကွန်းတပ်ဆင်ထားတာကိုတော့ လူတိုင်း သိရှိကြပြီး ဖြစ်မှာပါ။ ပိုက်ဆံထုတ်နေတဲ့ အ ချိန် အဆိုပါ ATM စက် နားမှာ တပ်ဆင် ထားတဲ့ လေ အေးပေးစက်ကြောင့် အေး တဲ့ အ ရ သာ ဟာ ဘာနဲ့မှကို မလဲနိုင်ပါဘူး။ အကြောင်း ကတော့ ATM စက် ထားရှိတဲ့ ရုံဟာ ကျဉ်းတာကြောင့် လေအေးတွေက အဲဒီအလုံပိတ်အခန်းထဲမှာပဲ ရှိနေပြီး တော်တော်လေးကို အေးပါတယ်။

ဒီလို အားသားချက်ကို အကျိုး အမြတ်ထုတ် လိုက်တာ ကတော့ အိန္ဒိယနိုင်ငံမှာရှိတဲ့ အအေးဆိုင်ပိုင်ရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆိုပါ အအေးဆိုင်ပိုင်ရှင်ဟာ ATM စက်ထဲမှာ ကိုယ်ပိုင်ထိုင်ခုံတွေ နား စား ပွဲ ခုံ တွေ ပါ ချ ထား ပြီး အအေးရောင်းနေကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ပုံထဲမှာတွေ့ရတဲ့နေရာကတော့ အိန္ဒိယနိုင်ငံ၊ Maharashtra ပြည်နယ်ရှိ Amravati မြို့မှာ တည်ရှိတဲ့ ATM စက်တစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါမြို့က အအေးဆိုင် ပိုင်ရှင် တစ်ယောက်ဟာ ATM စက်ရှိတဲ့ အရှေ့ တည့်တည့်မှာ အအေး ဖျော်ရည် ပြုလုပ်လို့ရတဲ့ နေရာ တစ်ခု ပြုလုပ်ခဲ့ပြီး ထိုင်သောက်တဲ့ လူတွေအတွက်တော့ ATM စက်ထဲက နေရာလေးမှာ ထိုင်သောက်နိုင်အောင် နေ ရာအခင်း အကျင်းတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ATM မှာ ပိုက်ဆံ လာထုတ်တဲ့လူတွေ အနှောင့်အယှက် မဖြစ်နိုင်အောင်လို့ပါ ပိုက်ဆံထုတ်တဲ့နေရာကို လိုက်ကာလေးတစ်ခုပါ ချထားခဲ့ ပါသေးတယ်။လူ တော် တော် များ များက အဆိုပါဆိုင်ရှင်ရဲ့ ဥဏ်ကောင်းမှုကို ချီးကျူးခဲ့ပါတယ်။

လူတစ်ချို့ကလည်း ဒီလိုမျိုးလုပ်တာဟာ လူပါးဝတာဖြစ်ကြောင်း၊ ဘဏ် အနေနဲ့ အဆိုပါ ဆိုင်ရှင်ကို တရားဆွဲ သင့်ကြောင်း၊ ပိုက်ဆံလာထုတ်တဲ့ လူတွေ အနေနဲ့ တော် တော် လေးကို စိတ် အ နှောင့်အယှက်ဖြစ်စေနိုင်ကြောင်း အစရှိသဖြင့် မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။credit

Tags: