မိဘနှစ်ပါးရဲ့ မင်္ဂလာ သက် တမ်း နှစ် (၅၀) ပြည့် ရွှေရတု အမှတ် တရ အနေနဲ့ သံဃာအပါး (၆၀၀) ကို ဆွမ်း ဆန်စိမ်း လှူဒါန်း ခဲ့တဲ့ စိုးမြတ်သူဇာ

မိဘနှစ်ပါးရဲ့ မင်္ဂလာ သက် တမ်း နှစ် (၅၀) ပြည့် ရွှေရတု အမှတ် တရ အနေနဲ့ သံဃာအပါး (၆၀၀) ကို ဆွမ်း ဆန်စိမ်း လှူဒါန်း ခဲ့တဲ့ စိုးမြတ်သူဇာ

မကြီးစိုးလို့ ပရိသတ် တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချော စိုးမြတ်သူဇာ ကတော့ သရုပ်ဆောင် ဖြစ်စေချင်တဲ့ မေမေ့ရဲ့ ဆန္ဒအတိုင်း အနုပညာ လောကထဲကို ဝင်ရောက် လာခဲ့ပြီးနောက် အခုအချိန်ထိ အောင်မြင်မှုတွေ တဖွဲဖွဲ ရရှိ ပိုင်ဆိုင်နေသူ ဖြစ်ပါတယ်။

စိုးမြတ်သူဇာ ကတော့ သူမရဲ့ အနုပညာ သက်တမ်း နှစ်သုံးဆယ်ကျော် အတွင်းမှာ အကယ်ဒမီ ဆုကြီး နှစ်ဆု ကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားပြီး ယနေ့ထိတိုင် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင် အမာ ရရှိ နေဆဲ ဖြစ်ပါတယ်။ အိမ်ထောင် ကွဲပြီး နောက်ပိုင်း မိဘတွေအနားမှာသာ လုပ်ကျွေးပြုစုနေတဲ့ စိုးမြတ်သူဇာက ဒီကနေ့မှာလည်း မိဘနှစ်ပါးရဲ့ မင်္ဂလာ သက်တမ်း နှစ် (၅၀) ပြည့် ရွှေရတုအမှတ်တရအနေနဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပေးတာပဲ ဖြစ်ပါတယ်။

စိုးမြတ်သူဇာက “ဒီနေ့တော့ အဖေနဲ့ အမေတို့ နှစ်၅၀ပြည့် ရွှေရတုအမှတ် တရ အနေနဲ့ မကြီး မွေးနေ့တိုင်း ဆွမ်းလောင်း နေတဲ့ ဘုန်း ကြီးကျောင်း(၁၀)ကျောင်းက သံဃာအပါး၆၀၀ အတွက်ဆွမ်းဆန် လှူဒါန်းဖြစ်တယ် Covid ကာလ အလှူရှင်လည်း အများကြီး မရှိတာမို့ ၊ ဆွမ်းအတွက် ဆန်နဲ့ပဲအပြင် အချိုပွဲအတွက် မကြီးနဲ့အတူ ပါရမီဖြည့်နေကျဖြစ်တဲ့ Nice Food က ဘတ်တာကိတ်မုန့်ဘူးတွေ၊ အထားခံတဲ့ ကိတ်ခြောက်၊ မုန့်ကြွပ်၊ မရွေးစတဲ့ မုန့်တွေအစုံ လှူဖြစ်ခဲ့တယ်။

မိဘတွေကို ခုချိန်ထိ မကြီး ပြည့်ပြည့်စုံစုံ စောင့်ရှောက်နိုင်တာ ပရိ သတ်တွေ ခုထိ မကြီးကို ချစ်နေကြ လို့ပါ ။ ဒါ့ကြောင့် အခု လှူတဲ့ အလှူဒါနကို မကြီးပရိသတ်တွေအတွက် အမျှပေးပါတယ်နော်။ချစ်တယ် ❤️❤️❤️” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာ ပါတယ်။

စိုးမြတ်သူဇာ ကတော့ မိသားစုကြီး သမီးကြီးပီပီ မိဘနှစ်ပါး အား ကိုး အားထား ပြုရတဲ့ သမီး ဖြစ်သလို မောင်လေး၊ ညီမလေးတွေအတွက် လည်း အကြီး ပီသသူ တစ်ယောက်ပဲ ဖြစ် ပါတယ် ။ ပရိ သတ်ကြီးလည်း စိုးမြတ်သူဇာရဲ့ ကုသိုလ်လေးအတွက် သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆု တောင်းပေးလိုက်ပါတယ်နော်။ Source: Soe Myat Thuzar’s fb

Add a Comment

Your email address will not be published. Required fields are marked *