ကိုဗစ် ကာလ အတွင်း မှာပဲ အလှူ ကိစ္စ တစ်ဖက်၊ မိသားစု တစ် ဖက်နဲ့ Online Study လုပ် ပြီး ဟားဗတ် တက္ကသိုလ် က Certificate တစ်ခု ရရှိခဲ့တယ်ဆိုတဲ့ ချစ်သုဝေ

ကိုဗစ် ကာလ အတွင်း မှာပဲ အလှူ ကိစ္စ တစ်ဖက်၊ မိသားစု တစ် ဖက်နဲ့ Online Study လုပ် ပြီး ဟားဗတ် တက္ကသိုလ် က Certificate တစ်ခု ရရှိခဲ့တယ်ဆိုတဲ့ ချစ်သုဝေ

သရုပ်ဆောင် ၊ အဆိုတော် ၊ ဆရာဝန် တစ်ယောက်လည်း ဖြစ်တဲ့ ချစ်သုဝေ ကတော့ ငယ်ရွယ်စဉ် အချိန် ကတည်းက သွက်သွက်လက်လက် ထက်ထက် မြက်မြက် နေတတ် သူလေး တစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာလည်း အိမ်ထောင်ရှင် ကလေး မေမေဖြစ်နေပြီ ဖြစ်တဲ့ ချစ်သုဝေက သူမရဲ့ ခေတ်သစ် ဖောင်ဒေးရှင်းကို ဦး စီးနေ သလို အနုပညာ အလုပ် တွေ ကိုလည်း အဆက် အသွယ် မ ပြတ် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ချစ်သုဝေက ကိုဗစ်ကာလအတွင်းမှာပဲ အလှူကိစ္စတစ်ဖက်၊ မိသားစုတစ်ဖက်နဲ့ Online Study လုပ်ပြီး ဟားဗတ်တက္ကသိုလ်က Certificate တစ်ခုရရှိနိုင်ခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။“COVIDအတွင်းမှာ ရတနာတွေစုဆောင်းမိတယ်😁.ပညာ နဲ့ ကုသိုလ်။ 1stwave မှာ ဟန်တပြင်ပြင်နဲ့ မလုပ်ခဲ့ရဘူး။

2nd waveမှာ ရအောင်လုပ်နိုင်ခဲ့တယ်ကွယ်။ စာတွေနဲ့ ၁၃နှစ်ကြာဝေးခဲ့တဲ့ကိုယ်ဟာ ဒီပိစိ course certificate လေးရဖို့ Assignment တွေရေးရတော့ ခြေမကိုင်မိလက်မကိုင်မိနဲ့.. လက်လျော့ချင်စိတ်တွေတဖွားဖွားနဲ့ပါပဲ။

Topic က ကိုယ့် အတွက် သမီးလေးတွေ အတွက် ကိုယ့် နိုင်ငံပညာရေး အတွက် အတွေး အမြင်လေးတွေ ရမှာမို့ ဇွဲ မလျော့ခဲ့ဘူး။”“တစ်ရက်ပြီးတစ်ရက် ပိုပိုအဆင်ပြေ လာသလို ကိုယ့်ကိုယ် ကို တွေးမြင်နေတဲ့အရာတွေပါပြောင်းလဲလာတယ်။ ယုံကြည်မှူလည်းပိုရှိလာသလို အားလည်းပိုတက်လာတယ်။

Treza လို့ ကလေး အမေ တွေ ကိုလည်း အကျိုး ရှိတဲ့ ကိုယ့်အ တွက် သင့်တော်မယ့် courseလေးတွေကို ရအောင်တက်စေချင်တယ်။ ဖြစ်အောင်လုပ်ရင် ဖြစ်ကို ဖြစ်တယ်။ စိတ်ရဲ့ ထက်သန်မှူပဲလိုတာပါလို့။

တနေ့ တနေ့ မိသားစု တာဝန်တွေနဲ့ချည်း ရှင်သန်လည်ပတ်နေရလို့ ကိုယ့်ကိုယ်ကို ပျောက်ဆုံးသလို ဖြစ်နေရင် ပညာ အဆင်တန်ဆာနဲ့သာ အလှ ဆင်လိုက်ကြ ပါလို့ 😍😍”ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာ မျက်နှာမှာမှာ မျှဝေပေးလာခဲ့ပါတယ်။

ချစ်သုဝေကတော့ ကိုဗစ်ကာလအတွင်းမှာပဲ စိတ်အားထက်သန်စွာနဲ့ ပညာတစ်ခုကို သင်ယူခဲ့တာပဲ ဖြစ်ပါတယ် ။ ကလေးအမေ အိမ် ထောင်ရှင် ဖြစ်ပေမယ့် ချစ်သုဝေရဲ့ ဇွဲက ချီးကျူးစရာ ပါပဲနော် ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Source: Chit Thu Wai’s fb