အမျိုးသား တွေရဲ့ အဓိကနေရာကို ကိုက်ဖြတ်တတ်တဲ့ ငါး (သို့) ကြောက်လန့်စရာ လူသွား နဲ့ “ပါကူ” ငါး

အမျိုးသား တွေရဲ့ အဓိကနေရာကို ကိုက်ဖြတ်တတ်တဲ့ ငါး (သို့) ကြောက်လန့်စရာ လူသွား နဲ့ “ပါကူ” ငါး

ဒီငါးကတော့ တောင်အမေရိက ရေချိုပိုင်းမှာ ကျင်လည်ကျက်စားတဲ့ ငါး မျိုးစိတ် တစ်မျိုး ဖြစ်ပါတယ် ။ ဒီပါကူငါးဟာ အသားစား Piranha ငါး တွေရဲ့ မျိုးနွယ်တူ ငါးတွေ ဖြစ်ပီး သူတို့ရဲ့ သား ကောင်ကို အချိန် ခနလေး အတွင်းမှာတင် အရိုးပဲ ကျန်အောင်စားနိုင်တဲ့ ကြောက်စရာ ငါးမျိုးစိတ်ပဲ ဖြစ်ပါတယ်။

ဒီငါးကို တော့ အမေဇုန်မြစ်နဲ့ အော်ရီနိုကိုမြစ်တွေမှာ အဓိကတွေ့ရပြီး အခုနောက်ပိုင်းတော့ နယူးဂီနီနဲ့ ဥရောပ အချို့ဒေသတွေမှာပါ တွေ့ရမှာဖြစ်ပါတယ်။ဒီ ပါကူး (pacu) ငါးမှာတော့ အရမ်းထက်တဲ့ လူသွားပုံစံ သွားတွေများစွာပါရှိပြီး ဒီသွားတွေရဲ့ကိုက်ဖြတ်စားသောက်နိုင်စွမ်းဟာ လူတစ်ယောက်ကိုတောင် တခနဏအတွင်းမှာတင် အရိုးပဲ ကျန်သွားစေနိုင် ပါတယ်။

ဒါ့အပြင် ဒီငါးတွေဟာ အုပ်စုဖွဲ့ တိုက်ခိုက်တတ်တဲ့ ငါးတွေဖြစ်တာကြောင့် သူတို့နဲ့ တွေ့တဲ့ သားကောင်ဟာ လွတ်မြောက် နိုင်ခြေ အ ရမ်းကို နည်းပါး ပါတယ်။

ဒီငါးတွေ ကိုတော့ တခါတစ်ရံမှာ ၃ ပေခွဲခန့် အရှည်နဲ့ ၈၈ ပေါင်ခန့် ကြီးမားတဲ့ အကောင်တွေကို တွေ့ရတက်တယ် လို့လည်းဖော်ပြထားပါတယ်။ နောက်ထပ် ထူးခြားတာ ကတော့ ပါကူငါး တွေဟာ ထူးထူး ခြားခြား ယောကျ်ား တွေ ရဲ့ လိင်အင်္ဂါ ကို ကိုက်ဖြတ် ပြီး စားသုံးလေ့ရှိတယ် ဆိုတာကိုပါ ဖော်ပြထားတာ တွေ့ရပါတယ်။ဒါ့ကြောင့် အမျိူးသားတွေ အနေနဲ့ ဘဝမဆုံးချင်ရင် ဒီကြောက်စရာကောင်းတဲ့ အသားစား ပါကူ ငါးရှိတတ်တဲ့ နေရာတွေကို သွားလာတာမျိူး မလုပ်သင့်ပါဘူး။credit