ပိုင်ဖြိုးသု အယောင်ဆောင်ပြီး Viber ကနေ ဓာတ်ပုံတွေလာတောင်းကာ အလိမ်ခံရလု နီးပါး ဖြစ်ခဲ့ကြောင်း ပြောလာတဲ့ မင်းသမီလေး သဇင်ထူးမြင့်

ပိုင်ဖြိုးသု အယောင်ဆောင်ပြီး Viber ကနေ ဓာတ်ပုံတွေလာတောင်းကာ အလိမ်ခံရလု နီးပါး ဖြစ်ခဲ့ကြောင်း ပြောလာတဲ့ သဇင်ထူးမြင့်

နိုင်ငံကျော် ဇာတ်ပို့သရုပ်ဆောင်ကြီး ခင်လှိုင်ရဲ့ တစ်ဦးတည်းသောသမီး ဖြစ်သူ သဇင်ထူးမြင့် ကတော့ အကယ်ဒမီ ရွှေကြိုမယ်လေးတစ်ယောက် အဖြစ် ပါဝင်ခဲ့ပြီး အနုပညာကို ဝါသနာ ပါလာခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေကြိုတစ်ယောက် အဖြစ် ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ သဇင်ထူးမြင့်က ကြော်ငြာ တွေကို လက်ခံ ရိုက်ကူးခဲ့ သလို “ဆုံဆည်းခွင့်”၊ “ဆိုးပေ” ဆိုတဲ့ တီဗီ ဇာတ်လမ်း တွဲလေး တစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရ ပါတယ်။

အနုပညာ လမ်းကြောင်း ပေါ်မှာ ကျင်လည် ခဲ့တာ အချိန် တစ်ခုရောက်ရှိ နေပြီ ဖြစ်တဲ့ သဇင်ထူးမြင့် ကတော့ အနုပညာ အသိုင်း အဝိုင်းထဲမှာ ဝင်ဆံ့ခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့ မှာတော့ သဇင်ထူးမြင့်က ပိုင်ဖြိုးသု အယောင်ဆောင်ပြီး Viber ကနေ ဓာတ်ပုံတွေ လာတောင်းကာ အလိမ်ခံရလု နီးပါးဖြစ်ခဲ့ ကြောင်းကို “ အစက မမသု ပုံစံနဲ့ ပြော နေရင်းက ပုံတွေတောင်းတော့ မင်္သကာလို့ messenger ကနေမမသုကိုမေးလိုက်တာ တော်သေးတာပေါ့…လူတွေလည်းအေးဆေးမနေတတ်ကြဘူး အနှောက်ယှက်ပေးလိုက်ကြတာ တဖက်သားကို…😤” ဆိုပြီး သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အသိပေးလာခဲ့ပါတယ်။

သဇင်ထူးမြင့်ကတော့ ပိုင်ဖြိုးသု အယောင်ဆောင်ပြီး သူမကို လာလိမ်ခဲ့တဲ့ အကြောင်း ပြောပြ လာခဲ့ပြီး ပိုင်ဖြိုးသုကလည်း သူမရဲ့ Viber ကို လူစိမ်း တစ်ယောက်က ဝင်ရောက် အသုံးပြု နေတဲ့အကြောင်းကို သဇင်ထူးမြင့် ပြောလို့သာ သိခဲ့ ရကြာင်း အခု လိုပဲ ပြောပြ လာတာပဲ ဖြစ် ပါတယ် ။ ဖတ်ရှု ပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ Source: Zwe Naing Win’s fb